Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 1,812 words

    ခ

    ခလောင်းသီး

    [kʰláʊɴθï]
    ခလောက်ထဲမာ အသျှင်တပ်ထားရေ သစ်သားအချောင်းတံ
    ခလောက်ထဲတွင် အရှင်တပ်ထားသော သစ်သားအချောင်းတံ
    bell
    နာမ်

    ခလွန်းသား

    [kʰlʊ́ɴθá]
    ဆဲရဲပြောဆိုရေ စကား
    ဆဲရဲပြောဆိုသော စကား
    vituperate
    နာမ်

    ခဝဲသီး

    [kʰwɛθï]
    ဟင်းချက်စားရရေ သီးတောင့်ရှည်သီးရေ နွယ်ပင်တမျိုး
    ဟင်းချက်စားရသော သီးတောင့်ရှည်သီးသည့် နွယ်ပင်တစ်မျိုး
    luffa
    နာမ်

    ခဝါ

    [kʰwà]
    အဝတ်အထည် ဖွပ်လျှော် ဆောင်ရွက်မှု
    အဝတ်အထည် ဖွပ်လျှော် ဆောင်ရွက်မှု
    washing clothes
    ကြိယာဝိသေသန

    ခဝါချ

    [kʰwàɕ]
    ဖြူစင်အောင် ဖွပ်လျှော်ရေ။ ဖြူစင် ရှင်းသန့်သည်
    ဖြူစင်အောင် ဖွပ်လျှော်သည်။ ဖြူစင် သန့်ရှင်းသည်
    washing clothes
    ကြိယာ

    ခဝါရောင်

    [kʰwàɹàʊɴ]
    ဝါကြန့်ကြန့် အရောင်
    ဝါကြန့်ကြန့် အရောင်
    yellowish
    နာမ်

    ခဝါသည်

    [kʰwàθɛ̀]
    အဝတ်အဝတ်ဖွတ်သူ
    အဝတ်လျှော်ဖွတ်သူ
    launderer
    နာမ်

    ခသံ့ခဝါ

    [kʰθံ့kʰwà]
    (အသံအစဟိစွာရို့)မသဲမကွဲ၊ မတိမကျ၊ မသေမချာ၊ အရိပ်အမြွတ်အားဖြင့်၊ ရိုးတိုးရိပ်တိပ် (ကြားလိုက်ရရေ)
    (အသံစသည်တို့)မသဲမကွဲ၊ မတိမကျ၊ မသေမချာ၊ အရိပ်အမြွတ်အားဖြင့်၊ ရိုးတိုးရိပ်တိပ် (ကြားလိုက်ရသည်)
    inaccurate
    ကြိယာဝိသေသန

    ခသလက်

    [kʰθlɛʔ]
    စိကေချေခါးရေ အရသာဟိရေ။ ခါးသတ်သတ် အရသာ ဟိရေ
    အနည်းငယ်ခါးသည့် အရသာရှိသော။ ခါးသက်သက် အရသာ ရှိသော
    slightly bitter
    နာမဝိသေသန

    ခသလာ

    [kʰθlà]
    ရူးကြောင်ကြောင်။ ပေါ်ချီပေါ်ချာ။ စိတ်မငြိမ်ပဲ ပျက်ချိပျက်ချော် ပြောဆိုပြုမူဗျာယ်။ ရူးနှမ်းနှမ်း။ စိကေချေ စိတ်မနှံပဲ။ လိမ္မာအထာနပ်မှု မဟိဘဲ
    ရူးကြောင်ကြောင်။ ရူးပေါပေါ။ စိတ်မငြိမ်ပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမူလျက်။ ရူးနှမ်းနှမ်း။ အနည်းငယ် စိတ်မနှံပဲ။ လိမ္မာပါးနပ်မှု မရှိပဲ
    crazy
    ကြိယာဝိသေသန

    ခသံ့သံ့

    [kʰθံ့θံ့]
    (အသံအစဟိစွာရို့)မသဲမကွဲ၊ မတိမကျ၊ မသေမချာ၊ အရိပ်အမြွတ်အားဖြင့်၊ ရိုးတိုးရိပ်တိပ် (ကြားလိုက်ရရေ)
    (အသံစသည်တို့)မသဲမကွဲ၊ မတိမကျ၊ မသေမချာ၊ အရိပ်အမြွတ်အားဖြင့်၊ ရိုးတိုးရိပ်တိပ် (ကြားလိုက်ရသည်)
    inaccurate
    ကြိယာဝိသေသန

    ခံသာ

    [kʰံθà]
    သက်သာဖွယ်ဟိရေ။ မပင်မပန်းဟိရေ
    သက်သာဖွယ်ရှိသည်။ မပင်မပန်းရှိသည်
    be relieved
    ကြိယာ

    ခံသာပန်သာ

    [kʰံθàpàɴθà]
    တဗျင်း မဟုတ်ရင်လေ့ သင့်တင့်လျောက်ပတ်ရုံ။ သင့်မိသင့်ရောင်
    များများစားစား မဟုတ်သော်လည်း သင့်တင့်လျောက်ပတ်ရုံ။ တော်ရုံတန်ရုံ
    moderately
    ကြိယာဝိသေသန

    ခံသိခံသာ

    [kʰံθìkʰံθà]
    ပင်ပန်းခြင်းမဟိ ဖြစ်တေ။ ဆိုးရွားသော ဝေဒနာမှ လျော့ပါးလာရေ
    ပင်ပန်းခြင်းမရှိ ဖြစ်သည်။ ဆိုးရွားသော ဝေဒနာမှ လျော့ပါးလာသည်
    be relieved
    ကြိယာ

    ခသွင်ခပြင်

    [kʰθwɪ̀ɴkʰpɹɪ̀ɴ]
    ပုံပန်းသဏ္ဍာန်။ ရုပ်ရည်အသွင်အပြင်။ အမူအရာ။(တစိတ်တဒီသအနိန်နန့်တူစွာ)
    ပုံပန်းသဏ္ဍာန်။ ရုပ်ရည်အသွင်အပြင်။ အမူအရာ။(တစ်စိတ်တစ်ဒေသ အားဖြင့်တူသည်)
    behaviour
    ကြိယာဝိသေသန

    ခသွန်က

    [kʰθʊ̀ɴk]
    မကြာသိမ့်သော အခါကာလက။ မကြာသိမ့်သော အချိန်က
    မကြာသေးသော အခါကာလက။ မကြာသေးသော အချိန်က
    recent
    နာမ်

    ခသွေက

    [kʰθwèk]
    မကြာသိမ့်သော အခါကာလက။ မကြာသိမ့်သော အချိန်က
    မကြာသေးသော အခါကာလက။ မကြာသေးသော အချိန်က
    recent
    နာမ်

    ခအီးခကြင်

    [kʰʔïkʰt͡ɕɪ̀ɴ]
    မနီနှိုင် မထိုင်နှိုင်ယောင် နာကြင်ကိုက်ခဲဗျာယ်
    မနေနိုင် မထိုင်နိုင်အောင် နာကျင်ကိုက်ခဲလျက်
    injure
    ကြိယာဝိသေသန

    ခအုံးခါး

    [kʰʔóʊɴkʰàး]
    ဝမ်းခြင့်လျှင် ယင်း၏ အနုရွက်ကို စားရရေ(တတောင် ကျော်ကျော်လီာက်မြင့်ရေ) ခြုံပင်တမျိုး
    ဗိုက်အောင့်လျှင် ယင်း၏ အနုရွက်ကို စားရသော(တစ်တောင် ကျော်ကျော်ခန့်မြင့်သည့်) ချုံပင်တစ်မျိုး
    plant for recovery of stomach ache
    နာမ်

    ခအောင်းခါး

    [kʰʔáʊɴkʰàး]
    ဝမ်းခြင့်လျှင် ယင်း၏ အနုရွက်ကို စားရရေ(တတောင် ကျော်ကျော်လီာက်မြင့်ရေ) ခြုံပင်တမျိုး
    ဗိုက်အောင့်လျှင် ယင်း၏ အနုရွက်ကို စားရသော(တစ်တောင် ကျော်ကျော်ခန့်မြင့်သည့်) ချုံပင်တစ်မျိုး
    plant for recovery of stomach ache
    နာမ်