Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 1,812 words

    ခ

    ခိုင်း

    [kʰáɪɴ]
    တခုတရီ ပြုလုပ်ဆောင်ရွက်ဖို့အတွက် ထုတ်ဖေါ်ပြရေ
    တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန်အတွက် ထုတ်ဖေါ်ပြသည်
    show
    ကြိယာ

    ခိုင်၂

    [kʰàɪɴ၂]
    (နှပျိုးခိုင်၊ အုန်းခိုင်စရေ) အခိုင်၏ အရွီအတွက်ကို ပြသောစကားလုံး
    (ငှက်ပျောခိုင်၊ အုန်းခိုင်စသည့်) အခိုင်၏ အရေအတွက်ကို ပြသောစကားလုံး
    counting banana coconut
    ပစ္စည်း

    ခိုင်း၂

    [kʰáɪɴ၂]
    ကိုယ့်သဘောအတိုင်း မဖြစ်ပနာ တဖက်သို့ ကျော(ခိုင်း) လှည့်နိန်ရေ။ တခုနှင်တခု၊ တဦးနန့်တဦး တွဲယဉ်ပြရေ
    မိမိသဘောအတိုင်း မဖြစ်၍ တစ်ဖက်သို့ ကျော(ခိုင်း) လှည့်နေသည်။ တစ်ခုနှင်တစ်ခု၊ တစ်ဦးနှင့်တစ်ဦး တွဲယဉ်ပြသည်
    turn back on
    ပစ္စည်း

    ခိုင်ခံ့

    [kʰàɪɴkʰံ့]
    မယိမ်းမယိုင် မလှုပ်မရှားဖြစ်တေ။ မြဲမြံသည်
    မယိမ်းမယိုင် မလှုပ်မရှားဖြစ်သည်။ မြဲမြံသည်
    endure
    ကြိယာ

    ခိုင်းစီ

    [kʰáɪɴsí]
    တခုတရီ ပြုလုပ်ဆောင်ရွက်ဖို့အတွက် ထုတ်ဖေါ်ပြရေ။ ကိစ္စတခုခု လုပ်ဆောင်ရန် တိုက်တိုးရေ
    တစ်စုံတစ်ခု ပြုလုပ်ဆောင်ရွက်ရန်အတွက် ထုတ်ဖေါ်ပြသည်။ ကိစ္စတစ်ခုခု လုပ်ဆောင်ရန် တိုက်တွန်းသည်
    urge
    ကြိယာ

    ခိုင်မာ

    [kʰàɪɴmà]
    မပျော့မညံ့ ၊ မာကျောရေ။ တောင့်တင်းရေ။ အားကိုးအားထား ပြုလောက်သည်
    မပျော့မညံ့ ၊ မာကျောသည်။ တောင့်တင်းသည်။ အားကိုးအားထား ပြုလောက်သည်
    stiff-stout
    ကြိယာ

    ခိုင်မြဲ

    [kʰàɪɴmɹɛ]
    မြဲမြံရေ။ မယိမ်းမယိုင် မပျက်မစီးဟိရေ
    မြဲမြံသည်။ မယိမ်းမယိုင် မပျက်မစီးရှိသည်
    endure
    ကြိယာ

    ခိုင်လုံ

    [kʰàɪɴlòʊɴ]
    မှီငြမ်းအားထား ပြုနိုင်လောက်ရေ။ လောက်ငှသော အတိုင်းအတာ ပမာဏ ပြည့်စုံရေ။ အားကိုး လောက်ယောင် အထောက်အထား ပြုနှိုင်ရေ
    မှီငြမ်းအားထား ပြုနိုင်လောက်သည်။ လုံလောက်သော အတိုင်းအတာ ပမာဏ ပြည့်စုံသည်။ အားကိုး လောက်အောင် အထောက်အထား ပြုနိုင်သည်
    sufficient
    ကြိယာ

    ခိုင်းသတ်

    [kʰáɪɴθaʔ]
    ခိုင်းစီသမျှကို လုပ်ဆောင်ပေးသူ
    ခိုင်းစေသမျှကို လုပ်ဆောင်ပေးသူ
    servant
    နာမ်

    ခိုစံ

    [kʰÒsံ]
    မင်းရို့ ယာယီတည်းခို စံမြန်းသော နီရာ
    မင်းတို့ ယာယီတည်းခို စံမြန်းသော နေရာ
    bivouac
    နာမ်

    ခိုးစားဝှက်စား

    [kʰósáʍɛʔsá]
    စားသောက်ဖွယ်ရို့ကို လူများမသိရယောင် ယူငင်သုံးဆောင်သောအနိန်နန့်။ ပြောင်ပြောင်တင်းတင်း သိသာမြင်သာ မဟိစီပဲ။ လူများ မတွိမမြင်စီရေအနိန်နန့်
    စားသောက်ဖွယ်တို့ကို သူတစ်ပါးမသိရအောင် ယူငင်သုံးဆောင်သော အားဖြင့်။ ပြောင်ပြောင်တင်းတင်း သိသာမြင်သာ မရှိစေပဲ။ သူတစ်ပါး မတွေ့မမြင်စေသော အားဖြင့်
    steal
    ကြိယာဝိသေသန

    ခိုတဲ

    [kʰÒtɛ]
    လမ်းခရီးအကြားမာ လူရို့တည်းခိုရန် ဆောက်လုပ်ထားရေ အဆောက်အဦး
    လမ်းခရီးအကြားတွင် လူတို့တည်းခိုရန် ဆောက်လုပ်ထားသော အဆောက်အဦး
    Rest-house
    နာမ်

    ခိုနန်းဆောင်

    [kʰÒnáɴsʰàʊɴ]
    မင်းသမီးနန့် အပျိုတော်များ သီးသန့်နိန်ရေ အဆောင်။ အိမ်မနန့် တဆက်တည်း ပြုလုပ်ထားရေ အဆောင်
    မင်းသမီးနှင့် အပျိုတော်များ သီးခြားနေသော အဆောင်။ အိမ်မနှင့် တစ်ဆက်တည်း ပြုလုပ်ထားသော အဆောင်
    Lady-in-waiting building
    နာမ်

    ခိုနန်းဆောင်၂

    [kʰÒnáɴsʰàʊɴ၂]
    မင်းသမီးနန့် အပျိုတော်များရို့ လီညင်းခံရာ အဆောင်
    မင်းသမီးနှင့် အပျိုတော်များတို့ လေညှင်းခံရာ အဆောင်
    roofless balcony of a house
    နာမ်

    ခိုမြန်း

    [kʰÒmɹáɴ]
    အားကိုးပြုပနာ လာရောက်နီထိုင်ရေ။ အီးအီးဆီးဆီး နီထိုင်သည်
    အားကိုးပြု၍ လာရောက်နေထိုင်သည်။ အေးအေးဆေးဆေး နေထိုင်သည်
    live
    ကြိယာ

    ခိုမှီး

    [kʰÒm̥ï]
    အားကိုး အားထားပြုပနာ နီထိုင်ရေ။ အားကိုး အားထား ရပ်တည်သည်
    အားကိုး အားထားပြု၍ နေထိုင်သည်။ အားကိုး အားထား ရပ်တည်သည်
    depend
    ကြိယာ

    ခိုးမှု

    [kʰóm̥oʊ]
    လူများ ဝန်ဥစ္စာကို ခိုးယူမှုအပြစ်
    သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူမှုအပြစ်
    theft case
    နာမ်

    ခိုးယူ

    [kʰójù]
    လူများ ဝန်ကို တတိန်းချေ ခိုးဝှက်သည်
    သူတစ်ပါး ပစ္စည်းကို တိတ်တဆိတ် ခိုးဝှက်သည်
    steal
    ကြိယာ

    ခိုးရာပါပစ္စည်း

    [kʰóɹàpàpsɪ́səɛ́]
    သခိုး ခိုးလားရေ ဝန်ဝန်
    သူခိုး ခိုးသွားသော ဝန်ပစ္စည်း
    stolen property
    နာမ်

    ခိုးရာလိုက်

    [kʰóɹàlaɪʔ]
    မယားအဖြစ် နီထိုင်ဖို့အတွက် ယောက်ျားခေါ်ရာသို့ မမာ့က မသိရယောင် ပုန်းလျှိုးကွယ်လျှိုး တတိန်းချေ ပုန်းဝှက် လိုက်ရေ
    မယားအဖြစ် နေထိုင်ဖို့ရန် ယောက်ျားခေါ်ရာသို့ မိန်းမက မသိရအောင် ပုန်းလျှိုးကွယ်လျှိုး တိတ်တိတ်ပုန်း လိုက်သည်
    elope
    ကြိယာ