Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 1,812 words

    ခ

    ခရုသင်း

    [kʰɹoʊθɪ́ɴ]
    လူ၏ ကိုယ်အရီပြားထက်မာ အဖြူကွက်များ ပေါ်သော နူနာရောဂါတမျိုး
    လူ၏ ကိုယ်အရေပြားပေါ်တွင် အဖြူကွက်များ ပေါ်သော နူနာရောဂါတစ်မျိုး
    leucoderma
    နာမ်

    ခရူးခသွတ်

    [kʰɹùးkʰθwaʔ]
    စိတ်ငြိမ်သက်မှုမဟိဘဲ ပျက်ချိပျက်ချော် ပြောဆိုပြုမူဗျာယ်။ ရူးကြောင်ကြောင်။ ရူးနှမ်းနှမ်း။ စိတ်စိကေချေမနှံပဲ။ လိမ္မာမှုကင်းဗျာယ်
    စိတ်ငြိမ်သက်မှုမရှိပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမူလျက်။ ရူးကြောင်ကြောင်။ ရူးနှမ်းနှမ်း။ စိတ်အနည်းငယ်မနှံပဲ။ လိမ္မာမှုကင်းလျက်
    insane
    ကြိယာဝိသေသန

    ခရောင်

    [kʰɹàʊɴ]
    သစ်သားကို လုပ်ထားရေ ခုံဖိနပ်။ ကြိုးမတပ်ပဲ သစ်သား ဖုလုံးကို ခြီမကြား၌ ညှပ်၍စီးသော ခုံဖိနပ် တမျိုး
    သစ်သားကို လုပ်ထားသော ခုံဖိနပ်။ ကြိုးမတပ်ပဲ သစ်သား ဖုလုံးကို ခြေမကြား၌ ညှပ်၍စီးသော ခုံဖိနပ် တစ်မျိုး
    wooden sandals
    နာမ်

    ခရောင်း

    [kʰɹáʊɴ]
    ကြမ်းတမ်းသော လမ်း။ ကြမ်းတမ်းသော မြေအရပ်
    ကြမ်းတမ်းသော လမ်း။ ကြမ်းတမ်းသော မြေအရပ်
    granular place
    နာမ်

    ခရောင့်ခရာ

    [kʰɹa̰ʊɴkʰɹà]
    မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
    မညီမညွတ် ကြမ်းတမ်းသော မြေအရပ်
    granular place
    နာမ်

    ခရောင့်ခရော

    [kʰɹa̰ʊɴkʰɹɔ́]
    မညီမညွတ် ကြမ်းတမ်းသော
    မညီမညွတ် ကြမ်းတမ်းသော
    granular place
    နာမဝိသေသန

    ခရော်

    [kʰɹɔ̀]
    ပိရိမှုမဟိ။ မညီမညာ ခက်ခဲမှုဟိပြီးကေ ကြမ်းတမ်းသောအနိန်နန့်
    ပိရိမှုမရှိ။ မညီမညာ ခက်ခဲမှုရှိ၍ ကြမ်းတမ်းသော အားဖြင့်
    no neat
    ကြိယာဝိသေသန

    ခရဲကြန့်

    [kʰɹɛt͡ɕa̰ɴ]
    နီကြန့်ကြန် အရောင်
    နီကြန့်ကြန် အရောင်
    reddish
    နာမ်

    ခရှားရှား

    [kʰʃáʃá]
    ဟိတ်ကြီးအဟိုက်ကြီး။ ဝင့်ကြွားစွာ။ ဂုဏ်ဝင့်ဗျာယ်။ ကိုယ့် ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ဘန်းပြီး၊ မျိုးက်ခြောက်ခြောက်ကာ လန့်စီပြီးကေ
    ဟိတ်ကြီးဟန်ကြီး။ ဝင့်ကြွားစွာ။ ဂုဏ်ဝင့်လျက်။ မိမိ၏ ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ကြွားပြီး၊ ခြိမ်းခြောက်ကာ လန့်စေလျက်
    boast
    ကြိယာဝိသေသန

    ခလယ်

    [kʰlɛ̀]
    နီရာနှစ်ခု၏ အကြားဖြစ်ရေ အရပ်။ အလယ်ကျသော အရပ်
    နေရာနှစ်ခု၏ အကြားဖြစ်သော အရပ်။ အလယ်ကျသော အရပ်
    middle
    နာမ်

    ခလာ

    [kʰlà]
    ဘာတခုလည်းမဟိ၊ အားလုံး၊ ပြီးဆုံးရေ
    ဘာမှမရှိ၊ အကုန်အစင်၊ ပြီးဆုံးသည်
    all-completely-entirely
    ကြိယာ

    ခလာချိတ်

    [kʰlàɕeɪʔ]
    ခလာချိတ်
    သင်္ဘောသား
    papaya
    နာမ်

    ခလာမပြု

    [kʰlàmpɹoʊ]
    ဂရုမစိုက်၊ အရီးမလုပ်၊ သတိမမူပဲ ထားရေ
    ဂရုမစိုက်၊ အရေးမလုပ်၊ သတိမမူပဲ ထားသည်
    careless
    ကြိယာ

    ခလိမ်း

    [kʰléɪɴ]
    စိကေချေ တိမ်းစောင်းသည်
    အနည်းငယ် တိမ်းစောင်းသည်
    bend-deviate-tilt
    ကြိယာ

    ခလုံး

    [kʰlóʊɴ]
    ခြင်းလုံး။ မို့မောက် ငေါထွက်နိန်ရေ အရာ
    ခြင်းလုံး။ မို့မောက် ငေါထွက်နေသော အရာ
    cane ball
    နာမ်

    ခလုံးတိုက်

    [kʰlóʊɴtaɪʔ]
    စူးငြှောင့်၊ သစ်ငုတ်၊ ခလုတ်ထိမိရေ
    ဆူးငြှောင့်၊ သစ်ငုတ်၊ ခလုတ်ထိမိသည်
    obstacle
    ကြိယာ

    ခလုတ်ခလဲ့

    [kʰloʊʔkʰlé]
    ခြီထောက်အစဟိရေ အရာများ သန်မာခိုင်မြဲခြင်း မဟိဘဲ
    ခြေထောက်စသော အရာများ သန်မာခိုင်မြဲခြင်း မရှိပဲ
    weakness
    ကြိယာဝိသေသန

    ခလောင်း

    [kʰláʊɴ]
    အခေါင်းအထဲ အဆန်ကို အသျှင်တပ်ထားပနာ လှုပ်ရေအခါ အသံကိုမြည်စီရေ သစ်သားကို အခေါင်း ထွင်းထားရေ အရာ
    အခေါင်းအတွင်း အဆန်ကို အရှင်တပ်ထား၍ လှုပ်သောအခါ အသံကိုမြည်စေသော သစ်သားကို အခေါင်း ထွင်းထားသော အရာ
    bell
    နာမ်

    ခလောင်း၂

    [kʰláʊɴ၂]
    မြစ်၊ ချောင်း အစဟိစွာရို့မာ တနီရာတည်း၌ ရစ်လည်နိန်ရေ ရေအစု
    မြစ်၊ ချောင်း စသည်တို့တွင် တစ်နေရာတည်း၌ ရစ်လည်နေသော ရေအစု
    eddy
    နာမ်

    ခလောင်းပန်း

    [kʰláʊɴpáɴ]
    ခေါင်းလောင်း ပုံသဏ္ဍာန် ပွင့်သော ပန်းပွင့်တမျိုး
    ခေါင်းလောင်း ပုံသဏ္ဍာန် ပွင့်သော ပန်းပွင့်တစ်မျိုး
    flower
    နာမ်