Dictionary Entries
Showing 461–480 of 1,812 words
ခ
ခုံလူကြီး
[kʰòʊɴlùt͡ɕï]
Arakanese:
တခုတရီ အမှုကိစ္စမာ အဆုံးအဖြတ်ပီးဖို့အတွက် ယာယီတင်မြှောက်ထားရေ တရားလူကြီး
Burmese:
တစ်စုံတစ်ခု အမှုကိစ္စတွင် အဆုံးအဖြတ်ပေးရန်အတွက် ယာယီတင်မြှောက်ထားသော တရားသူကြီး
English:
judge
Grammar Note:
နာမ်
ခုသံက
[kʰoʊθံk]
Arakanese:
တအောင့်လောက်က
Burmese:
မကြာသေးမီက
English:
recent
Grammar Note:
ကြိယာဝိသေသန
ခုသံခု
[kʰoʊθံkʰoʊ]
Arakanese:
တနားတခါ။ ရက်ပြတ်ရက်ပြတ်။ ခုအဂု
Burmese:
ခဏခဏ။ မကြာမကြာ။ ခုချက်ချင်း
English:
immediately
Grammar Note:
ကြိယာဝိသေသန
ခုသံခါ
[kʰoʊθံkʰà]
Arakanese:
မကြာသိမ့်ခင် အခိုက်အတန့်အထဲ
Burmese:
မကြာသေးမီ အခိုက်အတန့်အတွင်း
English:
recent
Grammar Note:
နာမ်
ခုံသမက်
[kʰòʊɴθmɛʔ]
Arakanese:
တည်ကြည် ဖြောင့်မတ်ရေလို့ လူတိကထင်မှတ် ကြိုးစားကာ တင်မြှောက်ထားရေ ခုံလူကြီး
Burmese:
တည်ကြည် ဖြောင့်မတ်သည်ဟု လူများကထင်မှတ် ကြိုးစားကာ တင်မြှောက်ထားသော ခုံလူကြီး
English:
judge
Grammar Note:
နာမ်
ခုသော်နောက်တောင်
[kʰoʊθɔ̀nɔ́ɛʔtàʊɴ]
Arakanese:
ပစ္စုပ္ပန်ကာလကို ညွှန်ပြသော စကားလုံး
Burmese:
ပစ္စုပ္ပန်ကာလကို ညွှန်ပြသော စကားလုံး
English:
now
Grammar Note:
နာမ်
ခူ
[kʰù]
Arakanese:
အမွီးအမှင်ပါရေ ပိုးကောင်
Burmese:
အမွေးအမှင်ပါသည့် ပိုးကောင်
English:
caterpillar
Grammar Note:
နာမ်
ခူး
[kʰùး]
Arakanese:
ထမင်းကိုအိုးမှ ဇွန်းယောက်မဖြင့် ကော်ယူရေ။ သစ်သီး၊ သစ်ရွက်၊ သစ်ပွင့်အစဟိစွာရို့ကို ဖြတ်ယူရေ
Burmese:
ထမင်းကိုအိုးမှ ဇွန်းယောက်မဖြင့် ကော်ယူသည်။ သစ်သီး၊ သစ်ရွက်၊ သစ်ပွင့်စသည်တို့ကို ဖြတ်ယူသည်
English:
pluck-pick
Grammar Note:
ကြိယာ
ခူစံ
[kʰùsံ]
Arakanese:
သစ်အပင်ကြီးတမျိုး။ (အနွယ်၊ အပင်၊ မြက် ဆိုပနာ သုံးမျိုးဟိရေ)
Burmese:
သစ်အပင်ကြီးတစ်မျိုး။ (အနွယ်၊ အပင်၊ မြက် ဟူ၍ သုံးမျိုးရှိသည်)
English:
tree
Grammar Note:
နာမ်
ခူစာငှက်
[kʰùsàŋ̊ɛʔ]
Arakanese:
ခူကောင်တိကို စားတတ်ရေ ငှက်တမျိုး
Burmese:
ခူကောင်များကို စားတတ်သော ငှက်တစ်မျိုး
English:
bird
Grammar Note:
နာမ်
ခူစာပင်
[kʰùsàpɪ̀ɴ]
Arakanese:
ဆားငန်ရည်မှီရာမာ ပေါက်တတ်ရေ ခြုံဖုတ်ပင်တမျိုး။ (ခူနာပေါက်ကေ ယင်းအရွက်ကို ပြာချပနာ အုန်းဆီဖြင့် လူးသော် ကောင်း၏)
Burmese:
ဆားငန်ရည်မှီရာတွင် ပေါက်တတ်သော ချုံဖုတ်ပင်တစ်မျိုး။ (ခူနာပေါက်လျှင် ၎င်းအရွက်ကို ပြာချ၍ အုန်းဆီဖြင့် လိမ်းသော် ကောင်း၏)
English:
bush
Grammar Note:
နာမ်
ခူသျှိသျှူနာ
[kʰùʃìʃùnà]
Arakanese:
သလိပ်ကြောင့်ဖြစ်ရေ ခြောင်းဆိုးနာတမျိုး
Burmese:
သလိပ်ကြောင့်ဖြစ်သော ချောင်းဆိုးနာတစ်မျိုး
English:
cough
Grammar Note:
နာမ်
ခေ
[kʰè]
Arakanese:
ဖျင်းသိမ်သော။ နိမ့်ကျသော
Burmese:
ဖျင်းသိမ်သော။ နိမ့်ကျသော
English:
decline-slope
Grammar Note:
နာမဝိသေသန
ခေတ္တ
[kʰèt̪t̪a̰]
Arakanese:
မကြာသိမ့်သော ကာလ အပိုင်းအရာ။ တိုတောင်းသော ကာလ အပိုင်းအရာ
Burmese:
မကြာသေးသော ကာလ အပိုင်းအခြား။ တိုတောင်းသော ကာလ အပိုင်းအခြား
English:
a short time
Grammar Note:
နာမ်
ခေတ်
[kʰèaʔ]
Arakanese:
သတ္တဝါရို့၏ တည်နီရာ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုရေ ကာလသုံးပါး၏ အပိုင်းအရာ
Burmese:
သတ္တဝါတို့၏ တည်နေရာ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး၏ အပိုင်းအခြား
English:
age
Grammar Note:
နာမ်
ခေတ်၂
[kʰèaʔ၂]
Arakanese:
အဂု လက်ဟိကာလနန့် ပက်သတ်သီာ
Burmese:
ယခု မျက်မှောက်ကာလနှင့် ပက်သတ်သော
English:
present
Grammar Note:
နာမဝိသေသန
ခေတ်ကာလ
[kʰèaʔkàl]
Arakanese:
ကာလသုံးပါး၏ အပိုင်းအရာ။ အချိန်အခါ
Burmese:
ကာလသုံးပါး၏ အပိုင်းအခြား။ အချိန်အခါ
English:
age
Grammar Note:
နာမ်
ခေတ်ကုန်
[kʰèaʔkòʊɴ]
Arakanese:
အကျိုးပီးသောကာလ လွန်မြောက်လားရေ
Burmese:
အကျိုးပေးသောကာလ လွန်မြောက်သွားသည်
English:
Out of date
Grammar Note:
ကြိယာ
ခေတ်ကောင်း
[kʰèaʔkáʊɴ]
Arakanese:
အီးချမ်း ငြိမ်သက်သီာကာလ အပိုင်းအရာ
Burmese:
အေးချမ်း ငြိမ်သက်သောကာလ အပိုင်းအခြား
English:
good age
Grammar Note:
နာမ်
ခေတ်ကြို
[kʰèaʔt͡ɕÒ]
Arakanese:
တခုတရီ အရီးအကြောင်း မဖြစ်ပေါ်မီကာလ
Burmese:
တစ်စုံတစ်ခု အရေးအကြောင်း မဖြစ်ပေါ်မီကာလ
English:
preliminary period
Grammar Note:
နာမ်