Dictionary Entries
Showing 521–540 of 1,812 words
ခ
ခေါက်ရက်
[kʰaʊʔɹɛʔ]
Arakanese:
သနားညှာတာမှု၊ ငဲ့ကွက်မှု၊ ထောက်ထားစာနာမှု ကင်းမဲ့ဗျာယ်။ မစဉ်းမစား။ မထိန်းမသိမ်း။ မဆင်မခြင်။ တဇူးကန်း
Burmese:
သနားညှာတာမှု၊ ငဲ့ကွက်မှု၊ ထောက်ထားစာနာမှု ကင်းမဲ့လျက်။ မစဉ်းမစား။ မထိန်းမသိမ်း။ မဆင်မခြင်။ တဇောက်ကန်း
English:
rackless person
Grammar Note:
ကြိယာဝိသေသန
ခေါက်ရန်း
[kʰaʊʔɹáɴ]
Arakanese:
အဖြူရောင်၊ ကြက်သွီးရောင်၊ အရဲရောင်ပွင့်သော အလှစိုက် ပန်းပင်တမျိုး
Burmese:
အဖြူရောင်၊ ကြက်သွီးရောင်၊ အနီရောင်ပွင့်သော အလှစိုက် ပန်းပင်တစ်မျိုး
English:
habiscus
Grammar Note:
နာမ်
ခေါက်ရောက်
[kʰaʊʔɹɔ́ɛʔ]
Arakanese:
၁၊ မှင်းကျိုးသီး မမှည့်တမှည့်။ အခွံမချောင် တချာင်။ ၂၊ အစိမှ ဆီရပြီးကေ အရွက်လက် ခြားဟိရေအပင်တမျိုး
Burmese:
၁၊ မန်ကျည်းသီး မမှည့်တမှည့်။ အခွံမချောင် တချာင်။ ၂၊ အစေ့မှ ဆီရ၍ အရွက်လက် ခြားရှိသောအပင်တစ်မျိုး
English:
ripe tamarind fruit
Grammar Note:
နာမ်
ခေါက်ရွှက်ယင့်
[kʰaʊʔɹW̯ɛʔjɪ̰ɴ]
Arakanese:
အပြစ်ကို အပြစ်ဟု မနာယူပဲ လွတ်လပ်မှု ပေးသနားရေ။ ချမ်းသာပီးရေ။ ခွင့်ရွှတ်ရေ။ လွတ်လပ်စွာ ဆောင်ရွက်မှု ပီးရေ။ ဟန့်တားမှုမှ လွှတ်ပီးသည်
Burmese:
အပြစ်ကို အပြစ်ဟု မနာယူပဲ လွတ်လပ်မှု ပေးသနားသည်။ ချမ်းသာပေးသည်။ ခွင့်လွှတ်သည်။ လွတ်လပ်စွာ ဆောင်ရွက်မှု ပေးသည်။ တားဆီးမှုမှ လွှတ်ပေးသည်
English:
forgive
Grammar Note:
ကြိယာ
ခေါက်သား
[kʰaʊʔθá]
Arakanese:
အချပ်အလွှာကို ခေါက်ထားရာမှ ဖြစ်ပွားလာရေ အခေါက်အရာ
Burmese:
အချပ်အလွှာကို ခေါက်ထားရာမှ ဖြစ်ပွားလာသော အခေါက်အရာ
English:
crease
Grammar Note:
နာမ်
ခေါက်သီး
[kʰaʊʔθï]
Arakanese:
ကချေတိ မားပစ်ကစပ်သော လောက်စာသီးပိုင် အလုံးငယ်။ ဂေါ်လီလုံး
Burmese:
ကလေးများ တွင်းပစ်ကစားသော လောက်စာသီးသဖွယ် အလုံးငယ်။ ဂေါ်လီလုံး
English:
marble
Grammar Note:
နာမ်
ခေါခေါ
[kʰèàkʰèà]
Arakanese:
ငေါ၍ထွက်သော။ အပြင်သို့အစွန်းပြုပနာ ထွက်နိန်ရေ
Burmese:
ငေါ၍ထွက်သော။ အပြင်သို့အစွန်းပြု၍ ထွက်နေသော
English:
bettle
Grammar Note:
နာမဝိသေသန
ခေါခွက်
[kʰèàkʰwɛʔ]
Arakanese:
စုန်း၊ ဘုတ်၊ ဆစ္ဆီ၊ သဆီသော မကောင်းဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အကွက်ကျဲကျဲ ခြင်းငယ်။ ခေါခွက်
Burmese:
စုန်း၊ ဘုတ်၊ တစ္ဆေသော မကောင်းဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အကွက်ကျဲကျဲ ခြင်းငယ်။ ခေါခွက်
English:
cup of spirit
Grammar Note:
နာမ်
ခေါခွက်တောင်းပန်
[kʰèàkʰwɛʔtáʊɴpàɴ]
Arakanese:
စုန်း၊ ဘုတ်၊ ဆစ္ဆီ၊ သဆီသော မကောင်းဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အခြီပါရေ ခေါပန်းတောင်း
Burmese:
စုန်း၊ ဘုတ်၊ တစ္ဆေသော မကောင်းဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အခြေပါသော ခေါပန်းတောင်း
English:
cup of spirit
Grammar Note:
နာမ်
ခေါင်
[kʰèàɪ̀ɴ]
Arakanese:
ကောင်းဘီယက်ဖြစ်ရေ။ အလှဆုံးဖြစ်ရေ။ ထိပ်တန်းကျသော
Burmese:
အကောင်းဆုံးဖြစ်သော။ အလှဆုံးဖြစ်သော။ ထိပ်တန်းကျသော
English:
best
Grammar Note:
နာမဝိသေသန
ခေါင်း
[kʰèàɪ́ɴ]
Arakanese:
ဟင်းလင်းအပေါက်။ လူသီကောင်ကို ထည့်ထားရေ ဆောင်းဒူ။ တံဆိပ်အမှတ်။ ဦးဆောင်သူ။ အကြီးအကဲလုပ်သူ။ ရှေ့ဆောင်သူ။ အမြစ်ဖု။ တခုတရီ၏ ထိပ်ဖျားပိုင်း
Burmese:
ဟင်းလင်းအပေါက်။ လူသေကောင်ကို ထည့်ထားသော သေတ္တာ။ တံဆိပ်အမှတ်။ ဦးဆောင်သူ။ အကြီးအကဲလုပ်သူ။ ရှေ့ဆောင်သူ။ အမြစ်ဖု။ တစ်စုံတစ်ခု၏ ထိပ်ဖျားပိုင်း
English:
coffin
Grammar Note:
နာမ်
ခေါင်၂
[kʰèàɪ̀ɴ၂]
Arakanese:
အစောက်အားဖြင့် အသျှူတရာမြင့်မားသော။ ပွေလာဦးဆုံး ဖြစ်ရေ။ နှစ်ကာလအားဖြင့် ကြာလွန်းသော။ မြင့်မြတ်သော။ အလှမ်းကွာ ဝေးသော
Burmese:
အစောက်အားဖြင့် အလွန်မြင့်မားသော။ အစအဦးဆုံး ဖြစ်သော။ နှစ်ကာလအားဖြင့် ကြာလွန်းသော။ မြင့်မြတ်သော။ အလှမ်းကွာ ဝေးသော
English:
high
Grammar Note:
နာမဝိသေသန
ခေါင်၃
[kʰèàɪ̀ɴ၃]
Arakanese:
တောင်ညာစံ အကြီးဆုံးသော မိဖုရား။ အမြင့်မားဆုံး နီရာ။ အလှဆုံး
Burmese:
တောင်ညာစံ အကြီးဆုံးသော မိဖုရား။ အမြင့်မားဆုံး နေရာ။ အလှဆုံး
English:
crown princess
Grammar Note:
နာမ်
ခေါင်ခတ်
[kʰèàɪ̀ɴkʰaʔ]
Arakanese:
အမြင့်ဆုံးဖြစ်ရေ (အပင်) အကိုင်းခက်
Burmese:
အမြင့်ဆုံးဖြစ်သော (သစ်ပင်) အကိုင်းခက်
English:
branch
Grammar Note:
နာမ်
ခေါင်ခိုက်
[kʰèàɪ̀ɴkʰaɪʔ]
Arakanese:
ကြွီးမြီးအစဟိစွာရို့ များပြားလွန်သည်
Burmese:
ကြွေးမြီးစသည်တို့ များပြားလွန်သည်
English:
credits
Grammar Note:
ကြိယာ
ခေါင်ချိုးကစပ်တမ်း
[kʰèàɪ̀ɴɕóksaʔtáɴ]
Arakanese:
န-ဂေါင်းဖြတ်ကစပ်တမ်း
Burmese:
န-ဂေါင်းဖြတ်ကစပ်တမ်း
English:
none
Grammar Note:
နာမ်
ခေါင်ချုပ်
[kʰèàɪ̀ɴɕoʊʔ]
Arakanese:
အိမ် အမိုးခေါင်အရပ်ကို မိုးလုံနီအောင် အုပ်ဖုံးထားရေ
Burmese:
အိမ် အမိုးခေါင်အရပ်ကို မိုးလုံနေအောင် အုပ်ဖုံးထားသည်
English:
roof
Grammar Note:
ကြိယာ
ခေါင်ချုပ်၂
[kʰèàɪ̀ɴɕoʊʔ၂]
Arakanese:
ရပ်ရွာမာ အကြီးအကဲရပ်ရွာကို အုပ်ချုပ်သူ
Burmese:
ရပ်ရွာတွင် အကြီးအကဲရပ်ရွာကို အုပ်ချုပ်သူ
English:
administrator
Grammar Note:
နာမ်
ခေါင်စင်းအိမ်
[kʰèàɪ̀ɴsɪ́ɴʔèɪɴ]
Arakanese:
ဝဲယာနှစ်ဘက် တောင်ပံချပနာ ဆောက်ထားရေ အိမ်။ လှိုင်တန်းပိုင် (ရိုးရိုး) ဆောက်ထားရေအိမ်
Burmese:
ဝဲယာနှစ်ဘက် တောင်ပံချ၍ ဆောက်ထားသော အိမ်။ တန်းလျားကဲ့သို့ (ရိုးရိုး) ဆောက်ထားသောအိမ်
English:
line
Grammar Note:
နာမ်
ခေါင်းစဉ်
[kʰèàɪ́ɴsɪ̀ɴ]
Arakanese:
အဓိကအရီးကြီးရေ အကြောင်းအရာကို စီစိုင်ထားရေ အရာ။ စာရင်း
Burmese:
အဓိကအရေးကြီးသော အကြောင်းအရာကို စီစဉ်ထားသော အရာ။ စာရင်း
English:
title
Grammar Note:
နာမ်