Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 1,812 words

    ခ

    ခမည်းသင့်

    [kʰmɛ́θɪ̰ɴ]
    ဖျားနာဖြစ်နီသော သူအတွက် တခုတရီသော ဝန်ပီးဖို့ ဆွီမျိုး တဦးတယောက် ထံမာ ကျရောက်နီသည်
    နာမကျန်းဖြစ်နေသော သူအတွက် တစ်စုံတစ်ခုသော ပစ္စည်းပေးရန် ဆွေမျိုး တစ်ဦးတစ်ယောက် ထံတွင် ကျရောက်နေသည်
    term of endearment for any close relative
    ကြိယာ

    ခမည်းသမ်း

    [kʰmɛ́θáɴ]
    စိကေချေ အမဲရောင်ထင်ရေ
    အနည်းငယ် အမည်းရောင်ထင်သည်
    a bit black
    ကြိယာ

    ခမသာ

    [kʰmθà]
    တဦးနှင့်တဦး နှစ်သက်မှု၊ စီစပ်မှု၊ အဆင်ပြေမှု။ သဖောချင်းမကိုက်မှု၊ မပြေလည်မှု၊ ကျီနပ်မှု အစဟိစွာဖြစ်တေ
    တစ်ဦးနှင့်တစ်ဦး နှစ်သက်မှု၊ စေ့စပ်မှု၊ အဆင်ပြေမှု။ သဘောချင်းမကိုက်မှု၊ မပြေလည်မှု၊ ကျေနပ်မှု စသည်ဖြစ်သည်
    discontent
    ကြိယာ

    ခမီးခမက်

    [kʰmïkʰmɛʔ]
    သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် အမျိုးတော်ပုံကို ပြသောစကား
    သားလင်မယား၊ သမီးလင်မယား နှစ်ယောက်၏ အမိ အဖ များ အပြန်အလှန် ဆွေမျိုးတော်စပ်ပုံကို ပြသောစကား
    kin term describing the relationship between parents of husband and wife
    နာမ်

    ခမောက်

    [kʰmɔ́ɛʔ]
    အဂေါင်းမှ တင်သားအထိကျအောင် (အလျားလိုက်) ရက်လုပ်ထားရေ ဆောင်းစရာတမျိုး။ ကဒူး။ ပီလား။ ပီလမ။ ပက္ကလာ(မွန်)
    ဦးခေါင်းမှ တင်ပါးအထိကျအောင် (အလျားလိုက်) ရက်လုပ်ထားသော ဆောင်းစရာတစ်မျိုး။ ကဒူး။ ပီလား။ ပီလမ။ ပက္ကလာ(မွန်)
    bamboo hat
    နာမ်

    ခမောင်း

    [kʰmáʊɴ]
    အခက်အလက် ဝေဆာရေ အပင်ကြီးတမျိုး။ ခမောင်း
    အခက်အလက် ဝေဆာသည့် သစ်ပင်ကြီးတစ်မျိုး။ ပျဉ်းမ
    large timber tree
    နာမ်

    ခမောင်းမျက်ဝီ

    [kʰmáʊɴmrɛʔwí]
    ခမောင်းပင် အမျိုးအစားမာ အလွန်မာသော သစ်မျိုး
    ခမောင်းပင် အမျိုးအစားတွင် အလွန်မာသော သစ်မျိုး
    tree
    နာမ်

    ခမ်းနား

    [kʰáɴná]
    ကြီးကျယ်သော။ ထည်ဝါသော။ ခန့်ညားသော
    ကြီးကျယ်သော။ ထည်ဝါသော။ ခန့်ညားသော
    magnificent
    နာမဝိသေသန

    ခမ်းနားကြီးကျယ်

    [kʰáɴnát͡ɕït͡ɕɛ̀]
    သာမညထက် ပိုလွန်ကဲမောက်သော။ များပြားပြန့်ပြောသော
    သာမညထက် ပိုလွန်ကဲမောက်သော။ များပြားပြန့်ပြောသော
    glorious
    နာမဝိသေသန

    ခမ်းနားကြီးကျယ်၂

    [kʰáɴnát͡ɕït͡ɕɛ̀၂]
    အဆောင်အယောင် ဆန်းကြယ်စွာသော။ ရှုချင်စဖွယ်ကောင်းရေ။ အထူးထူး အထွီထွီ ဖြစ်ရေ
    အဆောင်အယောင် ဆန်းကြယ်စွာသော။ ရှုချင်စဖွယ်ကောင်းသော။ အထူးထူး အထွေထွေ ဖြစ်သော
    glorious
    နာမဝိသေသန

    ခယ

    [kʰj]
    တောင်းတောင်းပန်ပန် ပြုဗျာယ်။ အောက်ကျ နောက်ကျခံကာ
    တောင်းတောင်းပန်ပန် ပြုလျက်။ အောက်ကျ နောက်ကျခံကာ
    in a state of inferiority
    ကြိယာဝိသေသန

    ခယ၂

    [kʰj၂]
    ရိုသေ ကျိုးနွံစွာ ခ စားသည်
    ရိုသေ ကျိုးနွံစွာ ခ စားသည်
    respect
    ကြိယာ

    ခယက်ခယောက်

    [kʰjɛʔkʰjɔ́ɛʔ]
    မငြိမ်မသက်၊ ရည်ရွယ်ချက်မဟိဘဲ လှုပ်ရှားလားလာဗျာယ်
    မငြိမ်မသက်၊ ရည်ရွယ်ချက်မရှိပဲ လှုပ်ရှားသွားလာလျက်
    the intention to travel without
    ကြိယာဝိသေသန

    ခယင်ကြိမ်

    [kʰjɪ̀ɴt͡ɕèɪɴ]
    ကြိမ်ပင်တမျိုး
    ကြိမ်ပင်တစ်မျိုး
    creeper
    နာမ်

    ခယင်ဝါး

    [kʰjɪ̀ɴwàး]
    ဝါးပင်တမျိုး
    ဝါးပင်တစ်မျိုး
    bamboo
    နာမ်

    ခယယ

    [kʰjj]
    မသိမသာ တဖက်သို့ရှောင်လွဲ သွေဖယ်လားရေ။ ကိုယ့် မတွိလိုသူရို့နန့် ရွတ်မြောက်အောင် ဖယ်ရှောင်သည်
    မသိမသာ တစ်ဖက်သို့ရှောင်လွဲ သွေဖယ်သွားသည်။ မိမိ မတွေ့လိုသူတို့နှင့် လွတ်ကင်းအောင် ရှောင်ဖယ်သည်
    suppress
    ကြိယာ

    ခယဝယ

    [kʰjwj]
    ကုန်ခြင်း။ ပျက်စီးခြင်း
    ကုန်ခြင်း။ ပျက်စီးခြင်း
    downfall
    နာမ်

    ခယံဝါး

    [kʰjံwàး]
    ဝါးပင်တမျိုး
    ဝါးပင်တစ်မျိုး
    bamboo
    နာမ်

    ခံယူ

    [kʰံjù]
    ပီးလိုက်ရေ အမိန့်အာဏာကို ရယူရေ။ ဘွဲတံဆိပ်အမည်ကို ရယူရေ
    ပေးလိုက်သည့် အမိန့်အာဏာကို ရယူသည်။ ဘွဲတံဆိပ်အမည်ကို ရယူသည်
    accept-adopt
    ကြိယာ

    ခံယူချက်

    [kʰံjùɕɛʔ]
    သဖောပေါက် လိုက်နာချက်
    သဘောပေါက် လိုက်နာချက်
    affirmation-conviction-idea
    နာမ်