Dictionary Entries
Showing 41–60 of 1,812 words
ခ
ခင်း
[kʰɪ́ɴ]
Arakanese:
အလျားရှည်အောင် ဆန့်ရေ။ (သဲ စစွာကို) အနှံဖြစ်ယောင် ခြင်းရေ။ (ခင်းအမျိုးမျိုး သုံးပုံသုံးနည်းဟိရေ။ ပွဲခင်း။ သဘင်ခင်း။ ရွာခင်း။ ကျောခင်း။ စကားခင်း။ ကထိန်ခင်း။ ဆိုင်ခင်းစရေ။
Burmese:
အလျားရှည်အောင် ဆန့်သည်။ (သဲ စသည်ကို) အနှံဖြစ်အောင် ကြဲဖြန့်သည်။ (ခင်းအမျိုးမျိုး သုံးပုံသုံးနည်းရှိသည်။ ပွဲခင်း။ သဘင်ခင်း။ ရွာခင်း။ ကျောခင်း။ စကားခင်း။ ကထိန်ခင်း။ ဆိုင်ခင်းစသည်။
English:
scatter-cast
Grammar Note:
ကြိယာ
ခင်၂
[kʰɪ̀ɴ၂]
Arakanese:
ခြည်ခင် စစွာကို ရွီတွက်ရာမာ သုံးသောစကားလုံး
Burmese:
ချည်ခင် စသည်ကို ရေတွက်ရာ၌ သုံးသောစကားလုံး
English:
counting thread
Grammar Note:
နာမ်
ခင်း၂
[kʰɪ́ɴ၂]
Arakanese:
အိပ်ရာ၊ မွေရာ၊ စားပွဲ အစဟိစွာရို့၏ ကို လွှမ်းတင်ရရေ အရာ။ စိုက်ပျိုးထားရေ လယ်ပြင်။ ယာကွင်းအစဟိစွာ
Burmese:
အိပ်ရာ၊ မွေရာ၊ စားပွဲ စသည်တို့၏ အပေါ်တွင် လွှမ်းတင်ရသော အရာ။ စိုက်ပျိုးထားသော လယ်ကွင်း။ ယာကွင်းစသည်
English:
field
Grammar Note:
နာမ်
ခင်၃
[kʰɪ̀ɴ၃]
Arakanese:
တခုတရီကို ကြိုတင်ဆောင်ရွက်ပြီး၊ ပြုပြီး၊ ဖြစ်ပြီးကေ အကြောင်းကိုညွှန်ပြသော စကားလုံး၊ မိုးမရွာခင် အိမ်မိုးပြီးခင်လို့၊ ထမင်းစားပြီးခင်လို့။ ပဋိသေဓပုဒ်နန့်တွဲပြီးကေ သုံးရေအခါ မလုပ်ခင်၊ မပြီးခင်၊ မစားခင် အစဟိရေ အကြောင်းကို ညွန်ပြရေ စကားလုံး
Burmese:
တစ်စုံတစ်ခုကို ကြိုတင်ဆောင်ရွက်ပြီး၊ ပြုပြီး၊ ဖြစ်ပြီး အကြောင်းကိုညွှန်ပြသော စကားလုံး၊ မိုးမရွာခင် အိမ်မိုးပြီးခင်လို့၊ ထမင်းစားပြီးခင်လို့။ ပဋိသေဓပုဒ်နှင့်တွဲ၍ သုံးသောအခါ မလုပ်ခင်၊ မပြီးခင်၊ မစားခင် စသော အကြောင်းကို ညွန်ပြသော စကားလုံး
English:
preparing for something do
Grammar Note:
ပစ္စည်း
ခင်ကုန်း
[kʰɪ̀ɴkóʊɴ]
Arakanese:
ပြန့်ပြူးမို့မောက်နိန်ရေ မြီကုန်းတန်း
Burmese:
ပြန့်ပြူးမို့မောက်နေသော မြေကုန်းတန်း
English:
ridge
Grammar Note:
နာမ်
ခင်းကျင်း
[kʰɪ́ɴt͡ɕɪ́ɴ]
Arakanese:
နီရာတကျ စီစိုင်ထားရေ
Burmese:
နေရာတစ်ကျ စီစဉ်ထားသည်
English:
display
Grammar Note:
ကြိယာ
ခင်ခင်
[kʰɪ̀ɴkʰɪ̀ɴ]
Arakanese:
အမိ၏မောင် ဝရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
Burmese:
အမိ၏မောင် ဦးရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
English:
uncle
Grammar Note:
နာမ်
ခင်းခင်
[kʰɪ́ɴkʰɪ̀ɴ]
Arakanese:
အမိ၏မောင် ဝရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
Burmese:
အမိ၏မောင် ဦးရီးကို(ချစ်စနိုး)ဖြင့် ခေါ်သောစကား
English:
uncle
Grammar Note:
နာမ်
ခင်စိုင်း
[kʰɪ̀ɴsáɪɴ]
Arakanese:
တောင်နှစ်ခု အကြားဟိ လမ်းကျဉ်းအချေ။ တောင်များအကြားမာ တည်ဟိရေ ချောက်ရှည်။ တောင်နှစ်ခုအကြားဟိ လွင်ပြင်။ တောင်ဝှမ်း
Burmese:
တောင်နှစ်ခု အကြားရှိ လမ်းကျဉ်းကလေး။ တောင်များအကြားတွင် တည်ရှိသော ချောက်ရှည်။ တောင်နှစ်ခုအကြားရှိ လွင်ပြင်။ တောင်ဝှမ်း
English:
valley
Grammar Note:
နာမ်
ခင်းစီ
[kʰɪ́ɴsí]
Arakanese:
လျောင်း၊ ထိုင်၊ အိပ်ရန်ဖြင့် ခင်းရရေအရာ။ ခင်းနှီး
Burmese:
လျောင်း၊ ထိုင်၊ အိပ်ရန်ဖြင့် ခင်းရသောအရာ။ ခင်းနှီး
English:
sheet-bedding
Grammar Note:
နာမ်
ခင်တွယ်
[kʰɪ̀ɴtwɛ̀]
Arakanese:
စွဲလမ်းသည်
Burmese:
စွဲလမ်းသည်
English:
be obsessed by
Grammar Note:
ကြိယာ
ခင်ပလွီ
[kʰɪ̀ɴplwí]
Arakanese:
ပစထဲမာ ခပ်စောင်းစောင်း ထားပနာ မှုတ်ရရေ တတောင်ခန့်ဟိ ပလွီတမျိုး
Burmese:
ပါးစပ်ထဲတွင် ခပ်စောင်းစောင်း ထား၍ မှုတ်ရသော တစ်တောင်ခန့်ရှိ ပလွေတစ်မျိုး
English:
flute
Grammar Note:
နာမ်
ခင်းပျဉ်
[kʰɪ́ɴprɪ̀ɴ]
Arakanese:
ပျိုင်စီရာမာ အသုံးပြုရေ ပျိုင်
Burmese:
ကြမ်းခင်းရာတွင် အသုံးပြုသော ပျဉ်
English:
floor wood
Grammar Note:
နာမ်
ခင်ပွန်း
[kʰɪ̀ɴpʊ́ɴ]
Arakanese:
လင်။ မယား။ လင်မယား။ မိတ်ဆွီ။ သူငယ်ချင်း။ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံသူ
Burmese:
လင်။ မယား။ လင်မယား။ မိတ်ဆွေ။ သူငယ်ချင်း။ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံသူ
English:
husband
Grammar Note:
နာမ်
ခင်ပွန်းမွှန်း
[kʰɪ̀ɴpʊ́ɴmW̯áɴ]
Arakanese:
မိတ်ဆွီအဖြစ် ရောက်ယောင် အားထုတ် ဆက်ဆံရေ။ မိတ်ဖွဲ့ရေ။ မိတ်ဆွီအဖြစ်သို့ ရောက်ရေ။ ခင်မင်ကျွမ်းဝင်စွာ ဆက်သွယ်မိရေ
Burmese:
မိတ်ဆွေအဖြစ် ရောက်အောင် အားထုတ် ဆက်ဆံသည်။ မိတ်ဖွဲ့သည်။ မိတ်ဆွေအဖြစ်သို့ ရောက်သည်။ ခင်မင်ကျွမ်းဝင်စွာ ဆက်သွယ်မိသည်
English:
friend
Grammar Note:
နာမ်
ခင်ပွန်းသည်
[kʰɪ̀ɴpʊ́ɴθɛ̀]
Arakanese:
လင်။ မယား
Burmese:
လင်။ မယား
English:
husband
Grammar Note:
နာမ်
ခင်မင်
[kʰɪ̀ɴmɪ̀ɴ]
Arakanese:
ရင်းနှီးရေ။ အလွန်ကျွမ်းဝင်ရေ။ နှစ်သက်ရေ။ ချစ်ရေ။ တွယ်စွာရေ
Burmese:
ရင်းနှီးသည်။ အလွန်ကျွမ်းဝင်သည်။ နှစ်သက်သည်။ ချစ်သည်။ တွယ်တာသည်
English:
be obsessed by
Grammar Note:
ကြိယာ
ခင်ရိုးတန်း
[kʰɪ̀ɴɹótáɴ]
Arakanese:
ပြန့်ပြူးမို့မောက်နိန်ရေ မြီကုန်းတန်း
Burmese:
ပြန့်ပြူးမို့မောက်နေသော မြေကုန်းတန်း
English:
ridge
Grammar Note:
နာမ်
ခံစစ်
[kʰံsɪʔ]
Arakanese:
တိုက်ခိုက်လာရေ တဖက်ရန်သူကို ခုခံတိုက်ခိုက်မှု
Burmese:
တိုက်ခိုက်လာသော တစ်ဖက်ရန်သူကို ခုခံတိုက်ခိုက်မှု
English:
defensive
Grammar Note:
နာမ်
ခစပ်
[kʰsaʔ]
Arakanese:
တခုတရီ ပြုလုပ်ဖို့အတွက် အောက်ကျနောက်ကျခံပြီး တောင်းတောင်း ပန်ပန် ပြောဆိုရေ
Burmese:
တစ်စုံတစ်ခု ပြုလုပ်ရန်အတွက် အောက်ကျနောက်ကျခံပြီး တောင်းတောင်း ပန်ပန် ပြောဆိုသည်
English:
ask permission
Grammar Note:
ကြိယာ