Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 381–400 of 1,812 words

    ခ

    ခိုရောက်

    [kʰÒɹɔ́ɛʔ]
    အားကိုးပြုပနာ လာရောက် နီထိုင်သည်
    အားကိုးပြု၍ လာရောက် နေထိုင်သည်
    depend
    ကြိယာ

    ခိုလှုံ့

    [kʰÒɬo̰ʊɴ]
    အားကိုးပြုပနာ လာရောက် နီထိုင်သည်
    အားကိုးပြု၍ လာရောက် နေထိုင်သည်
    depend
    ကြိယာ

    ခိုဝင်

    [kʰÒwɪ̀ɴ]
    အားကိုး အားထားပြုပနာ ဝင်ရောက်ရေ
    အားကိုး အားထားပြု၍ ဝင်ရောက်သည်
    depend
    ကြိယာ

    ခိုးဝှက်

    [kʰóʍɛʔ]
    လူများ ဝန်ကို တတိန်းချေ ခိုးဝှက်သည်
    သူတစ်ပါး ပစ္စည်းကို တိတ်တဆိတ် ခိုးဝှက်သည်
    steal
    ကြိယာ

    ခိုးသားကြယ်

    [kʰóθát͡ɕɛ̀]
    သောကြာကြယ်။ သောက်ရှူးကြယ်
    သောကြာကြယ်။ သောက်ရှူးကြယ်
    the evening star-the planet venus
    နာမ်

    ခိုးသားဓါးမြ

    [kʰóθádʱàးmɹ]
    ခိုးဝှက်မှု။ လုကုန်းဖြီှု။ ဒါးမြ တိုက်မှုတိကို ကျူးလွန်သူ
    ခိုးဝှက်မှု။ လုယက်မှု။ ဒါးမြ တိုက်မှုများကို ကျူးလွန်သူ
    thief
    နာမ်

    ခိုးသူ

    [kʰóθù]
    လူတိ၏ ဝန်ဥစ္စာကို ခိုးယူသောသူ။ သခိုး
    သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးယူသောသူ။ သူခိုး
    thief
    နာမ်

    ခိုအောင်း

    [kʰÒʔáʊɴ]
    သီတင်းသုံးရေ။ ကျိန်းအောင်း နီထိုင်ရေ။ လူများမတွိ မမြင်ယောင်ရယောင် ကွယ်ရာအရပ်၌ ခိုနိန်ရေ။ မတွိ မမြင်ရရောင် လှို့ဝှက် နီထိုင်သည်
    သီတင်းသုံးသည်။ ကျိန်းအောင်း နေထိုင်သည်။ သူတစ်ပါးမတွေ့ မမြင်အောင်ရအောင် ကွယ်ရာအရပ်၌ ခိုနေသည်။ မတွေ့ မမြင်ရအောင် လှို့ဝှက် နေထိုင်သည်
    hide
    ကြိယာ

    ခီ

    [kʰí]
    (ခိုင်းစီခြင်း) ကြိယာရို့၏ အနက်ကို လီးနက်စီရေ စကားလုံး
    (စေခိုင်းခြင်း) ကြိယာတို့၏ အနက်ကို လေးနက်စေသော စကားလုံး
    verb
    ပစ္စည်း

    ခု

    [kʰoʊ]
    အဂု။ ပြောဆိုဖေါ်ပြဆဲ ကာလ။ လက်ငင်းကာလ
    ယခု။ ပြောဆိုဖေါ်ပြဆဲ ကာလ။ လက်ငင်းကာလ
    now
    နာမ်

    ခုံ

    [kʰòʊɴ]
    ရက်ကန်းရက်ရန် စင်။ ခြေ၏အပေါ်ဖက် ခုံးခုံးအပိုင်း။ အခြီ တပ်ထားရေ လူထိုင်စရာ။ မြင့်မောက်စွာ ပြုလုပ်ထားရေ အခြီခံ။ သွယ်တန်း၍ မို့မောက်နိန်ရေ အရာ
    ယက်ကန်းရက်ရန် စင်။ ခြေ၏အပေါ်ဖက် ခုံးခုံးအပိုင်း။ အခြေ တပ်ထားသော လူထိုင်စရာ။ မြင့်မောက်စွာ ပြုလုပ်ထားသော အခြေခံ။ သွယ်တန်း၍ မို့မောက်နေသော အရာ
    chair
    နာမ်

    ခု၂

    [kʰoʊ၂]
    လက်ငင်းကာလနန့် ဆိုင်ရေ။ လက်ငင်းကာလ အဖို့ဖြစ်ရေ
    လက်ငင်းကာလနှင့် ဆိုင်သော။ လက်ငင်းကာလ အဖို့ဖြစ်သော
    now
    နာမဝိသေသန

    ခုံ၂

    [kʰòʊɴ၂]
    တရားစီရင်သော ပုဂ္ဂိုလ်။ တရားလူကြီး။ မှုခင်းအထူးကို စစ်ဆီးဖို့အတွက် ဖွဲ့ထားရေ တရားလူကြီး အဖွဲ့။ (တရားခုံ
    တရားစီရင်သော ပုဂ္ဂိုလ်။ တရားသူကြီး။ မှုခင်းအထူးကို စစ်ဆေးရန်အတွက် ဖွဲ့ထားသော တရားသူကြီး အဖွဲ့။ (တရားခုံ
    honorary magistrates court
    နာမ်

    ခု၃

    [kʰoʊ၃]
    ဝန်ဝတ္တုအစဟိစွာ တခုခုကို ရွီတွက်ရာမာ သုံးရရေ စကားလုံး
    ပစ္စည်းဝတ္တုစသည် တစ်ခုခုကို ရေတွက်ရာတွင် သုံးရသော စကားလုံး
    counting things
    ပစ္စည်း

    ခု၄

    [kʰoʊ၄]
    ထောက်ခံသည်
    ထောက်ခံသည်
    support
    ကြိယာ

    ခုခံ

    [kʰoʊkʰံ]
    အောက်က ပင့်ထောက်ထားရေ။ တပါးသူ၏ အလိုသို့ မလိုက်ပဲ ပြန်လှန်ပြောဆိုရေ
    အောက်က ပင့်ထောက်ထားသည်။ တစ်ပါးသူ၏ အလိုသို့ မလိုက်ပဲ ပြန်လှန်ပြောဆိုသည်
    resist-oppose
    ကြိယာ

    ခုံခင်း

    [kʰòʊɴkʰɪ́ɴ]
    စားပွဲထက်မာ ဖုံးလွှမ်းထားရရေ ဖျင်အစဟိစွာ
    စားပွဲပေါ်တွင် ဖုံးလွှမ်းထားရသည့် ဖျင်စသည်
    table cloth
    ကြိယာ

    ခုံခုံမင်မင်

    [kʰòʊɴkʰòʊɴmɪ̀ɴmɪ̀ɴ]
    ချစ်ခင်မြတ်နိုးရေ။ မေတ္တာ သက်ဝင်ရေ။ နှစ်သက် အားရရေ။ ဖေါ်ရွေရေ။ အယဉ်အကျေး ပြုသည်
    ချစ်ခင်မြတ်နိုးသည်။ မေတ္တာ သက်ဝင်သည်။ နှစ်သက် အားရသည်။ ဖေါ်ရွေသည်။ အယဉ်အကျေး ပြုသည်
    like
    ကြိယာ

    ခုံခုံမင်မင်၂

    [kʰòʊɴkʰòʊɴmɪ̀ɴmɪ̀ɴ၂]
    ယိုင်ကျေး ဖေါ်ရွေသော။ ပျူငှာစွာ ပဇာယန ကျီယောင် ပြုမူသော
    ယဉ်ကျေး ဖေါ်ရွေသော။ ပျူငှာစွာ လောကဝတ် ကျေအောင် ပြုမူသော
    bland
    နာမဝိသေသန

    ခုချင်း

    [kʰoʊɕɪ́ɴ]
    မဆိုင်းမငံ့။ လက်ငင်း။ အဂု
    မဆိုင်းမငံ့။ လက်ငင်း။ ချက်ချင်း
    immediately
    ကြိယာဝိသေသန