Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 1,812 words

    ခ

    ခရိပ်ရိပ်

    [kʰɹìaʔɹìaʔ]
    ရိပ်ခနဲ။ ဖြုတ်ခြည်းခဏ။ ရုတ်ခြည်သုတ်။ (မြင်လိုက်ရရေ)
    ရိပ်ခနဲ။ ဖြုတ်ချည်းခဏ။ ရုတ်ခြည်သုတ်။ (မြင်လိုက်ရသည်)
    for a while
    ကြိယာဝိသေသန

    ခရိပ်သျှေ

    [kʰɹìaʔʃè]
    ကကောင်းလျင်လွန်သော။ ရွိနှုန်းမြန်သော။ အဟိန်အဟုန်ပြင်းသော
    လျင်မြန်လွန်သော။ ရွေ့လျားနှုန်းမြန်သော။ အရှိန်အဟုန်ပြင်းသော
    fast
    နာမဝိသေသန

    ခရို့ခရမ်း

    [kʰɹo̰kʰɹáɴ]
    ကိုယ့် ဂုဏ်ပကာသနကို ဖေါ်ထုတ် ဝင့်ကြွား ပြောဆိုဗျာယ်။ လူတိကိုအနှောင့်အယှက် ဖြစ်ယောင် ကိုယ်ချင်းမစာပဲ ထင်ရာ ပြုမူဗျာယ်။ အနိုင်လိုချင်သောစိတ်၊ ဖို့လိုရေစိတ်နန့် တဖက်သားအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူဗျာယ်
    မိမိ၏ ဂုဏ်ပကာသနကို ဖေါ်ထုတ် ဝင့်ကြွား ပြောဆိုလျက်။ သူတစ်ပါးကို အနှောင့်အယှက် ဖြစ်အောင် ကိုယ်ချင်းမစာပဲ ထင်ရာ ပြုမူလျက်။ အနိုင်လိုချင်သောစိတ်၊ ရန်လိုသောစိတ်ဖြင့် တစ်ဖက်သားအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူလျက်
    rude
    ကြိယာဝိသေသန

    ခရိုင်

    [kʰɹàɪɴ]
    ထီးမာ ထီးကိုင်းတိကို ထောက်ကန်ထားရေ ထီးလက်တံများ ပေါင်းဆုံထားရာ ဝင်ရိုးအုံ။ ဗေဒင်ဆိုင်ရာ တွက်ချက်ခြင်းတမျိုး။ မြို့နန့် ရွာ ယင်းရို့ကို အုပ်ချုပ်ရေ လက်အောက်ခံ ပိုင်းခြာထားရေ နယ်မြီ
    ထီးတွင် ထီးကိုင်းများကို ထောက်ကန်ထားသော ထီးလက်တံများ ပေါင်းဆုံထားရာ ဝင်ရိုးအုံ။ ဗေဒင်ဆိုင်ရာ တွက်ချက်ခြင်းတစ်မျိုး။ မြို့နှင့် ရွာ ယင်းတို့ကို အုပ်ချုပ်သော လက်အောက်ခံ ပိုင်းခြားထားသော နယ်မြေ
    district
    နာမ်

    ခရိုင်ရိုင်

    [kʰɹàɪɴɹàɪɴ]
    စိကေချေအဂေါင်း မူးဝေရေ။ စိကေချေ တိမ်းစောင်းသည်
    အနည်းငယ်ဦးခေါင်း မူးဝေသည်။ အနည်းငယ် တိမ်းစောင်းသည်
    dizzy
    ကြိယာ

    ခရိုင့်ရိုင့်

    [kʰɹàɪɴ့ɹàɪɴ့]
    ရိုက်ဝိုင်းတင့်ရေ လှပရေ။ ကြည့်လို့ကောင်းရေ။ အသရေဟိရေ။ အချိုးအစား ကျသော
    ရိုက်ဝိုင်းတင့်တယ် လှပသော။ ကြည့်၍ကောင်းသော။ အသရေရှိသော။ အချိုးအစား ကျသော
    grace-glory
    နာမဝိသေသန

    ခရို့ရို့

    [kʰɹo̰ɹo̰]
    (ကိုယ်ကာယ) (ခွန်အားဗလ) အင်အားတောင့်တင်း ဖွံ့ထွားလာရေ
    (ကိုယ်ကာယ) (ခွန်အားဗလ) အင်အားတောင့်တင်း ဖွံ့ထွားလာသော
    strength
    နာမဝိသေသန

    ခရီး

    [kʰɹï]
    လားလာရာလမ်း
    သွားလာရာလမ်း
    trip
    နာမ်

    ခရီးကြမ်း

    [kʰɹït͡ɕáɴ]
    ခက်ခက်ခဲခဲ လားလာရရေ ခရီး။ ပြင်းထန်စွာ လားလာရရေ ခရီး
    ခက်ခက်ခဲခဲ သွားလာရသော ခရီး။ ပြင်းထန်စွာ သွားလာရသော ခရီး
    arduous journey
    နာမ်

    ခရီးကြုံ

    [kʰɹït͡ɕòʊɴ]
    လားယင်းလာကေး တွိ့ဆုံရေ။ တိုက်ဆိုင်သည်
    သွားရင်းလာရင်း တွေ့ဆုံသည်။ တိုက်ဆိုင်သည်
    coincide
    ကြိယာ

    ခရီးကြုံ၂

    [kʰɹït͡ɕòʊɴ၂]
    ခရီးလားယင်းတွိဆုံသူ
    ခရီးသွားရင်းတွေ့ဆုံသူ
    meet traveler
    နာမ်

    ခရီခရော

    [kʰɹíkʰɹɔ́]
    မိုးထပိုင်း အဟိဖက်အရပ်မှ နပျိုးဖက်နုပျိုစ အချိန်
    နံနက်ပိုင်း အရှေ့ဘက်အရပ်မှ ငှက်ပျောရွက်နုပျိုစ အချိန်
    sun rise
    နာမ်

    ခရီးခရော်

    [kʰɹïkʰɹɔ̀]
    ကြမ်းသော ခရီး၊ အပြင်းအထန် လားရရေခရီး
    ကြမ်းသော ခရီး၊ အပြင်းအထန် သွားရသောခရီး
    coincide
    နာမ်

    ခရီးခေါင်

    [kʰɹïkʰèàɪ̀ɴ]
    ကဂေါင်းဝီးလွန်သော (ခြီကျင်)လမ်းခရီး
    အလွန်ဝေးလွန်သော (ခြေလျင်)လမ်းခရီး
    arduous journey
    နာမ်

    ခရီးချ

    [kʰɹïɕ]
    ခရီးမာ စခန်းချ ရပ်နားရေ။ ခရီးမာ တနားချေတဗွေချေ ရပ်နားရေ
    ခရီးတွင် စခန်းချ ရပ်နားသည်။ ခရီးတွင် ခေတ္တ ရပ်နားသည်
    camp
    ကြိယာ

    ခရီးစဉ်

    [kʰɹïsɪ̀ɴ]
    လမ်းခရီး၏ အစိုင်အတိုင်း။ ဆုံးချင်း ထိတောင်သော လမ်းခရီး
    လမ်းခရီး၏ အစဉ်အတိုင်း။ အစမှအဆုံးထိ တိုင်အောင်သော လမ်းခရီး
    tour - travel
    နာမ်

    ခရီးစရိတ်

    [kʰɹïsɹeɪʔ]
    ခရီးလားလာရာမာ ကုန်ကျသောငွီ
    ခရီးသွားလာရာတွင် ကုန်ကျသောငွေ
    travelling expenses
    နာမ်

    ခရီးစာ

    [kʰɹïsà]
    ခရီးလားလာရေ အခိုက်မာစားရန် အစားအစာ
    ခရီးသွားလာသည့် အခိုက်တွင်စားရန် အစားအစာ
    food
    နာမ်

    ခရီးဆက်

    [kʰɹïsʰɛʔ]
    တနားချေတဗွေချေ ရပ်နားနီရာမှ ဆက်ပနာပြီးကေ ခရီးလားသည်
    ခေတ္တ ရပ်နားနေရာမှ ဆက်လက်၍ ခရီးသွားသည်
    take a rest
    ကြိယာ

    ခရီးဆင်

    [kʰɹïsʰɪ̀ɴ]
    ခရီးလားရန် ပျင်ဆင်ရေ
    ခရီးသွားရန် ပြင်ဆင်သည်
    prepare for trip
    ကြိယာ