Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 1,812 words

    ခ

    ခယောက်ခယမ်း

    [kʰjɔ́ɛʔkʰjáɴ]
    သတိလစ်ဟင်းမှုကြောင့် မားယွင်းစွာ ပြုလုပ်မိရေ။ သာမန်အနိန်နန့် ပြုဖွယ်မဟုတ်ရေ အရာကိုမတော်မဆ ပြုမိရေ
    သတိလစ်ဟင်းမှုကြောင့် မှားယွင်းစွာ ပြုလုပ်မိသည်။ သာမန်အားဖြင့် ပြုဖွယ်မဟုတ်သည့် အရာကိုမတော်မဆ ပြုမိသည်
    case closed as mistake
    ကြိယာ

    ခယောက်ခယား

    [kʰjɔ́ɛʔkʰjá]
    တနီရာနန့် တနီရာသို့ ခေါက်တုံ့ခေါက်ပြန် လားလာနီရေ
    တစ်နေရာနှင့် တစ်နေရာသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်
    shuttle
    ကြိယာ

    ခယ်မ

    [kʰɛ̀m]
    မယား၏ညီမ၊ ညီ၏မယား။ ကိုယ့်ထက်ငယ်သော ဦးလေး၊ အရီး၏ သမီးများ
    မယား၏ညီမ၊ ညီ၏မယား။ မိမိထက်ငယ်သော ဦးလေး၊ အရီး၏ သမီးများ
    Sister-in-law
    နာမ်

    ခယှဲခဆုတ်

    [kʰʃɛkʰsʰoʊʔ]
    ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာကြမ်းကြုတ်ရွီတွက်နန့်
    ဆင်ခြင်ဉာဏ် ကင်းမဲ့ရိုင်းပျစွာ။ အသိဉာဏ် ခေါင်းပါးခြင်းကြောင့် ယုတ်မာကြမ်းကြုတ်သောအားဖြင့်
    rude
    ကြိယာဝိသေသန

    ခယှဲခဆုတ်၂

    [kʰʃɛkʰsʰoʊʔ၂]
    ကြောက်ပိုင် လန့်ပိုင် တိုလို့ယိုလို့။ ထိတ်လန့်ဖွယ်ရာ အမူအရာကို ပြဗျာယ်
    ကြောက်သလို လန့်သလို မဝံ့မရဲ။ ထိတ်လန့်ဖွယ်ရာ အမူအရာကို ပြလျက်
    horrify
    ကြိယာဝိသေသန

    ခရင်း

    [kʰɹɪ́ɴ]
    ဝါး၊ ကြိမ် အစဟိစွာရို့ကို နှီးဖြာ၍ ခကြကြား ရက်လုပ်ထားရေ တခုတရီ ထည့်စရာတောင်း
    ဝါး၊ ကြိမ် စသည်တို့ကို နှီးဖြာ၍ ခပ်ကျဲကျဲ ရက်လုပ်ထားသော တစ်စုံတစ်ရာ ထည့်စရာတောင်း
    basket
    နာမ်

    ခရင်းကြား

    [kʰɹɪ́ɴt͡ɕá]
    အကွက်ကျကျယ် ရက်လုပ်ထားရေ ဆွဲတောင်း
    အကွက်ကျယ်ကျယ် ရက်လုပ်ထားသော ခြင်းတောင်း
    basket
    နာမ်

    ခရစ်ရစ်

    [kʰɹɪʔɹɪʔ]
    မျက်စိ စိကေချေစွေသည်
    မျက်စိ အနည်းငယ်စွေသည်
    eyes squint
    ကြိယာ

    ခရစ်ရစ်၂

    [kʰɹɪʔɹɪʔ၂]
    နံဖီးအနားမှ မခွာနိုင် တရစ်ဝဲဝဲ ဟိနိန်ရေ။ စိကေချေ စောင်းယိုင်ရေ။ တိမ်းစောင်းသည်
    အနီးအနားမှ မခွာနိုင် တစ်ရစ်ဝဲဝဲ ရှိနေသည်။ အနည်းငယ် တိမ်းယိမ်းသည်။ တိမ်းစောင်းသည်
    tilt
    ကြိယာ

    ခရည်းပျက်

    [kʰɹɛ́prɛʔ]
    အခြည်းနှီး အလဟဿ။ အသုံးမဝင် ပျက်ပျက်ပြားပြား ဖြစ်ရွီတွက်နန့်
    အချည်းနှီး အလဟဿ။ အသုံးမဝင် ပျက်ပျက်ပြားပြား ဖြစ်သောအားဖြင့်
    in vain-to no purpose-without gain
    ကြိယာဝိသေသန

    ခံရပ်

    [kʰံɹaʔ]
    မတုန်မလှုပ် ရပ်တည်နီရေ
    မတုန်မလှုပ် ရပ်တည်နေသည်
    bearable
    ကြိယာ

    ခရမ်းကစော့

    [kʰɹáɴksɔ̰]
    လုံးဝန်း၍ ကြွပ်ဆတ်သော အသီးချေသီးရေ ခရမ်းတမျိုး။ ခရမ်းကြွပ်
    လုံးဝန်း၍ ကြွပ်ဆတ်သော အသီးငယ်သီးသည့် ခရမ်းတစ်မျိုး။ ခရမ်းကြွပ်
    indian night shade
    နာမ်

    ခရမ်းကောင်း

    [kʰɹáɴkáʊɴ]
    ခရမ်းအမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    ခရမ်းအမျိုးမျိုးကို ခြုံ၍ခေါ်သော အမည်
    brinjal
    နာမ်

    ခရမ်းချဉ်

    [kʰɹáɴɕɪ̀ɴ]
    မှည့်ရေအခါ နီရဲသော ခရမ်းတမျိုး
    မှည့်သည့်အခါ နီရဲသော ခရမ်းတစ်မျိုး
    tomato
    နာမ်

    ခရမ်းစိတ်ကေ

    [kʰɹáɴseɪʔkè]
    အရွက်မာ စူးပေါက်သော (ဆီးဘက်ဝင်ရေ) ခရမ်းတမျိုး။ ခရမ်းစပ်
    အရွက်တွင် ဆူးပေါက်သော (ဆေးဘက်ဝင်သည့်) ခရမ်းတစ်မျိုး။ ခရမ်းစပ်
    Brinjal
    နာမ်

    ခရမ်းသီးလက်ကောက်ပြောင်ပြောင်တောက်

    [kʰɹáɴθïlɛʔkɔ́ɛʔpɹàʊɴpɹàʊɴtɔ́ɛʔ]
    (လူ၃ယောက်) တယောက်ခြီထောက်မာ တယောက်ကျော့တင်ပြီး နောက်ပြန်ချိတ်ကာ ‘ဘာယောင်းသီးလက်ကောက်၊ ပြောင်ပြောင်တောက်၊ ဈီးမာဝယ်၊ ရွှီလက်ကောက်’ ဆိုပြီး လက်ခုတ် လက်ဝါးတီးကာ ကစပ်ကတ်ရေ ကစပ်နည်းတမျိုး
    (လူ၃ယောက်) တစ်ယောက်ခြေထောက်တွင် တစ်ယောက်ကျော့တင်ပြီး နောက်ပြန်ချိတ်ကာ ‘ခရမ်းသီးလက်ကောက်၊ ပြောင်ပြောင်တောက်၊ ဈီးမှာဝယ်၊ ရွှီလက်ကောက်’ ဆိုပြီး လက်ခုတ် လက်ဝါးတီးကာ ကစားကြသည့် ကစားနည်းတစ်မျိုး
    none
    နာမ်

    ခရားစောက်

    [kʰɹásɔ́ɛʔ]
    စာရင်းစရေ ရီးမှတ်ဖို့ထက်အောက်တဖြောင့်တည်း မျှိုင်းများရီးဆွဲထားရေ ဇယားကွက်
    စာရင်းစသည့် ရေးမှတ်ရန် ထက်အောက်တဖြောင့်တည်း မျဉ်းများရေးဆွဲထားသည့် ဇယားကွက်
    tabular form
    နာမ်

    ခရာမကျောက်တန်း

    [kʰɹàmt͡ɕɔ́ɛʔtáɴ]
    မြီကို စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်ပနာ ဒိုင်လုပ်သူက စက်ဝိုင်းထဲက ခြေကိုမထွက်မိအောင် ရပ်တည်ပြီးကေ လက်ချင်းဆက်ကာ၊ မွှေရမ်း ကစပ်ရရေ ကစပ်နည်း တမျိုး
    မြေကို စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်၍ ဒိုင်လုပ်သူက စက်ဝိုင်းထဲမှ ခြေကိုမထွက်မိအောင် ရပ်တည်ပြီးလျှင် လက်ချင်းဆက်ကာ၊ မွှေရမ်း ကစားရသော ကစားနည်း တစ်မျိုး
    Game like of wrestling
    နာမ်

    ခရာဝ

    [kʰɹàw]
    ဝါးရှည်တလုံးကို သုံးတောင်လောက်လောင်းာက်ခွဲစိတ်၍ အဝကားကားရက်လုပ်ပြီး၊ ငါးထွက်ဖို့လားရယောင်၊ ပိုင်တပ်ကာ ရေနက်မားဟိ ငါးကိုရှာသော ကိရိယာတမျိုး
    ဝါးရှည်တစ်လုံးကို သုံးတောင်လောက်ခန့်ခွဲစိတ်၍ အဝကားကားရက်လုပ်ပြီး၊ ငါးထွက်မသွားရအောင်၊ အသွားတပ်ကာ ရေနက်တွင်းရှိ ငါးကိုရှာသော ကိရိယာတစ်မျိုး
    fishing tool
    နာမ်

    ခရိပ်ခသံ့

    [kʰɹìaʔkʰθံ့]
    ရိပ်ခနဲ။ ဖြုတ်ခြည်းခဏ။ ရုတ်ခြည်သုတ်။ (မြင်လိုက်ရရေ)
    ရိပ်ခနဲ။ ဖြုတ်ချည်းခဏ။ ရုတ်ခြည်သုတ်။ (မြင်လိုက်ရသည်)
    for a while
    ကြိယာဝိသေသန