Dictionary Entries
Showing 781–800 of 1,812 words
ခ
ချစ်မက်
[ɕɪʔmɛʔ]
Arakanese:
ချစ်ခင် သနားရေ။ ချစ်ခင် ကြင်နာရေ
Burmese:
ချစ်ခင် သနားသည်။ ချစ်ခင် ကြင်နာသည်
English:
love
Grammar Note:
ကြိယာ
ချစ်မပြယ်
[ɕɪʔmpɹɛ̀]
Arakanese:
ချစ်၍ အားမရ မတင်းတိမ် နှိုင်လောက်ယောင် ဖြစ်တေ
Burmese:
ချစ်၍ အားမရ မတင်းတိမ် နိုင်လောက်အောင် ဖြစ်သည်
English:
love
Grammar Note:
ကြိယာ
ချစ်ယောင်ကား
[ɕɪʔjàʊɴká]
Arakanese:
ချစ်အကွန်ဆောင်ရေ။ ချစ်ရေအမူအရာ အသွင်အပြင်ပေါ်ယောင် လုပ်ဆောင်ရေ။ မောင်ရာဆိုကေ၊ ပျိုကိုကြိုက်ကေ၊ ချစ်ယောင်ကားလေ (ဇမ်း)
Burmese:
ချစ်ဟန်ဆောင်သည်။ ချစ်သည့်အမူအရာ အသွင်အပြင်ပေါ်အောင် လုပ်ဆောင်သည်။ မောင်ရာဆိုကေ၊ ပျိုကိုကြိုက်ကေ၊ ချစ်ယောင်ကားလေ (ဇမ်း)
English:
pretend
Grammar Note:
ကြိယာ
ချဉ်
[ɕɪ̀ɴ]
Arakanese:
၁၊ မုန်းတီးရေ။ ရွံမုန်းရေ။ ၂၊ တဦးနန့်တဦး မသင့်မတင့်ဖြစ်တေ။ တယောက်နန့် တယောက် (မသင့်မတင့်) ချိုင်၍ လားရေ
Burmese:
၁၊ မုန်းတီးသည်။ ရွံမုန်းသည်။ ၂၊ တစ်ဦးနှင့်တစ်ဦး မသင့်မတင့်ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် (မသင့်မတင့်) ချဉ်၍ သွားသည်
English:
hate
Grammar Note:
ကြိယာ
ချဉ်း
[ɕɪ́ɴ]
Arakanese:
၁၊ အပါးသို့ ကပ်ရေ။ ကမ်းသို့ ဆိုက်ရေ။ ၂၊ ကျဉ်းစီရေ
Burmese:
၁၊ အပါးသို့ ကပ်သည်။ ကမ်းသို့ ဆိုက်သည်။ ၂၊ ကျဉ်းစေသည်
English:
land-tingle
Grammar Note:
ကြိယာ
ချဉ်၂
[ɕɪ̀ɴ၂]
Arakanese:
ရှောက်၊ သမ္ဘရာသီးရို့ ပိုင်(ချိုင်သော) အရသာမျိုးဟိရေ
Burmese:
ရှောက်၊ သမ္ဘရာသီးတို့ ကဲ့သို့(ချဉ်သော) အရသာမျိုးရှိသော
English:
sour
Grammar Note:
နာမဝိသေသန
ချဉ်၃
[ɕɪ̀ɴ၃]
Arakanese:
ချိုင်သော အရရာဟိရေ၏ အဖြစ်
Burmese:
ချဉ်သော အရသာရှိသည်၏ အဖြစ်
English:
sour
Grammar Note:
နာမ်
ချဉ်းကပ်
[ɕɪ́ɴkaʔ]
Arakanese:
နံဖီးသို့ လားရောက်ရေ။ နံဖီးသို့လာရေ
Burmese:
အနီးသို့ သွားရောက်သည်။ အနီးသို့လာသည်
English:
come near
Grammar Note:
ကြိယာ
ချဉ်ကြွ
[ɕɪ̀ɴt͡ɕw]
Arakanese:
၁၊ မောက်မာဝါကြွားက ကြွားရေ။ ဝင့်ဝါဂုဏ်ထုတ်ရေ။ ၂၊ လူတဖက်သားကို ရန်ယှာရေ
Burmese:
၁၊ မောက်မာဝါကြွားက ကြွားသည်။ ဝင့်ဝါဂုဏ်ထုတ်သည်။ ၂၊ လူတစ်ဖက်သားကို ရန်ရှာသည်
English:
provocation
Grammar Note:
ကြိယာ
ချဉ်ချောင်း
[ɕɪ̀ɴɕáʊɴ]
Arakanese:
အသင့်အတင့်လောင်းာက်ရာ ချိုင်သော အရရာဟိရေ၏ အဖြစ်
Burmese:
အသင့်အတင့်မျှသာ ချဉ်သော အရသာရှိသည်၏ အဖြစ်
English:
sour
Grammar Note:
နာမ်
ချဉ်ချောင်းချောင်း
[ɕɪ̀ɴɕáʊɴɕáʊɴ]
Arakanese:
အလွန်အချိုင်ပြင်းသော အရသာဟိရေ
Burmese:
အလွန်အချဉ်ပြင်းသော အရသာရှိသော
English:
sour
Grammar Note:
နာမဝိသေသန
ချဉ်စုတ်စုတ်
[ɕɪ̀ɴsoʊʔsoʊʔ]
Arakanese:
ချိုင်ချောင်းသျှောင်းအရသာဟိရေ
Burmese:
ချဉ်ချောင်းချောင်းအရသာရှိသော
English:
sour
Grammar Note:
နာမဝိသေသန
ချဉ်ပိုး
[ɕɪ̀ɴpó]
Arakanese:
ရောဂါပိုးရို့ကြောင့် အနာရမ်း၍ နီလာခြင်း။ အဖု၊ အကျိတ်၊ အနာလုံးဖြစ်ကေ၊ ယင်းအနာလုံးမာ ရီစွတ်ပါက ရမ်း၍ နီမြန်းလာခြင်း
Burmese:
ရောဂါပိုးတို့ကြောင့် အနာရောင်ရမ်း၍ နီလာခြင်း။ အဖု၊ အကျိတ်၊ အနာလုံးဖြစ်လျှင်၊ ယင်းအနာလုံးတွင် ရေစိုပါက ရောင်ရမ်း၍ နီမြန်းလာခြင်း
English:
allergy
Grammar Note:
နာမ်
ချဉ်ပေါက်
[ɕɪ̀ɴpaʊʔ]
Arakanese:
၁၊ အချိုင်တိစွာ။ ၂၊ မုန်းတီးရေ။ မောင်လှရေ မောင်နီပါးမာ (အထက်မာ) ချိုင်ပေါက်ခဖူးဗျာလ် အရပ်သုံး
Burmese:
၁၊ အချဉ်များသည်။ ၂၊ မုန်းတီးသည်။ မောင်လှရေ မောင်နီပါးမှာ (အပေါ်မှာ) ချဉ်ပေါက်ခဖူးဗျာလ် အရပ်သုံး
English:
sour
Grammar Note:
ကြိယာ
ချဉ်ပေါင်
[ɕɪ̀ɴpèàɪ̀ɴ]
Arakanese:
အသီးအရွက်စစွာကို စားသုံးဖို့အတွက် စိုက်ရရေ ဟင်းပင်တမျိုး
Burmese:
အသီးအရွက်စသည်ကို စားသုံးရန်အတွက် စိုက်ရသော ဟင်းပင်တစ်မျိုး
English:
roselle
Grammar Note:
နာမ်
ချဉ်ပြွတ်ကေပင်
[ɕɪ̀ɴpWɹaʔkèpɪ̀ɴ]
Arakanese:
အသီးလုံးငယ်ငယ် ပျစ်ပြီးကေ သီးသော ချိုင်သောသီးပင်တမျိုး
Burmese:
အသီးလုံးငယ်ငယ် ပြွတ်သိပ်၍ သီးသော ချဉ်သောသီးပင်တစ်မျိုး
English:
none
Grammar Note:
နာမ်
ချဉ်ဖတ်
[ɕɪ̀ɴpʰaʔ]
Arakanese:
စားဖွယ်အတွက် ချိုင်သော အရသာဟိလာစီရန် ထမင်း၊ ဆား၊ ရေ စစွာတိနန့် အိုးမာ ရောထည့်၍ ပြုလုပ်ထားရေ ဟင်းသီးဟင်းရွက်
Burmese:
စားဖွယ်အတွက် ချဉ်သော အရသာရှိလာစေရန် ထမင်း၊ ဆား၊ ရေ စသည်တို့ဖြင့် အိုးတွင် ရောထည့်၍ ပြုလုပ်ထားသော ဟင်းသီးဟင်းရွက်
English:
pickled vegetables
Grammar Note:
နာမ်
ချဉ်ရည်
[ɕɪ̀ɴɹɛ̀]
Arakanese:
၁၊ ချိုင်သော ဟင်းသီးဟင်းရွက် စစွာတိနန့် ချက်ပြုတ်ထားရေ စားသောက်စရာ တမျိုး။ စားသောအစာ မကြီညက်အတွက်နန့် ခံမားမှ လိုင်ခြောင်းသို့ ဆန်တက်သော ချိုင်သော အရည်။ ခံမားထဲက ထွက်တတ်ရေ ချိုင်သော အရည်တမျိုး
Burmese:
၁၊ ချဉ်သော ဟင်းသီးဟင်းရွက် စသည်တို့ဖြင့် ချက်ပြုတ်ထားသော စားသောက်စရာ တစ်မျိုး။ စားသောအစာ မကြေညက်သောကြောင့် ခံတွင်းမှ လည်ချောင်းသို့ ဆန်တက်သော ချဉ်သော အရည်။ ခံတွင်းထဲမှ ထွက်တတ်သော ချဉ်သော အရည်တစ်မျိုး
English:
sauce curry
Grammar Note:
နာမ်
ချဉ်သီး
[ɕɪ̀ɴθï]
Arakanese:
ချိုင်သော အရသာဟိရေ အသီးတမျိုး။ မန်းကျည်းသီး
Burmese:
ချဉ်သော အရသာရှိသော အသီးတစ်မျိုး။ မန်းကျည်းသီး
English:
tamarind
Grammar Note:
နာမ်
ချဉ်ဟင်းရည်
[ɕɪ̀ɴhɪ́ɴɹɛ̀]
Arakanese:
ချိုင်သော အရသာထွက်အောင် အရည်များများ ထည့်၍ ချက်ပြုတ်ထားရေ ဟင်း
Burmese:
ချဉ်သော အရသာထွက်အောင် အရည်များများ ထည့်၍ ချက်ပြုတ်ထားသော ဟင်း
English:
sour soup
Grammar Note:
နာမ်