Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 741–760 of 1,812 words

    ခ

    ချင်၂

    [ɕɪ̀ɴ၂]
    တခုတရီ ပြုလို၊ ဖြစ်လို၊ ဖြစ်ပေါ်ဖို့ သဘောကိုပြသော စကားလုံး။ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်လျင်၊ ဇာပင်ပျင်လည်း (ထာနု)
    တစ်စုံတစ်ခု ပြုလို၊ ဖြစ်လို၊ ဖြစ်ပေါ်မည့် သဘောကိုပြသော စကားလုံး။ အိပ်ချင်အားကြီး၊ ငါ့ကိုဖြစ်လျင်၊ ဇာပင်ပျင်လည်း (ထာနု)
    do
    ပစ္စည်း

    ချင်း၂

    [ɕɪ́ɴ၂]
    ရခိုင်ပြည်နယ် တောင်တန်း တလျှောက်နန့် ချင်းပြည်နယ်မာ နီထိုင်ကေလည်းဟိရေ တိုင်းရင်းသားတမျိုး
    ရခိုင်ပြည်နယ် တောင်တန်း တစ်လျှောက်နှင့် ချင်းပြည်နယ်တွင် နေထိုင်လျက်ရှိသော တိုင်းရင်းသားတစ်မျိုး
    type of native
    နာမ်

    ချင်းခို

    [ɕɪ́ɴkʰÒ]
    မြင်းကို အစာကျွေးသော ပဲမျိုး။ မြင်းစားပဲ
    မြင်းကို အစာကျွေးသော ပဲမျိုး။ မြင်းစားပဲ
    bean
    နာမ်

    ချင်ချင်

    [ɕɪ̀ɴɕɪ̀ɴ]
    ၁၊ ပြုဖို့ရာ၊ ဖြစ်ဖို့ရာပိုင်ယှောင် အခြီကိုညွန်ပြရေ စကားလုံး။ လားချင်ချင်။ စားချင်ချင်။ ပြောချင်ချင်။ ရောက်ချင်ချင် အစဟိစွာ
    ၁၊ ပြုတော့မည်၊ ဖြစ်တော့မည်ကဲ့သို့သော အခြေကိုညွန်ပြသော စကားလုံး။ လားချင်ချင်။ စားချင်ချင်။ ပြောချင်ချင်။ ရောက်ချင်ချင် စသည်
    will do
    ပစ္စည်း

    ချင်ချင်၂

    [ɕɪ̀ɴɕɪ̀ɴ၂]
    တခုတရီသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက်နှိုင်ရေ အခြီအရဲကိုပြဖို့ ကြိယာနောက်မာ စပ်၍သုံးသော စကားလုံး။ ရောက်ချင်ချင်၊ ကျိုးချင်ချင် အစဟိစွာ
    တစ်စုံတစ်ခုသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက်နိုင်သော အခြေအနေကိုပြရန် ကြိယာနောက်၌ စပ်၍သုံးသော စကားလုံး။ ရောက်ချင်ချင်၊ ကျိုးချင်ချင် စသည်
    none
    ပစ္စည်း

    ချင့်ချိန်

    [ɕɪ̰ɴɕèɪɴ]
    အဆိုး၊ အကောင်း ပေါင်းနှစ်မျိုးလုံးကို တွက်ဖော်ဆင်ခြင်သည်
    အဆိုး၊ အကောင်း ပေါင်းနှစ်မျိုးလုံးကို စဉ်းစားဆင်ခြင်သည်
    judge
    ကြိယာ

    ချင်ခြင်း

    [ɕɪ̀ɴkʰɹɪ́ɴ]
    အလို။ အာသာ။ ဆန္ဒ။ တောင့်တချက်
    အလို။ အာသာ။ ဆန္ဒ။ တောင့်တချက်
    desire
    နာမ်

    ချင်းစိမ်း

    [ɕɪ́ɴséɪɴ]
    မသွိခြောက်သိမ့်ရေ ချင်းအတက်
    မသွေ့ခြောက်သေးသော ချင်းအတက်
    ginger
    နာမ်

    ချင့်ဆ

    [ɕɪ̰ɴsʰ]
    ခိုင်းနိုင်း ချင့်ချိန်ရေ။ ထောက်ထား ဆင်ခြင်သည်
    ခိုင်းနိုင်း ချင့်ချိန်သည်။ ထောက်ထား ဆင်ခြင်သည်
    judge
    ကြိယာ

    ချင်ဆီ

    [ɕɪ̀ɴsʰí]
    လွလွတ်လလပ်စွာ။ ကိုယ့်သဘောအတိုင်း။ ထင်ပိုင်
    လွတ်လွတ်လပ်လပ်စွာ။ မိမိသဘောအတိုင်း။ ထင်သလို
    ambiguity
    ကြိယာဝိသေသန

    ချင်တိုင်း

    [ɕɪ̀ɴtáɪɴ]
    အလိုဟိသမျှ။ အလိုဟိရေအတိုင်း။ သဘောအတိုင်း။ ထင်ပိုင်
    အလိုရှိသမျှ။ အလိုရှိသည့်အတိုင်း။ သဘောအတိုင်း။ ထင်သလို
    ambiguity
    ကြိယာဝိသေသန

    ချင့်တွေး

    [ɕɪ̰ɴtwé]
    ၁၊ (စိတ်ဖြင့်) ချင့်ချိန်ရေ။ ထောက်ဆရေ။ ၂၊ တွေးခေါ်ရေ။ စိတ်ကူးရေ
    ၁၊ (စိတ်ဖြင့်) ချင့်ချိန်သည်။ ထောက်ဆသည်။ ၂၊ တွေးတောသည်။ စိတ်ကူးသည်
    judge
    ကြိယာဝိသေသန

    ချင့်ထောက်

    [ɕɪ̰ɴtʰɔ́ɛʔ]
    ၁၊ တွေးခေါ်ဆင်ခြင်ရေ။ ထောက်ဆရေ။ ၂၊ သုံးသပ်ရေ။ စိုင်းစားသည်
    ၁၊ တွေးတောဆင်ခြင်သည်။ ထောက်ဆသည်။ ၂၊ သုံးသပ်သည်။ စဉ်းစားသည်
    judge
    ကြိယာ

    ချင့်ပုံ

    [ɕɪ̰ɴpòʊɴ]
    တခုနန့်တခု၊ တဦးနန့် တဦး တွဲယဉ်ပြရေ။ နှိုင်းယဉ်ပြရေ
    တစ်ခုနှင့်တစ်ခု၊ တစ်ဦးနှင့် တစ်ဦး တွဲယဉ်ပြသည်။ နှိုင်းယဉ်ပြသည်
    compare
    ကြိယာ

    ချင်းမမျက်နှာ

    [ɕɪ́ɴmmrɛʔn̥à]
    ခပ်ဝိုင်းဝိုင်း အဖြူရောင်မာ အမည်းကွက်ပါရေ ငါးငယ်တမျိုး
    ခပ်ဝိုင်းဝိုင်း အဖြူရောင်တွင် အမည်းကွက်ပါသော ငါးငယ်တစ်မျိုး
    fish
    နာမ်

    ချင်မိချင်ရာ

    [ɕɪ̀ɴmìɕɪ̀ɴɹà]
    ၁၊ ကလီကဝ ဗြန်းစီးကာရ အဖိုးမတန်သော အရာ။ တွိ့ကရာ။ ထင်ရာမြင်ရာ အမျိုးမျိုး။ အမျိုးမျိုး အထွီထွီ။ ၂၊ လူမှုရီးအနိန်နန့် သင်တင့်လျော်ကန်မှု မဟိရေ အပြုအမူ။ အပြောအဆို
    ၁၊ ကလေကဝ အခြေအမြစ်မရှိ အဖိုးမတန်သော အရာ။ တွေ့ကရာ။ ထင်ရာမြင်ရာ အမျိုးမျိုး။ အမျိုးမျိုး အထွေထွေ။ ၂၊ လူမှုရေး အားဖြင့် သင်တင့်လျော်ကန်မှု မရှိသော အပြုအမူ။ အပြောအဆို
    drivel
    နာမ်

    ချင်းယင်း

    [ɕɪ́ɴjɪ́ɴ]
    အပွီးမဟိ၊ အညှာဆိုင် အရွက်ဟိပြီးကေ ယင်းအညှာဆိုင်နန့် ကပ်၍ အသီးသေးသေး အချေ သွယ်တန်းသီးပြီး မှည့်လျှင် အရောင်မည်းသော ခြုံပင်တမျိုး။ (ကုန်းချင်းယင်း၊ ရေချင်းယင်း ဟိရေ။) ဆီးမြစ်တပင် ရေမထီး၊ တန်းခိုးကြှီးသား၊ ချင်းယင်းတိနန့်၊ မခြားတူစွာ (ဓါပကာနီ)
    အပွေးမရှိ၊ အညှာဆိုင် အရွက်ရှိ၍ ယင်းအညှာဆိုင်နှင့် ကပ်၍ အသီးသေးသေး ကလေး သွယ်တန်းသီးပြီး မှည့်လျှင် အရောင်မည်းသော ချုံပင်တစ်မျိုး။ (ကုန်းချင်းယင်း၊ ရေချင်းယင်း ရှိသည်။) ဆေးမြစ်တပင် ရေမထီး၊ တန်းခိုးကြှီးသား၊ ချင်းယင်းများနှင့်၊ မခြားတူစွာ (ဓါပကာနီ)
    none
    နာမ်

    ချင်ရာ

    [ɕɪ̀ɴɹà]
    ၁၊ လိုက်နာစောင့်ထိန်းရဖို့ ကျင့်ဝတ်မဟိဘဲ။ စည်းကမ်းကို မလိုက်နာပဲ။ ဗြန်းစိကာရ။ ထင်ရာမြင်ရာ။ လူနန့်ဝေးဗျာယ်၊ တောတောင်ကာလေ၊ ချင်ရာလားပျာ (ပဒ)။ ၂၊ ဟန့်တားနှောင့်ယှက်မှု၊ ဟန့်တားမှု၊ ရှုတ်ခြယ်မှုရို့မှ လုံးဝကင်းရှင်းစွာ။ လလွတ်ချွချွတ်။ ၃၊ ပြတ်ပြတ်သား
    ၁၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်မရှိပဲ။ စည်းကမ်းကို မလိုက်နာပဲ။ စည်းမဲ့ကမ်းမဲ့။ ထင်ရာမြင်ရာ။ လူနှင့်ဝေးလျက်၊ တောတောင်မှာလေ၊ ချင်ရာလားပျာ (ပဒ)။ ၂၊ တားဆီးနှောင့်ယှက်မှု၊ ဟန့်တားမှု၊ ရှုတ်ခြယ်မှုတို့မှ လုံးဝကင်းရှင်းစွာ။ လွတ်လွတ်ကျွတ်ကျွတ်။ ၃၊ ပြတ်ပြတ်သား
    lose contact
    ကြိယာဝိသေသန

    ချင်ရေ

    [ɕɪ̀ɴɹè]
    တခုတရီကို ပြင်းပြစွာ လိုလားတောင့်တချက် ပေါ်ပေါက်ရေ။ ချင်ခြင်းဖြစ်တေ
    တစ်စုံတစ်ခုကို ပြင်းပြစွာ လိုလားတောင့်တချက် ပေါ်ပေါက်သည်။ ချင်ခြင်းဖြစ်သည်
    crave
    ကြိယာ

    ချင်ရေဆီ

    [ɕɪ̀ɴɹèsʰí]
    အထိန်းအကွပ်မဟိပဲ စိတ်ထင်ရာအားဖြင့်။ ပေါက်လွှတ်ပဲစား သဘောအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရဖို့ ကျင့်ဝတ်မဟိဘဲ။ ဗြန်းစိကာရ
    အထိန်းအကွပ်မရှိပဲ စိတ်ထင်ရာအားဖြင့်။ ပေါက်လွှတ်ပဲစား သဘောအားဖြင့်။ ၂၊ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်မရှိပဲ။ စည်းမဲ့ကမ်းမဲ့
    have no discipline
    ကြိယာဝိသေသန