Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 821–840 of 1,812 words

    ခ

    ချမ်း

    [ɕáɴ]
    အေးရေ။ ပူသောဓါတ်ငွီ့ မဟိဖြစ်တေ
    အေးသည်။ ပူသောဓါတ်ငွေ့ မရှိဖြစ်သည်
    cold
    ကြိယာ

    ချမ်းချမ်းကြက်ကြက်

    [ɕáɴɕáɴt͡ɕɛʔt͡ɕɛʔ]
    ကောင်းကောင်းစိမ့်သော အတွေးဟိဗျာယ်
    အလွန်အေးသော အတွေးရှိလျက်
    so cold
    ကြိယာ

    ချမှတ်

    [ɕm̥aʔ]
    သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုက တခုတရီသော ကိစ္စရပ်ကို အတည်ပြု သတ်မှတ်ပီးသည်
    သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက တစ်စုံတစ်ခုသော ကိစ္စရပ်ကို အတည်ပြု သတ်မှတ်ပေးသည်
    lay down
    ကြိယာ

    ချယ်

    [ɕɛ̀]
    ဆီးရီး ပဂျီအစဟိစွာအနိန်နန့် အတင့်အရေ ပြုရေ။ အဆန်းတကြယ် ဖြစ်ယောင် ဖန်တီးရေ
    ဆေးရေး ပန်းချီစသည်ဖြင့် အတင့်အတယ် ပြုသည်။ အဆန်းတကြယ် ဖြစ်အောင် ဖန်တီးသည်
    create
    ကြိယာ

    ချယ်မွှန်း

    [ɕɛ̀mW̯áɴ]
    ထူးခြား ဆန်းကြယ်စွာ မွမ်းမံသည်
    ထူးခြား ဆန်းကြယ်စွာ မွမ်းမံသည်
    embellish
    ကြိယာ

    ချယ်လှယ်

    [ɕɛ̀ɬɛ̀]
    (ဥပစာ) ခြူအောင် လုပ်ရေ။ မွီနှောက်သည်
    (ဥပစာ) ရှုပ်ပွေအောင် လုပ်သည်။ မွှေနှောက်သည်
    grub
    ကြိယာ

    ချယ်လှယ်၂

    [ɕɛ̀ɬɛ̀၂]
    အဆန်းတကြယ် ဖြစ်ယောင် ကြိုးစား ဆောင်ရွက်သည်
    အဆန်းတကြယ် ဖြစ်အောင် ကြိုးစား ဆောင်ရွက်သည်
    manipulate
    ကြိယာ

    ချရား

    [ɕɹá]
    ကြယ်ပွင့် သဏ္ဍာန်အဖြူရောင်၊ အဝါရောင် ပွင့်သော မွှီးသော အပွင့်ငယ်များ ပွင့်ရေ အပင်ကြီး တမျိုး
    ကြယ်ပွင့် သဏ္ဍာန်အဖြူရောင်၊ အဝါရောင် ပွင့်သော မွှေးသော အပွင့်ငယ်များ ပွင့်သည့် သစ်ပင်ကြီး တစ်မျိုး
    star flower
    နာမ်

    ချရားစိတွင်းကျ

    [ɕɹásìtwɪ́ɴt͡ɕ]
    စစိနနံ။ စိစိနှံနှံ။ အနှံအပြား။ တလုံးမကျန်
    သေသေချာချာ။ စေ့စေ့စပ်စပ်။ အနှံအပြား။ တစ်လုံးမကျန်
    graphic
    ကြိယာဝိသေသန

    ချရားဖြူ

    [ɕɹápʰɹù]
    အဖြူရောင် မွှီးသော အပွင့်ငယ်များ ပွင့်ရေ အပင်ကြီးတမျိုး။ ခရေပင်
    အဖြူရောင် မွှေးသော အပွင့်ငယ်များ ပွင့်သည့် သစ်ပင်ကြီးတစ်မျိုး။ ခရေပင်
    star flower
    နာမ်

    ချ့လက်တံ

    [ɕ့lɛʔtံ]
    ချားယက်၏ အထက်နှစ်ခု၊ အောက်နှစ်ခုကြိုးဖြင့် ဆွဲတုတ် လံထားရေ ဝါးလက်တံ
    ချားရဟတ်၏ အထက်နှစ်ခု၊ အောက်နှစ်ခုကြိုးဖြင့် ဆွဲတုတ် ချည်ထားသော ဝါးလက်တံ
    none
    နာမ်

    ချလူးချလာ

    [ɕlùးɕlà]
    အသျှူတရာမြင့်မားသော နီရာ
    အလွန်မြင့်မားသော နေရာ
    peak
    နာမ်

    ချလူးချလာ၂

    [ɕlùးɕlà၂]
    အပေါ်မှ အောက်ကို ဒလိမ့်ကောက် ကွေ့လိမ့်၍ ကျရေ။ အသျှူတရာမြင့်မားသည်
    အပေါ်မှ အောက်သို့ ဒလိမ့်ကောက် ကွေ့လိမ့်၍ ကျသည်။ အလွန်မြင့်မားသည်
    peak
    ကြိယာ

    ချလောင်းချလာ

    [ɕláʊɴɕlà]
    အမြင့်မှ အောက်ကို ဇောက်ထိုးပြောင်းပြန် (ကျဗျာယ်)
    အမြင့်မှ အောက်သို့ ဇောက်ထိုးပြောင်းပြန် (ကျလျက်)
    head first-upside down
    ကြိယာဝိသေသန

    ချလှည့်

    [ɕɬɛ̰]
    ရက်ကန်း ရှယ်ရေအခါ ချားလက်တံကို လက်ဖြင့် လှည့်ပီးရရေ
    ရက်ကန်း ရှယ်သည့်အခါ ချားလက်တံကို လက်ဖြင့် လှည့်ပေးရသည်
    weave
    ကြိယာ

    ချဝမ်းသန်

    [ɕwáɴθàɴ]
    အထာနပ် လိမ္မာမှု မဟိရေ။ အသိဉာဏ် မဟိရေ
    ပါးနပ် လိမ္မာမှု မရှိသော။ အသိဉာဏ် ကင်းမဲ့သော
    ignorantly
    နာမဝိသေသန

    ချဝမ်းသန်၂

    [ɕwáɴθàɴ၂]
    အထာနပ် လိမ္မာမှုမဟိသူ။ အသိဉာဏ် ကင်းမဲ့သူ
    ပါးနပ် လိမ္မာမှုမရှိသူ။ အသိဉာဏ် ကင်းမဲ့သူ
    ignorantly
    နာမ်

    ချဝါသန်

    [ɕwàθàɴ]
    မဟုတ်မမှန် လုပ်ကြံပနာ ပြောဆိုရေ။ ဝါ ဉာဏ်ဆင်ရေ။ လီဆယ်ရေ။ အကွန်ဆောင်ပနာ ပြောရေ
    မဟုတ်မမှန် လုပ်ကြံ၍ ပြောဆိုသည်။ လိမ်လည် ဉာဏ်ဆင်သည်။ လီဆယ်သည်။ ဟန်ဆောင်၍ ပြောသည်
    pretend
    ကြိယာ

    ချာ

    [ɕà]
    အလယ် အချက်အချာ။ ဗဟို။ လည်ပတ်နိန်ရေ အရာ
    အလယ် အချက်အချာ။ ဗဟို။ လည်ပတ်နေသော အရာ
    center
    နာမ်

    ချာ၂

    [ɕà၂]
    ဖွဲရာကျသော။ ညံ့ဖျင်းသော။ လိမ္မာမှု နည်းပါးသော
    ဆင်းရဲမွဲတေသော။ ညံ့ဖျင်းသော။ လိမ္မာမှု နည်းပါးသော
    poor
    နာမဝိသေသန