Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 801–820 of 1,812 words

    ခ

    ချဉ်အက်

    [ɕɪ̀ɴʔɛʔ]
    မချိုင်လွန်း မပေါ့လွန်းသော
    မချဉ်လွန်း မပေါ့လွန်းသော
    sour
    နာမဝိသေသန

    ချတံ

    [ɕtံ]
    ချား(ယက်) လည်ယောင် ချားခုံမာ စိုက်ထားရေ တုတ်တံ
    ချား(ရဟတ်) လည်အောင် ချားခုံတွင် စိုက်ထားသော တုတ်တံ
    borax
    နာမ်

    ချတောက်လက်ခတ်

    [ɕtɔ́ɛʔlɛʔkʰaʔ]
    ပြာသိပြာယာ။ အမြမြန်ဆဆန်။ အယင့်အယင်။ ကမန်းကတန်း။ သွက်လတ် အယင့်ယင်၊ တဟုန်တည်း ဗြုန်းခနဲ။ သုတ်ခနဲ
    ကပျာကယာ။ အဆောတလျင်။ အလျင်အမြန်။ အလျင်စလို။ သွက်လတ် လျင်မြန်စွာ၊ တစ်ဟုန်တည်း ရုတ်တရက်။ သုတ်ခနဲ
    quick
    ကြိယာဝိသေသန

    ချဒိုးချဒါ

    [ɕdóɕdà]
    အမြီရှည်၊ ခြီထောက်ရှည်၍ အမွီး နက်ပြာရောင်ဟိရေ မျိုးက်တမျိုး
    အမြီရှည်၊ ခြေထောက်ရှည်၍ အမွေး နက်ပြာရောင်ရှိသော မျောက်တစ်မျိုး
    monkey
    နာမ်

    ချနားမတီ

    [ɕnámtí]
    န-စူလာမကျီ
    န-စူလာမကျီ
    none
    နာမ်

    ချန်

    [ɕàɴ]
    ပယ်ရေ။ ဖယ်ရေ။ နောက်မာ နီခရေ။ ကြွင်းလပ်ခရေ
    ပယ်သည်။ ဖယ်သည်။ နောက်တွင် နေခဲ့သည်။ ကြွင်းလပ်ခဲ့သည်
    leave out
    ကြိယာ

    ချန်ထား

    [ɕàɴtʰá]
    ပယ်ရေ။ ဖယ်ရေ။ နောက်မာ နီခရေ။ ကြွင်းလပ်ခရေ။။ မလိုချန်ထား၊ ပစ်ပယ်ငြား၍ (ရခိုင်ကာ)
    ပယ်သည်။ ဖယ်သည်။ နောက်တွင် နေခဲ့သည်။ ကြွင်းလပ်ခဲ့သည်။။ မလိုချန်ထား၊ ပစ်ပယ်ငြား၍ (ရခိုင်ကာ)
    leave out
    ကြိယာ

    ချန်လှပ်

    [ɕàɴɬaʔ]
    ပါမလား တည်နီကျန်ရေ။ ကျန်လပ်စီရေ။ ဖယ်ထားခရေ
    ပါမသွား တည်နေရစ်သည်။ ကျန်လပ်စေသည်။ ဖယ်ထားခဲ့သည်
    keep back-cover up
    ကြိယာ

    ချပိတ်

    [ɕpeɪʔ]
    နောက်ဆုံး၊ အားလုံးရို့၏ နောက်ဆုံးဖြစ်ရေ အချိန်
    နောက်ဆုံး၊ အားလုံးတို့၏ နောက်ဆုံးဖြစ်သော အချိန်
    the end-the last
    နာမ်

    ချပိတ်ဆုံး

    [ɕpeɪʔsʰóʊɴ]
    အားလုံးရို့၏ နောက်
    အားလုံးတို့၏ နောက်
    last
    နာမ်

    ချပိတ်ဆုံး၂

    [ɕpeɪʔsʰóʊɴ၂]
    အားလုံးရို့၏ နောက်ဖြစ်ရေ
    အားလုံးတို့၏ နောက်ဖြစ်သော
    last
    နာမဝိသေသန

    ချပုတ်ခတ်

    [ɕpoʊʔkʰaʔ]
    ရက်ကန်း ရှယ်ရေအခါ ချားလက်တံကို လက်ဖြင့် လှည့်ပီးရရေ
    ရက်ကန်း ရှယ်သည့်အခါ ချားလက်တံကို လက်ဖြင့် လှည့်ပေးရသည်
    weave
    ကြိယာ

    ချပ်

    [ɕaʔ]
    ၁၊ ပန်ဆင်ရေ။ ပန်းကိုစိတ်တပ်၊ မောင်ကလှမ်းကိုင်၊ မေပန်းမြိုင်လျင်၊ တပြွတ်ဆွတ်လို့၊ ချပ်ကာပန်ဆင်(ပန်း)။ ၂၊ အကြားမာ ညှပ်ရေ။ အဂေါင်းအခွံသာ၊ ကျန်ပါရေအား၊ ညောင်းခွကြား၌၊ ချပ်ထားစွာနန့်၊ လီရာပင့်လျင်(မြို့တည်)။ ၃၊ (သတိ)ထားရေ။ မြဲရေ။ မြဲစွာထားရေ။ ဂရုစ
    ၁၊ ပန်ဆင်သည်။ ပန်းကိုစိတ်တပ်၊ မောင်ကလှမ်းကိုင်၊ မေပန်းမြိုင်လျင်၊ တစ်ခိုင်ဆွတ်လို့၊ ချပ်ကာပန်ဆင်(ပန်း)။ ၂၊ အကြားတွင် ညှပ်သည်။ ဦးခေါင်းအခွံသာ၊ ကျန်ပါသောအား၊ ညောင်းခွကြား၌၊ ချပ်ထားသည်နှင့်၊ လေပြေပင့်လျင်(မြို့တည်)။ ၃၊ (သတိ)ထားသည်။ မြဲသည်။ မြဲစွာထားသည်။ ဂရုစ
    be careful
    ကြိယာ

    ချပ်၂

    [ɕaʔ၂]
    ၁၊ ဓါး၊ လှံ အစဟိစွာ ကာကွယ်ဖို့အတွက် သံပြားအစဟိစွာအနိန်နန့် ပြုလုပ်ထားရေ စစ်ဝတ်(ချပ်) အင်္ကျီ။ ၂၊ အပြား။ အချပ်။ အထပ်။ အလွှာ
    ၁၊ ဓါး၊ လှံ စသည် ကာကွယ်ရန်အတွက် သံပြားစသည်ဖြင့် ပြုလုပ်ထားသော စစ်ဝတ်(ချပ်) အင်္ကျီ။ ၂၊ အပြား။ အချပ်။ အထပ်။ အလွှာ
    armour
    နာမ်

    ချပ်၃

    [ɕaʔ၃]
    အပြား၊ အချပ်စစွာကို ရွီတွက်ရာမာ သုံးသော စကားလုံး။ ပျိုင်ပြားတရွှား။ အုဌ်တရွှား။ ပျာလာတချပ်
    အပြား၊ အချပ်စသည်ကို ရေတွက်ရာ၌ သုံးသော စကားလုံး။ ပျဉ်ပြားတစ်ချပ်။ အုဌ်တစ်ချပ်။ ပန်းကန်တစ်ချပ်
    counting timber planks brick plate
    ပစ္စည်း

    ချပ်ချပ်သီး

    [ɕaʔɕaʔθï]
    မိုးမျိုး်သီး
    ခဝဲသီး
    luffa
    နာမ်

    ချပ်တစ်ရာ

    [ɕaʔtɪʔɹà]
    အဖြူရောင်ဟိပြီးကေ အထပ်အလွှာများစွာဟိရေ ပန်းတမျိုး
    အဖြူရောင်ရှိ၍ အထပ်အလွှာများစွာရှိသော ပန်းတစ်မျိုး
    flower
    နာမ်

    ချပ်ဝတ်အင်္ကျီ

    [ɕaʔwaʔʔŋ̇karí]
    ၁၊ ဓါး၊ လှံ စစွာကာကွယ်ဖို့အတွက် သံပြားအစဟိစွာအနိန်နန့် ပြုလုပ်ထားရေ စစ်ဝတ်(ချပ်) အင်္ကျီ။ ၂၊ အပြား။ အချပ်။ အထပ်။ အလွှာ
    ၁၊ ဓါး၊ လှံ စသည်ကာကွယ်ရန်အတွက် သံပြားစသည်ဖြင့် ပြုလုပ်ထားသော စစ်ဝတ်(ချပ်) အင်္ကျီ။ ၂၊ အပြား။ အချပ်။ အထပ်။ အလွှာ
    armour
    နာမ်

    ချပြောင်းချပြန်

    [ɕpɹáʊɴɕpɹàɴ]
    ကရားကထား။ အစိုင်မကျ ပြန့်ကျဲဗျာယ်။ ဗလပွီလိုက်
    ဖရိုဖရဲ။ အစဉ်မကျ ပြန့်ကျဲလျက်။ ရှုပ်ရှုပ်ထွေးထွေး
    polite
    ကြိယာဝိသေသန

    ချမတ

    [ɕmt]
    ကြင်နာမြတ်နိုးမှုဖြင့် ညင်သာစွာပြုမူဗျာယ်
    ကြင်နာမြတ်နိုးမှုဖြင့် ညင်သာစွာပြုမူလျက်
    polite-gentle
    ကြိယာဝိသေသန