Dictionary Entries
Showing 21–40 of 1,812 words
ခ
ခက်လံ
[kʰɛʔlံ]
Arakanese:
မြင့်မားသော အပင်၏ ခက်ဖျား။ အမြင့်ဆုံးဖြစ်ရေ နီရာ
Burmese:
မြင့်မားသော သစ်ပင်၏ ခက်ဖျား။ အမြင့်ဆုံးဖြစ်သော နေရာ
English:
top
Grammar Note:
နာမ်
ခက်လံဖျား
[kʰɛʔlံpʰrá]
Arakanese:
မြင့်မားသော အပင်၏ ခက်ဖျား။ အမြင့်ဆုံးဖြစ်ရေ နီရာ
Burmese:
မြင့်မားသော သစ်ပင်၏ ခက်ဖျား။ အမြင့်ဆုံးဖြစ်သော နေရာ
English:
top
Grammar Note:
နာမ်
ခကျဉ်း
[kʰt͡ɕɪ́ɴ]
Arakanese:
ဒူးဆစ်၏ အောက်ခြီမျက်စိ အထက်ဖြစ်ရေ အစိတ်အပိုင်း။ ခြေသလုံး
Burmese:
ဒူးဆစ်၏ အောက်ခြေမျက်စိ အထက်ဖြစ်သော အစိတ်အပိုင်း။ ခြေသလုံး
English:
calf
Grammar Note:
နာမ်
ခကျယ်ကျယ်
[kʰt͡ɕɛ̀t͡ɕɛ̀]
Arakanese:
ကိုယ့် အစွမ်းအစ ဂုဏ်ပကာသနကို ဖွင့်ဗန်းပြဝင့် ပလွှားဗျာယ်၊ လူစွမ်းကောင်း လုပ်ဗျာယ်
Burmese:
မိမိ၏ အစွမ်းအစ ဂုဏ်ပကာသနကို ဖွင့်ထုတ်ကြွားဝင့် ပလွှားလျက်၊ လူစွမ်းကောင်း လုပ်လျက်
English:
boast be boastful without
Grammar Note:
ကြိယာဝိသေသန
ခကျယ်ခဝန်း
[kʰt͡ɕɛ̀kʰwáɴ]
Arakanese:
အနိုင်လိုရေစိတ်၊ ဖို့လိုရေစိတ်ဖြင့် တံပက်လူအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူဗျာယ်၊ ကိုယ့်ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ဘန်းပြီး ခြိမ်းခေါက်ကာ အသံဖြင့် ကြောက်စေ လန့်စီပြီးကေ
Burmese:
အနိုင်လိုသောစိတ်၊ ရန်လိုသောစိတ်ဖြင့် တစ်ဘက်သားအား ရိုင်းစိုင်းစွာ ကျူးလွန်ပြောဆို ပြုမူလျက်၊ မိမိ၏ဂုဏ်ပကာသနကို ဖေါ်ထုတ်ဝင့်ကြွားပြီး ခြိမ်းခေါက်ကာ အသံဖြင့် ကြောက်စေ လန့်စေလျက်
English:
having any occasion for it
Grammar Note:
ကြိယာဝိသေသန
ခကျိတ်သျှေ
[kʰt͡ɕeɪʔʃè]
Arakanese:
ဘုဒိုပျပ်ပိန်ပါး၍ ကြုံလှီသော လူကျစ်အချေ
Burmese:
အရပ်ပုပျပ်ပိန်ပါး၍ ကြုံလှီသော လူကျစ်ကလေး
English:
manikin
Grammar Note:
နာမ်
ခကျောက်
[kʰt͡ɕɔ́ɛʔ]
Arakanese:
၁၊ ပေါင်ရင်းမှ ခြီဖျားထိဖြစ်ရေ ကိုယ်အင်္ဂါ။ ၂၊ ဒူးဆစ်မှခြီဖျားအထိဖြစ်ရေ ကိုယ်အင်္ဂါ။ ခြီထောက်
Burmese:
၁၊ ပေါင်ရင်းမှ ခြေဖျားထိဖြစ်သော ကိုယ်အင်္ဂါ။ ၂၊ ဒူးဆစ်မှခြေဖျားအထိဖြစ်သော ကိုယ်အင်္ဂါ။ ခြေထောက်
English:
leg
Grammar Note:
နာမ်
ခကျောက်ရှည်
[kʰt͡ɕɔ́ɛʔʃɛ̀]
Arakanese:
ရှည်သော ခြီထောက်ဟိရေသူ။ အရပ် အမင်ာင်းရှည်သွယ်သူ
Burmese:
ရှည်သော ခြေထောက်ရှိသောသူ။ အရပ် အမောင်းရှည်သွယ်သူ
English:
tall
Grammar Note:
နာမ်
ခကျောက်ရှည်၂
[kʰt͡ɕɔ́ɛʔʃɛ̀၂]
Arakanese:
ကဝင်္ဂစတုတ္ထ ဃ ကြီး အက္ခရာကို ခေါ်သော အမည်
Burmese:
ကဝင်္ဂစတုတ္ထ ဃ ကြီး အက္ခရာကို ခေါ်သော အမည်
English:
none
Grammar Note:
နာမ်
ခခ
[kʰkʰ]
Arakanese:
ကျိုးနွံရိုသေစွာ
Burmese:
ကျိုးနွံရိုသေစွာ
English:
humble
Grammar Note:
ကြိယာဝိသေသန
ခခုံးမှီ
[kʰkʰóʊɴm̥í]
Arakanese:
စဉ်းငယ်၊ စိုးစဉ်း။ စိကေချေလောင်းာက်(အိပ်ဗျာယ်)
Burmese:
စဉ်းငယ်၊ စိုးစဉ်း။ အနည်းငယ်မျှ(အိပ်လျက်)
English:
little
Grammar Note:
ကြိယာဝိသေသန
ခခုံးမှီခခုံးမွှား
[kʰkʰóʊɴm̥íkʰkʰóʊɴmW̯á]
Arakanese:
မအိပ်တချက်၊ အိပ်တချက်
Burmese:
မအိပ်တစ်ချက်၊ အိပ်တစ်ချက်
English:
lose sleep
Grammar Note:
ကြိယာဝိသေသန
ခချဉ်ချဉ်
[kʰɕɪ̀ɴɕɪ̀ɴ]
Arakanese:
အသင့်အတင့်လောင်းာက်ရာ ချိုင်သော အရသာ။ ချိုင်ဖြုံဖြုံ့
Burmese:
အသင့်အတင့်မျှသာ ချဉ်သော အရသာ။ ချဉ်ဖြုံဖြုံ့
English:
sour
Grammar Note:
နာမ်
ခချိုးခချဉ်
[kʰɕókʰɕɪ̀ɴ]
Arakanese:
သကြားလုံးမျက်ချိုအရသာဟိရေ (ရှောက်၊ သမ္ဘရာ အမျိုးဝင်သော) ယှောက်ချိုသီးတမျိုး
Burmese:
ချိုချဉ်အရသာရှိသော (ရှောက်၊ သမ္ဘရာ အမျိုးဝင်သော) ရှောက်သီးတစ်မျိုး
English:
lemon
Grammar Note:
နာမ်
ခချီးစောင်
[kʰɕïsàʊɴ]
Arakanese:
ဘိန်းစားစောင်အထည်
Burmese:
စောင်ကြမ်းအထည်
English:
rough blanket
Grammar Note:
နာမ်
ခချောခလောသီး
[kʰɕɔ́kʰlɔ́θï]
Arakanese:
ဟင်းလျာအဖြစ် သုံးရရေ ချွဲသောအစီးဟိရေ သီးတောင့်သီးရေ အပင်တမျိုး။ ချောဒေါင့်သီး
Burmese:
ဟင်းလျာအဖြစ် သုံးရသော ချွဲသောအစေးရှိသော သီးတောင့်သီးသည့် အပင်တစ်မျိုး။ ရုံးပတီသီး
English:
ladyfinger
Grammar Note:
နာမ်
ခခွေ
[kʰkʰwè]
Arakanese:
အက္ခရာကို ခေါ်သောအမည်
Burmese:
အက္ခရာကို ခေါ်သောအမည်
English:
the letter called names of first of Arakanese consonant
Grammar Note:
နာမ်
ခဂျိတ်သျှေ
[kʰdʑeɪʔʃè]
Arakanese:
(စံမမှီ) ပုပျပ်သော၊(ယှူရေ) သုဉ်ဖျင်းသော
Burmese:
(စံမမှီ) ပုပျပ်သော၊(မအောင်မြင်) သုဉ်ဖျင်းသော
English:
not standard
Grammar Note:
နာမဝိသေသန
ခငယ်
[kʰŋɛ̀]
Arakanese:
အက္ခရာကို ခေါ်သောအမည်
Burmese:
အက္ခရာကို ခေါ်သောအမည်
English:
the letter called names of second of Arakanese consonant
Grammar Note:
နာမ်
ခင်
[kʰɪ̀ɴ]
Arakanese:
ရင်းနှီးရေ။ ချစ်ကျွမ်းဝင်ရေ။ စွဲလမ်းရေ။ တပ်မက်ရေ။ စုံမက်ရေ။ တွယ်စွာရေ
Burmese:
ရင်းနှီးသည်။ ချစ်ကျွမ်းဝင်သည်။ စွဲလမ်းသည်။ တပ်မက်သည်။ စုံမက်သည်။ တွယ်တာသည်
English:
be obsessed by
Grammar Note:
ကြိယာ