Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 1,812 words

    ခ

    ခေါ်ခေါ်ရော်ရော်၂

    [kʰɔ̀kʰɔ̀ɹɔ̀ɹɔ̀၂]
    နူးညံ့ချောမွိ့ခြင်း ကင်းသော
    နူးညံ့ချောမွေ့ခြင်း ကင်းသော
    rude
    နာမဝိသေသန

    ခေါ်ခေါ်ဝေါ်ဝေါ်

    [kʰɔ̀kʰɔ̀wɔ̀wɔ̀]
    သင့်သင့်မြတ်မြတ်။ ချစ်ချစ်ခင်ခင်။ ဖေါ်ရွေပျူငှာစွာ။ ပဇာယန ကျေသော အပြုအမူဖြင့်
    သင့်သင့်မြတ်မြတ်။ ချစ်ချစ်ခင်ခင်။ ဖေါ်ရွေပျူငှာစွာ။ လောကဝတ် ကျေသော အပြုအမူဖြင့်
    affabililty
    ကြိယာဝိသေသန

    ခေါ်ဆို

    [kʰɔ̀sʰÒ]
    အမည်နာမ(ခေါ်)မာ စီရေ
    အမည်နာမ(ခေါ်)တွင် စေသည်
    call name
    ကြိယာ

    ခေါ်ဆောင်

    [kʰɔ̀sʰàʊɴ]
    တပါးတည်း ဆောင်ကြဉ်းယူလာရေ
    တစ်ပါးတည်း ဆောင်ကြဉ်းယူလာသည်
    bring
    ကြိယာ

    ခေါ်တော

    [kʰɔ̀tɔ́]
    မူစလင်ဘာသာဝင် ကျေးလက်ကျွန်းရွာမာ နီထိုင်သော ဘင်္ဂလီ(ကုလား) ကိုခေါ်သော စကားလုံး
    မူစလင်ဘာသာဝင် ကျေးလက်တောရွာတွင် နေထိုင်သော ဘင်္ဂလီ(ကုလား) ကိုခေါ်သော စကားလုံး
    bengali
    နာမ်

    ခေါ်တောင်း

    [kʰɔ̀táʊɴ]
    နိူင်းပြိုင်အားစမ်းရန် ဖိတ်ခေါ်ရေ။ ခေါ်တောင်းရေ။ တယောက်တလီသော သူ့ပါးမှ တခုတရီသော ဝန်ကိုတောင်းယူရေ
    ယှဉ်ပြိုင်အားစမ်းရန် ဖိတ်ခေါ်သည်။ စိန်ခေါ်သည်။ တစ်စုံတစ်ယောက်သော သူထံမှ တစ်စုံတစ်ခုသော ပစ္စည်းကိုတောင်းယူသည်
    challenge
    ကြိယာ

    ခေါ်တွင်

    [kʰɔ̀twɪ̀ɴ]
    အမည်နာမပြုသည်
    အမည်နာမပြုသည်
    name
    ကြိယာ

    ခေါ်ပုံ

    [kʰɔ̀pòʊɴ]
    (တယောက်တလီအား ခေါ်ကေ ကြမ်းတမ်းစွာ မခေါ်ပဲ) သာယာ နာပျော်ဖွယ်ရာ၊ သနား ချစ်ခင်ဖွယ်ရာ အမူအရာဖြင့် ခေါ်ဝေါ်ရန် နည်းစနစ်
    (တစ်စုံတစ်ယောက်အား ခေါ်လျှင် ကြမ်းတမ်းစွာ မခေါ်ပဲ) သာယာ နာပျော်ဖွယ်ရာ၊ သနား ချစ်ခင်ဖွယ်ရာ အမူအရာဖြင့် ခေါ်ဝေါ်ရန် နည်းစနစ်
    polite word
    နာမ်

    ခေါ်လို့ဝေါ်လို့

    [kʰɔ̀lo̰wɔ̀lo̰]
    ကြည်သထာဖြူ။ ချစ်ခင်နှစ်သက်စွာ။ ပျူငှာသော ပဇာယနဖြင့်။ သင့်သင့်မြတ်မြတ်
    ကြည်ကြည်ဖြူဖြူ။ ချစ်ခင်နှစ်သက်စွာ။ ပျူငှာသော လောကဝတ်ဖြင့်။ သင့်သင့်မြတ်မြတ်
    be proper-be on good terms
    ကြိယာဝိသေသန

    ခေါ်ဝေါ်

    [kʰɔ̀wɔ̀]
    ပညတ်ရေ။ အမည်မှည့်သည်
    ပညတ်သည်။ အမည်မှည့်သည်
    name
    ကြိယာ

    ခေါ်ဝေါ်မကျီ

    [kʰɔ̀wɔ̀mt͡ɕí]
    ပျူငှာသော ပဇာယနဖြင့်။ မပြတ်မလတ် အဆက်အသွယ် ပြုဗျာယ်
    ပျူငှာသော လောကဝတ်ဖြင့်။ မပြတ်မလတ် အဆက်အသွယ် ပြုလျက်
    be proper-be on good terms
    ကြိယာဝိသေသန

    ခဲ

    [kʰɛ]
    မကန်မဝှန်။ ပျစ်ဗျာယ်
    အများအပြား။ ပြွတ်သိပ်လျက်
    many-be teeming with
    ကြိယာဝိသေသန

    ခဲ၂

    [kʰɛ၂]
    မလွယ်ကူ၊ ခက်သည်၊ ပေါင်းစည်းရေ။ အခံရခက်သော ဝေဒနာတမျိုး ခံစားရရေ။ ကိုက်သည်
    မလွယ်ကူ၊ ခက်သည်၊ ပေါင်းစည်းသည်။ အခံရခက်သော ဝေဒနာတစ်မျိုး ခံစားရသည်။ ကိုက်သည်
    Hard-bite
    ကြိယာ

    ခဲ၃

    [kʰɛ၃]
    ထိုင်းမှိုင်း၍ ပျော့ပျောင်းရေ သတ္တုတမျိုး။ အစိုင်အတုံး။ မြေစိုင်မြေတုံး
    လေးလံ၍ ပျော့ပျောင်းသော သတ္တုတစ်မျိုး။ အစိုင်အတုံး။ မြေစိုင်မြေတုံး
    stone
    နာမ်

    ခဲ၄

    [kʰɛ၄]
    ချာလပတ်လည်ယောင် ပတ်လည်ဗျာယ်။ အဟိန်ပြင်းစွာ ဝေ့ဝိုက်တိုက်ခတ်ဗျာယ်
    ချာချာလည်အောင် ပတ်လည်လျက်။ အရှိန်ပြင်းစွာ ဝေ့ဝိုက်တိုက်ခတ်လျက်
    googly
    ကြိယာဝိသေသန

    ခဲကပ်

    [kʰɛkaʔ]
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်တေ။ ငြိုငြင်ဖွယ်ဖြစ်တေ။ ခက်ခဲရေ။ ခဲယဉ်းသည်
    မလွယ်ကူ၊ ပင်ပန်းဖွယ်ဖြစ်သည်။ ငြိုငြင်ဖွယ်ဖြစ်သည်။ ခက်ခဲသည်။ ခဲယဉ်းသည်
    hard
    ကြိယာ

    ခဲကလောင်

    [kʰɛklàʊɴ]
    သစ်သားအချောင်းအတံမာ ခဲသွပ်ထားရေ စာရီးကိရိယာ။ ခဲကလောင်
    သစ်သားအချောင်းအတံတွင် ခဲသွပ်ထားသော စာရေးကိရိယာ။ ခဲတံ
    pencil
    နာမ်

    ခဲကိုင်

    [kʰɛkàɪɴ]
    ခဲ၊ သံ၊ ကြီးပြားစစွာကို အဝိုင်းငယ် ပြုလုပ်ထားရေ အရာ။ (ဖေသာမားပစ် ကစပ်ရာမာ ဖေသာကို ထိမှန်ယောင် ထိုးရရေ အပိုင်းငယ်)
    ခဲ၊ သံ၊ ကြေးပြားစသည်ကို အဝိုင်းငယ် ပြုလုပ်ထားသော အရာ။ (ပိုက်ဆံတွင်းပစ် ကစားရာတွင် ပိုက်ဆံကို ထိမှန်အောင် ထိုးရသော အပိုင်းငယ်)
    iron coin
    နာမ်

    ခဲကြွပ်

    [kʰɛt͡ɕwaʔ]
    အလွန်ကြွပ်ဆတ်၍ လေးသော သတ္တုတမျိုး။ ခဲမသေ
    အလွန်ကြွပ်ဆတ်၍ လေးသော သတ္တုတစ်မျိုး။ ခဲမသေ
    stone
    နာမ်

    ခဲခက်

    [kʰɛkʰɛʔ]
    မလွယ်ကူ။ ပင်ပန်းဖွယ်ဖြစ်တေ။ ငြိုငြင်ဖွယ်ဖြစ်တေ
    မလွယ်ကူ။ ပင်ပန်းဖွယ်ဖြစ်သည်။ ငြိုငြင်ဖွယ်ဖြစ်သည်
    hard-nuisance
    ကြိယာ