Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 1,812 words

    ခ

    ခစား

    [kʰsá]
    တတက်ကပ်နိန်ပနာ ပြုစုလုပ်ကျွေးရေ
    အနီးကပ်နေ၍ ပြုစုလုပ်ကျွေးသည်
    look after-care for
    ကြိယာ

    ခံစား

    [kʰံsá]
    ကိုယ်စိတ်နှဖြာ ချမ်းသာ ဆင်းရဲမှုဖြစ်တေ
    ကိုယ်စိတ်နှဖြာ ချမ်းသာ ဆင်းရဲမှုဖြစ်သည်
    feel
    ကြိယာ

    ခစားဝတ်တွား

    [kʰsáwaʔtWà]
    ကျိုးနွံရိုသေစွာ။ အမှုကြီးငယ် ရို့ကိုပြုလုပ်ဗျာယ်။ အောက်ကျနောက်ကျ ခံရွီတွက်နန့်
    ကျိုးနွံရိုသေစွာ။ အမှုကြီးငယ် တို့ကိုပြုလုပ်လျက်။ အောက်ကျနောက်ကျ ခံသောအားဖြင့်
    humble
    ကြိယာဝိသေသန

    ခစီခစပ်

    [kʰsíkʰsaʔ]
    ခါ့ဇီခါ့ဇပ်ပြုဗျာယ်၊ အောက်ကျနောက်ကျ ခံရွီတွက်နန့်
    ခခယယပြုလျက်၊ အောက်ကျနောက်ကျ ခံသောအားဖြင့်
    subserviently
    ကြိယာဝိသေသန

    ခဆတ်

    [kʰsʰaʔ]
    မထုံမထိုင်းသော။ သွက်လက်ဖြတ်လက်သော
    မထုံမထိုင်းသော။ သွက်လက်ဖျတ်လက်သော
    be quick - active
    နာမဝိသေသန

    ခဆတ်ဆတ်

    [kʰsʰaʔsʰaʔ]
    ကျိုးလွယ်ရေ။ မာကြွပ်ရေ။ သွက်လတ်ဖြတ်လတ်သည်
    ကျိုးလွယ်သည်။ မာကြွပ်သည်။ သွက်လတ်ဖျတ်လတ်သည်
    active
    ကြိယာ

    ခဆတ်ဆတ်၂

    [kʰsʰaʔsʰaʔ၂]
    မဟုတ်မခံ။ ရဲရဲတင်းတင်း
    မဟုတ်မခံ။ ရဲရဲတင်းတင်း
    brave
    ကြိယာဝိသေသန

    ခဆတ်ဆတ်၃

    [kʰsʰaʔsʰaʔ၃]
    မဟုတ်မခံတတ် ပြန်လှန်ပနာ ပြောဆိုပြုမူသူ
    မဟုတ်မခံတတ် ပြန်လှန်၍ ပြောဆိုပြုမူသူ
    talk back
    နာမ်

    ခံဆွမ်း

    [kʰံsʰʊ̀ɴ]
    တဦးတယောက်လောင်းာက် ဖိတ်ကြားထားခြင်း မဟိဘဲ အိမ်စဉ်လျှောက်၍ သပိတ်ဖြင့်ခံရရေ ဆွမ်း
    တစ်ဦးတစ်ယောက်မျှ ဖိတ်ကြားထားခြင်း မရှိပဲ အိမ်စဉ်လျှောက်၍ သပိတ်ဖြင့်ခံရသော ဆွမ်း
    go round to accept offering
    နာမ်

    ခညောင်း

    [kʰɲáʊɴ]
    ပျပ်ဝပ်ရေ။ ရိုသေစွာ လုပ်ကျွေးပြုစုသည်
    ပျပ်ဝပ်သည်။ ရိုသေစွာ လုပ်ကျွေးပြုစုသည်
    respect
    ကြိယာ

    ခဏ

    [kʰn]
    မျက်စိဆယ်မှိတ် ပမာဏဟိရေ အခိုက်အတန့် ။ တိုတောင်းသော အခိုက်အတန့်။(ပါ
    မျက်စိဆယ်မှိတ် ပမာဏရှိသော အခိုက်အတန့် ။ တိုတောင်းသော အခိုက်အတန့်။(ပါ
    Moment - instant - trice
    နာမ်

    ခဏတစ်ဖြတ်

    [kʰntɪʔpʰɹaʔ]
    တိုတောင်းသော အခိုက်အတန့်။ မကြာသိမ့်သော ကာလအပိုင်းအရာ
    တိုတောင်းသော အခိုက်အတန့်။ မကြာသေးသော ကာလအပိုင်းအခြား
    moment - instant - trice
    နာမ်

    ခဏတစ်ဖြုတ်

    [kʰntɪʔpʰɹoʊʔ]
    တိုတောင်းသော အခိုက်အတန့်။ မကြာသိမ့်သော ကာလအပိုင်းအရာ
    တိုတောင်းသော အခိုက်အတန့်။ မကြာသေးသော ကာလအပိုင်းအခြား
    moment - instant - trice
    နာမ်

    ခဏတာ

    [kʰntà]
    အခိုက်အတန့်လောင်းာက်ရာ၊ အခိုက်အတန့်အားဖြင့်
    အခိုက်အတန့်မျှသာ၊ အခိုက်အတန့်အားဖြင့်
    moment - instant - trice
    ကြိယာဝိသေသန

    ခဏဟု

    [kʰnhoʊ]
    လက်ဟိအခိုက်အတန့်။ တည်ဆဲခဏ
    လက်ရှိအခိုက်အတန့်။ တည်ဆဲခဏ
    moment - instant - trice
    နာမ်

    ခတင်သီး

    [kʰtɪ̀ɴθï]
    အစိုးရ ဘဏ္ဍာငွီတိကို ထိန်းသိမ်းစောင့်ယှောက်ရသူ။ ဘဏ္ဍာထိန်း
    အစိုးရ ဘဏ္ဍာငွေများကို ထိန်းသိမ်းစောင့်ရှောက်ရသူ။ ဘဏ္ဍာထိန်း
    treasurer
    နာမ်

    ခတည်တည်

    [kʰtɛ̀tɛ̀]
    မသိယောင်ဆောင်ဗျာယ်။ မသိကျိုးကျွန်
    မသိယောင်ဆောင်လျက်။ မသိကျိုးကျွန်
    connive - by-pass
    ကြိယာဝိသေသန

    ခံတပ်

    [kʰံtaʔ]
    တိုက်ခိုက်လာရေ တဖက်ရန်သူကို ခုခံတိုက်ခိုက်ရန် အခိုင်အမာ လုပ်ထားရေ တပ်စခန်း
    တိုက်ခိုက်လာသော တစ်ဖက်ရန်သူကို ခုခံတိုက်ခိုက်ရန် အခိုင်အမာ လုပ်ထားသော တပ်စခန်း
    fort-stockade
    နာမ်

    ခတိမ်း

    [kʰtéɪɴ]
    စောင်းရေ။ ယိမ်းရေ။ ယိုင်သည်
    စောင်းသည်။ ယိမ်းသည်။ ယိုင်သည်
    leaning
    ကြိယာ

    ခတိမ်းခစောင်း

    [kʰtéɪɴkʰsáʊɴ]
    တိမ်းရေ။ ယွဲ့ရေ။ စွေရေ။ ယိမ်းရေ။ မဖြာင့်မတန်း။ မတည့်မမတ်။ လွဲသည်
    တိမ်းသည်။ ယွဲ့သည်။ စွေသည်။ ယိမ်းသည်။ မဖြာင့်မတန်း။ မတည့်မမတ်။ လွဲသည်
    devious
    ကြိယာ