Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 1,812 words

    ခ

    ချက်၂

    [ɕɛʔ၂]
    ထမင်း၊ ဟင်းစစွာကို မီးဖြင့် ကျက်စေ နပ်စီရေ
    ထမင်း၊ ဟင်းစသည်ကို မီးဖြင့် ကျက်စေ နပ်စေသည်
    cook
    ကြိယာ

    ချက်၃

    [ɕɛʔ၃]
    ချက် ဟုမြည်သော အသံပိုင် ကကောင်းလျင်စွာကို ပြသော စကားလုံး။ ချက် ဆိုကေ နားခပ်က မီးတောက်တေ
    ချက် ဟုမြည်သော အသံကဲ့သို့ လျင်မြန်သည်ကို ပြသော စကားလုံး။ ချက် ဆိုကေ နားခပ်က မီးတောက်တေ
    none
    နာမ်

    ချက်ကောင်း

    [ɕɛʔkáʊɴ]
    အခွင့်အခါ ကောင်းရေ။ မှန်းခြေချက် အောင်မြင်နှိုင်ဖွယ် အကြောင်းဟိရေ။ အချက်အလက် ပိုင်သည်
    အခွင့်အခါ ကောင်းသည်။ မှန်းခြေချက် အောင်မြင်နိုင်ဖွယ် အကြောင်းရှိသည်။ အချက်အလက် ပိုင်သည်
    close-near to home
    ကြိယာ

    ချက်ကောင်း၂

    [ɕɛʔkáʊɴ၂]
    အဓိက လိုရင်းဖြစ်ရေ နီရာ
    အဓိက လိုရင်းဖြစ်သော နေရာ
    main place
    နာမ်

    ချက်ကျ

    [ɕɛʔt͡ɕ]
    အချက်အလက်ပိုင်ရေ။ စည်းကမ်းတကျ ဟိရေ။ ကိုယ့် မှန်းခြေချက်အတိုင်း ဖြစ်တေ
    အချက်အလက်ပိုင်သည်။ စည်းကမ်းတကျ ရှိသည်။ မိမိ၏ မှန်းခြေချက်အတိုင်း ဖြစ်သည်
    main point
    ကြိယာ

    ချက်ကျပက်ကျ

    [ɕɛʔt͡ɕpɛʔt͡ɕ]
    ၁၊ စည်းကမ်းတကျ။ ၂၊ အချက်အချာပိုင်နိုင်စွာ။ အကျိုးအကြောင်း သင့်ရေ အနိန်နန့်။ ၃၊ ထိထိကိုယ့်။ ပေါက်ရောက် အောင်မြင်၍
    ၁၊ စည်းကမ်းတကျ။ ၂၊ အချက်အချာပိုင်နိုင်စွာ။ အကျိုးအကြောင်း သင့်သည့် အားလျော်စွာ။ ၃၊ ထိထိမိမိ။ ပေါက်ရောက် အောင်မြင်၍
    be effective
    ကြိယာဝိသေသန

    ချက်ကျလက်ကျ

    [ɕɛʔt͡ɕlɛʔt͡ɕ]
    ၁၊ စည်းကမ်းတကျ။ ၂၊ အချက်အချာ ပိုင်နိုင်စွာ။ အကျိုးအကြောင်း သင့်ရေ အနိန်နန့်။ ၃၊ ထိထိကိုယ့်။ ပေါက်ရောက်ယောင်မြင်၍
    ၁၊ စည်းကမ်းတကျ။ ၂၊ အချက်အချာ ပိုင်နိုင်စွာ။ အကျိုးအကြောင်း သင့်သည့် အားလျော်စွာ။ ၃၊ ထိထိမိမိ။ ပေါက်ရောက်အောင်မြင်၍
    be effective
    ကြိယာဝိသေသန

    ချက်ကျောက်

    [ɕɛʔt͡ɕɔ́ɛʔ]
    ကျောက်မျက်ရတနာနန့် တူယောင် ပြုလုပ်ထားရေ အရာ
    ကျောက်မျက်ရတနာနှင့် တူအောင် ပြုလုပ်ထားသော အရာ
    fake jewelry
    နာမ်

    ချက်ကြိုး

    [ɕɛʔt͡ɕó]
    အမိဝမ်းမားဟိ အချေ၏ ဝမ်းနန့်အချင်းကို တဆက်တည်း ကြိုးပိုင် သွယ်တန်းထားရေ အရာ
    အမိဝမ်းတွင်းရှိ ကလေး၏ ဝမ်းဗိုက်နှင့်အချင်းကို တစ်ဆက်တည်း ကြိုးသဖွယ် သွယ်တန်းထားသော အရာ
    umbilical cord
    နာမ်

    ချက်ကြွီ

    [ɕɛʔt͡ɕwí]
    ကြိုးဖြင့် လံထားရေ မွီးကင်းစ အချေ၏ ချက်တံကြိုး ပြုတ်ကျရေ
    ကြိုးဖြင့် ချည်ထားသော မွေးကင်းစ ကလေး၏ ချက်တံကြိုး ပြုတ်ကျသည်
    none
    ကြိယာ

    ချက်ကြွီမြီ

    [ɕɛʔt͡ɕwímɹì]
    မွီးဖွားရာ ဒေသ။ ဇာတိ ရပ်မြေ
    မွေးဖွားရာ ဒေသ။ ဇာတိ ရပ်မြေ
    home town
    နာမ်

    ချက်ကြွီရပ်

    [ɕɛʔt͡ɕwíɹaʔ]
    မွီးဖွားရာ ဒေသ။ ဇာတိ ရပ်မြေ
    မွေးဖွားရာ ဒေသ။ ဇာတိ ရပ်မြေ
    home town
    နာမ်

    ချက်ခဖြုတ်

    [ɕɛʔkʰpʰɹoʊʔ]
    တနားချေနန့်။ ဗြုန်းခနဲ။ ဖြုတ်ခြည်း။ ရုတ်ခြည်း
    ခဏချင်း။ ရုတ်တရက်။ ဖြုတ်ချည်း။ ရုတ်ချည်း
    suddenly
    ကြိယာဝိသေသန

    ချက်ခရိုင်

    [ɕɛʔkʰɹàɪɴ]
    ပြည့်စုံ လောက်ငှစွာ။ များပြားစွာ
    ပြည့်စုံ လုံလောက်စွာ။ များပြားစွာ
    completely
    ကြိယာဝိသေသန

    ချက်ခလှည့်ခံ

    [ɕɛʔkʰɬɛ̰kʰံ]
    တလှည့် တပြန်စီ
    တစ်လှည့် တစ်ပြန်စီ
    be one’s turn
    ကြိယာဝိသေသန

    ချက်ချင်း

    [ɕɛʔɕɪ́ɴ]
    မဆိုင်းမတွ။ လက်ငင်း အခိုက်အတန့်အနိန်နန့်
    မဆိုင်းမတွ။ လက်ငင်း အခိုက်အတန့် အားဖြင့်
    suddenly
    ကြိယာဝိသေသန

    ချက်ချာ

    [ɕɛʔɕà]
    ၁၊ အလယ်။ ဗဟို။ ၂၊ အခရာသောနီရာ။ အထာနပ်လိမ္မာခြင်း။ အလယ် ချက်ချာ၊ ဗဟွေမာ၌
    ၁၊ အလယ်။ ဗဟို။ ၂၊ အဓိကကျသောနေရာ။ ပါးနပ်လိမ္မာခြင်း။ အလယ် ချက်ချာ၊ ဗဟိုမှာ၌
    center
    နာမ်

    ချက်စီ.လက်စီ.

    [ɕɛʔsí.lɛʔsí.]
    ပြည့်ပြည့်စုံစုံ။ လစ်လပ်မူမဟိဘဲ။ စိစိင့င့
    ပြည့်ပြည့်စုံစုံ။ လစ်လပ်မူမရှိပဲ။ စေ့စေ့င့င့
    completely
    ကြိယာဝိသေသန

    ချက်စူ

    [ɕɛʔsù]
    အပြင်သို့ စူထွက်နိန်ရေ ချက်
    အပြင်သို့ စူထွက်နေသော ချက်
    navel
    နာမ်

    ချက်ဆို

    [ɕɛʔsʰÒ]
    ချက်ဟူမြည်သော အသံပိုင် ကကောင်းလျင်စွာကို ပြသော စကားလုံး။ တနားချေနန့်။ အဂု
    ချက်ဟူမြည်သော အသံကဲ့သို့ လျင်မြန်သည်ကို ပြသော စကားလုံး။ ခဏချင်း။ ချက်ချင်း
    immediately
    နာမ်