Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 681–700 of 1,812 words

    ခ

    ခါးပိုက်အိတ်

    [kʰàးpaɪʔʔeɪʔ]
    ခါးပိုက်ကိုအိတ်ပိုင် ပြုလုပ်ထားရေ အရာ
    ခါးပိုက်ကိုအိတ်သဖွယ် ပြုလုပ်ထားသော အရာ
    pocket bag
    နာမ်

    ခါးပုံ

    [kʰàးpòʊɴ]
    ခါးဝတ်ခတောင်း ဝတ်ထားရေအခါ ရှေ့ဘက် ခတောင်း အစု။ ခတောင်းဝတ်ထားရေ နီရာ။ ခါး
    ခါးဝတ်ပုဆိုး ဝတ်ထားသောအခါ ရှေ့ဘက် ပုဆိုး အစု။ ပုဆိုးဝတ်ထားသော နေရာ။ ခါး
    waist
    နာမ်

    ခါးပုံစွန်း

    [kʰàးpòʊɴsʊ́ɴ]
    ခါးဝတ်ခတောင်း ဝတ်ရေအခါ ခါးရှေ့၌ တွဲကျနီသော ခတောင်းစွန်း
    ခါးဝတ်ပုဆိုး ဝတ်သောအခါ ခါးရှေ့၌ တွဲကျနေသော ပုဆိုးစွန်း
    none
    နာမ်

    ခါးပေါ်

    [kʰàးpɔ̀]
    ခတောင်း၊ လုံချီ ဝတ်သောနီရာ။ ခါး
    ပုဆိုး၊ လုံချီ ဝတ်သောနေရာ။ ခါး
    waist
    နာမ်

    ခါးပေါ်ဒါး

    [kʰàးpɔ̀dàး]
    ခါး၌ ဆောင်ယူသော ဒါးမြှောင်
    ခါး၌ ဆောင်ယူသော ဒါးမြှောင်
    knife
    နာမ်

    ခါးပျောက်ဝန်

    [kʰàးprɔ́ɛʔwàɴ]
    ခါးမာ ဆောင်ယူနှိုင်ရေ အဖိုးတန်ဝန် ကျောက်သံ ပတ္တမြားအစဟိစွာ
    ခါးတွင် ဆောင်ယူနိုင်သော အဖိုးတန်ပစ္စည်း ကျောက်သံ ပတ္တမြားစသည်
    hide jewelry in logyi
    နာမ်

    ခါးပျောင်း

    [kʰàးpráʊɴ]
    ခတောင်းဝတ်သောနီရာ။ ခါး
    ပုဆိုးဝတ်သောနေရာ။ ခါး
    waist
    နာမ်

    ခါဗူးမှုန့်

    [kʰàbùးm̥òʊɴ့]
    မျက်နှာရို့ကို လူးခြယ်သော အမှုန့်။ ပေါင်ယပိုင်မှုန့်
    မျက်နှာတို့ကို လိမ်းခြယ်သော အမှုန့်။ ပေါင်ဒါမှုန့်
    powder
    နာမ်

    ခါးယောက်

    [kʰàးjɔ́ɛʔ]
    လုံချီ။ ခတောင်း
    လုံချီ။ ပုဆိုး
    longyi
    နာမ်

    ခါးလယ်

    [kʰàးlɛ̀]
    အလယ်။ နီရာနှစ်ခုရို့၏ ချက်မဖြစ်ရေ အရပ်
    အလယ်။ နေရာနှစ်ခုတို့၏ ချက်မဖြစ်သော အရပ်
    middle-center
    နာမ်

    ခါလီ

    [kʰàlí]
    တက်တက်တက်တက်ပြောင်ရေ။ သုံးစားရန် ဘာတခုလည်းမဟိဖြစ်တေ။ အခြည်းနှီးသတ်သတ် ဖြစ်တေ
    အားလုံးကုန်စင်သည်။ သုံးစားရန် ဘာမှမရှိဖြစ်သည်။ အချည်းနှီးသက်သက် ဖြစ်သည်
    in vain-to no purpose-without gain
    ကြိယာ

    ခါလီကျ

    [kʰàlít͡ɕ]
    တက်တက်တက်တက်ပြောင်ရေ။ သုံးစားရန် ဘာတခုလည်းမဟိဖြစ်တေ။ အခြည်းနှီးသတ်သတ် ဖြစ်တေ
    အားလုံးကုန်စင်သည်။ သုံးစားရန် ဘာမှမရှိဖြစ်သည်။ အချည်းနှီးသက်သက် ဖြစ်သည်
    in vain-to no purpose-without gain
    ကြိယာ

    ခါသ

    [kʰàθ]
    စိတ်မငြိမ်ပဲ ပျက်ချိပျက်ချော် ပြောဆိုပြုမူ့သူ။ ရူးကြောင်ကြောင်။ စိတ်မနှံသူ
    စိတ်မငြိမ်ပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမူ့သူ။ ရူးကြောင်ကြောင်။ စိတ်မနှံသူ
    mentally ill
    နာမ်

    ခါးသလက်

    [kʰàးθlɛʔ]
    စိကေချေခါးသော အရသာဟိရေ
    အနည်းငယ်ခါးသော အရသာရှိသော
    bitter
    နာမဝိသေသန

    ခါသလီခါသလာ

    [kʰàθlíkʰàθlà]
    စိကေချေ စိတ်မနှံပဲ၊ ရူးနှမ်းနှမ်း
    အနည်းငယ် စိတ်မနှံပဲ၊ ရူးနှမ်းနှမ်း
    mentally ill
    ကြိယာဝိသေသန

    ခါသာ

    [kʰàθà]
    ရှီးကာလသုံး ပိတ်ကောင်း ပိတ်ချောတမျိုး။ ပိုးခြည်အကောင်းစားဖြင့် ရက်လုပ်ထားရေ ပိုးဖျင်တမျိုး
    ရှေးကာလသုံး ပိတ်ကောင်း ပိတ်ချောတစ်မျိုး။ ပိုးချည်အကောင်းစားဖြင့် ရက်လုပ်ထားသော ပိုးဖျင်တစ်မျိုး
    silk fabric
    နာမ်

    ခါသီခါသာ

    [kʰàθíkʰàθà]
    စိကေချေ စိတ်မနှံပဲ။ ဆင်ခြင်နိုင်စွမ်း မဟိခြင်းကြောင့် ဗရဗရီ ပြုမိပြုရာ ပြုရွီတွက်နန့်
    အနည်းငယ် စိတ်မနှံပဲ။ ဆင်ခြင်နိုင်စွမ်း မရှိခြင်းကြောင့် ထင်မိထင်ရာ ပြုမိပြုရာ ပြုသောအားဖြင့်
    mentally ill
    ကြိယာဝိသေသန

    ချ့

    [ɕ့]
    ခြည်မျှင်ချရရေ ယက်။ ချာလပတ်လည်နိန်ရေ အရာ။ ချား
    ချည်မျှင်ချရသော ရဟတ်။ ချာချာလည်နေသော အရာ။ ချား
    borax
    နာမ်

    ချ့၂

    [ɕ့၂]
    ရီတွက်ရေ။ ရန်မူရေ။ တယောက်နန့် တယောက် သတ်ကြ၊ ပုတ်ကြ ရိုက်နှက်ကတ်တေ။ စိတ်အီးငြိမ် တည်နီရေ။ အထက်မှ အောက်ကို၊ အမြတ်မှ အယုတ်သို့ အမြင့်မှ အနိမ့်သို့ ကျစီရေ။ ဆံပင်ကို ရိတ်ရေ။ တခုတရီ လိုက်နာရန် စည်းကမ်း သတ်မှတ်ရေ။ ဆဲ။ သင်ပြ၊ ညွှန်ပြရေ။
    ရေတွက်သည်။ ရန်မူသည်။ တစ်ယောက်နှင့် တစ်ယောက် သတ်ကြ၊ ပုတ်ကြ ရိုက်နှက်ကြသည်။ စိတ်အေးငြိမ် တည်နေသည်။ အထက်မှ အောက်သို့၊ အမြတ်မှ အယုတ်သို့ အမြင့်မှ အနိမ့်သို့ ကျစေသည်။ ဆံပင်ကို ရိတ်သည်။ တစ်စုံတစ်ရာ လိုက်နာရန် စည်းကမ်း သတ်မှတ်သည်။ အပြစ်တင်သည်။ သင်ပြ၊ ညွှန်ပြသည်။
    rule
    ကြိယာ

    ချက်

    [ɕɛʔ]
    ၁၊ အလယ်။ ဗဟို။ ၂၊ လူအစဟိစွာရို့၏ ဝမ်းချက် ကြိုးမျှင်ကြွီကျရာမှ ခွက်ပနာပျင်ဗျာယ် ကျန်ရစ်နိန်ရေ နီရာ။ ၃၊ ပုလင်းဖင်မာ အထဲကို ချိုင့်ဝင်သောနီရာ။ ၄၊ သခွားသီး၊ နပျိုးသီး အစဟိစွာရို့မာ အပွင့်မှ ကြွီကျန်ရစ်နိန်ရေ နီရာ
    ၁၊ အလယ်။ ဗဟို။ ၂၊ လူစသည်တို့၏ ဝမ်းဗိုက်ချက် ကြိုးမျှင်ကြွေကျရာမှ ချိုင့်၍ ကျန်ရစ်နေသော နေရာ။ ၃၊ ပုလင်းဖင်တွင် အတွင်းသို့ ချိုင့်ဝင်သောနေရာ။ ၄၊ သခွားသီး၊ ငှက်ပျောသီး စသည်တို့တွင် အပွင့်မှ ကြွေကျန်ရစ်နေသော နေရာ
    center
    နာမ်