Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 1,812 words

    ခ

    ခေတ်စား

    [kʰèaʔsá]
    လူအသုံးတိစွာ။ မာကျယ်သည်
    လူအသုံးများသည်။ တွင်ကျယ်သည်
    popular
    ကြိယာ

    ခေတ်ဆန်

    [kʰèaʔsʰàɴ]
    အဂု လက်ဟိကာလ ထူးခြားစွာ ပြုလုပ်ရေ
    ယခု မျက်မှောက်ကာလ ထူးခြားစွာ ပြုလုပ်သည်
    modern
    ကြိယာ

    ခေတ်ဆိုးခေတ်ယုတ်

    [kʰèaʔsʰókʰèaʔjoʊʔ]
    ဆင်းရဲ ဒုက္ခနန့် တွိကြုံရရေ ကာလ။ အလွန်ညံ့ဖျင်း ဆိုးရွားသော ကာလ
    ဆင်းရဲ ဒုက္ခနှင့် တွေ့ကြုံရသော ကာလ။ အလွန်ညံ့ဖျင်း ဆိုးရွားသော ကာလ
    bad time
    နာမ်

    ခေတ်နောက်ကျ

    [kʰèaʔnɔ́ɛʔt͡ɕ]
    ခေတ်မမှီ ဖြစ်တေ
    ခေတ်မမှီ ဖြစ်သည်
    Out of date
    ကြိယာ

    ခေတ်နှောင်း

    [kʰèaʔn̥áʊɴ]
    တခုသောနှစ်၏ နောက်ဆုံးပိုင်းကာလ
    တစ်ခုသောနှစ်၏ နောက်ဆုံးပိုင်းကာလ
    neolithic
    နာမ်

    ခေတ်ပေါ်

    [kʰèaʔpɔ̀]
    လက်ဟိကာလ ထူးခြားစွာ ဖြစ်ပေါ်လှာသော
    မျက်မှောက်ကာလ ထူးခြားစွာ ဖြစ်ပေါ်လာသော
    modern
    နာမဝိသေသန

    ခေတ်ပျက်

    [kʰèaʔprɛʔ]
    စစ်မက်ရီးရာ အစဟိစွာရို့ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်တေ။ အုပ်ချုပ်သူမဟိ မင်းမဲ့စိုးမဲ့ ဖြစ်တေ
    စစ်မက်ရေးရာ စသည်တို့ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်သည်။ အုပ်ချုပ်သူမရှိ မင်းမဲ့စိုးမဲ့ ဖြစ်သည်
    bad time
    ကြိယာ

    ခေတ်ပြိုင်

    [kʰèaʔpɹàɪɴ]
    တမင်းနန့်တမင်း ပေါ်ပေါက်ချိန် တူညီရေ
    တစ်မင်းနှင့်တစ်မင်း ပေါ်ပေါက်ချိန် တူညီသည်
    contemporary
    ကြိယာ

    ခေတ်ပြောင်း

    [kʰèaʔpɹáʊɴ]
    မင်းဟောင်း ကွယ်ပျောက်၍ မင်းသစ် ရောက်ရေ။ အုပ်ချုပ်ရီးပုံစံ (ပြောင်းလဲ)လားရေ
    မင်းဟောင်း ကွယ်ပျောက်၍ မင်းသစ် ရောက်သည်။ အုပ်ချုပ်ရေးပုံစံ (ပြောင်းလဲ)သွားသည်
    change
    ကြိယာ

    ခေတ်မီ

    [kʰèaʔmí]
    လက်ဟိကာလ၏ အလိုဆန္ဒအတိုင်း ဖြစ်စီရေ။ လိုက်လျော့ ကိုက်ညီရေ
    မျက်မှောက်ကာလ၏ အလိုဆန္ဒအတိုင်း ဖြစ်စေသည်။ လိုက်လျော့ ကိုက်ညီသည်
    modern
    ကြိယာ

    ခေတ်လယ်

    [kʰèaʔlɛ̀]
    တခုသော ခေတ်၏ အလယ်ပိုင်း ကာလ
    တစ်ခုသော ခေတ်၏ အလယ်ပိုင်း ကာလ
    middle period of era
    နာမ်

    ခေတ်သစ်

    [kʰèaʔθɪʔ]
    အထူးအဆန်း ဖြစ်ပေါ်လှာသော ကာလ
    အထူးအဆန်း ဖြစ်ပေါ်လာသော ကာလ
    new era
    နာမ်

    ခေတ်သုဉ်း

    [kʰèaʔθoʊɪ́ɴ]
    ဆိတ်သုဉ်းရေ။ ယွင်းယိုပျက်စီးရေ။ တိမ်ကောရေ။ ကင်းမဲ့သည်
    ဆိတ်သုဉ်းသည်။ ယွင်းယိုပျက်စီးသည်။ တိမ်ကောသည်။ ကင်းမဲ့သည်
    degenerate
    ကြိယာ

    ခေတ်ဟောင်း

    [kʰèaʔháʊɴ]
    ကုန်လွန်ပြီးရေ ကာလ အပိုင်းအရာ
    ကုန်လွန်ပြီးသော ကာလ အပိုင်းအခြား
    Out of date
    နာမ်

    ခေတ်ဦး

    [kʰèaʔʔú]
    တခုသော ခေတ်ကာလ၏ အစပိုင်း
    တစ်ခုသော ခေတ်ကာလ၏ အစပိုင်း
    early period of era
    နာမ်

    ခေါ

    [kʰèà]
    ငေါ၍ထွက်သည်
    ငေါ၍ထွက်သည်
    bettle
    ကြိယာ

    ခေါက်

    [kʰaʊʔ]
    အသုံးမပြုပဲ သိပ်သိုထားရေ။ မာသော ဝတ္တုတခုခုဖြင့် တီးခတ်ရေ။ နောက်ကို ပြန်ဆုတ်ရေ။ တွန့်ခွေလိပ်နိန်ရေ။ ကျိုး၍ ပူးကပ်နီရေ
    အသုံးမပြုပဲ သိပ်သိုထားသည်။ မာသော ဝတ္တုတစ်ခုခုဖြင့် တီးခတ်သည်။ နောက်သို့ ပြန်ဆုတ်သည်။ တွန့်ခွေလိပ်နေသည်။ ကျိုး၍ ပူးကပ်နေသည်
    strum
    ကြိယာ

    ခေါက်၂

    [kʰaʊʔ၂]
    အကြိမ်အခါ အရွီအတွက်ကို ပြသောစကားလုံး
    အကြိမ်အခါ အရေအတွက်ကို ပြသောစကားလုံး
    counting number
    ပစ္စည်း

    ခေါက်ကနဲ

    [kʰaʊʔknɛ]
    ဖြုတ်ခြည်း။ ဗြုန်းခနဲ
    ဖြုတ်ချည်း။ ရုတ်တရက်
    suddenly
    ကြိယာဝိသေသန

    ခေါက်ကြောင်း

    [kʰaʊʔt͡ɕáʊɴ]
    အထည်ကိုထုပ်၍ ခေါက်ထားရေ အရီးအကြောင်း
    အထည်ကိုထုပ်၍ ခေါက်ထားသည့် အရေးအကြောင်း
    crease
    နာမ်