Dictionary Entries
Showing 841–860 of 1,812 words
ခ
ချာကနဲ
[ɕàknɛ]
Arakanese:
ဖြုတ်ခြည်း မျက်နှာတဖက်သို့ လှည့်သွားဗျာယ်။ အမှတ်မထင် ဖြစ်ပေါ်ရွီတွက်နန့်။ ဗြုန်းခနဲအားဖြင့်
Burmese:
ဖြုတ်ချည်း မျက်နှာတစ်ဖက်သို့ လှည့်သွားလျက်။ အမှတ်မထင် ဖြစ်ပေါ်သောအားဖြင့်။ ရုတ်တရက်အားဖြင့်
English:
suddenly
Grammar Note:
ကြိယာဝိသေသန
ချာချာလည်
[ɕàɕàlɛ̀]
Arakanese:
ရစ်ဝဲလှည့်ပတ်၍ လားရေ။ မနားမနီ လည်ရေ။ မပြတ်မလပ် လည်နိန်ရေ။ မရပ်မနား ရစ်လည်သည်
Burmese:
ရစ်ဝဲလှည့်ပတ်၍ သွားသည်။ မနားမနေ လည်သည်။ မပြတ်မလပ် လည်နေသည်။ မရပ်မနား ရစ်လည်သည်
English:
rotate
Grammar Note:
ကြိယာ
ချာချိဝမ်
[ɕàɕìwàɴ]
Arakanese:
ငရုတ်နန့် ငပိကိုရော၍ ညက်အောင် ကြိတ်ထားရေ အရာ
Burmese:
ငရုတ်နှင့် ငပိကိုရော၍ ညက်အောင် ကြိတ်ထားသော အရာ
English:
Pounded ngapi
Grammar Note:
နာမ်
ချာတာလန်
[ɕàtàlàɴ]
Arakanese:
လက်လျော့ အယှုံးပီးရရေ။ အယှုံးခံရေ။ လက်မြှောက်သည်
Burmese:
လက်လျော့ အရှုံးပေးရသည်။ အရှုံးခံသည်။ လက်မြှောက်သည်
English:
give up-surrender
Grammar Note:
ကြိယာ
ချာတိုင်
[ɕàtàɪɴ]
Arakanese:
အလယ်ချက်မ၌ စိုက်ထူထားရေ တိုင်။ အလယ်ဗဟို၌ စိုက်ထူထားရေ တိုင်
Burmese:
အလယ်ချက်မ၌ စိုက်ထူထားသော တိုင်။ အလယ်ဗဟို၌ စိုက်ထူထားသော တိုင်
English:
center
Grammar Note:
နာမ်
ချာတူးလန်
[ɕàtùးlàɴ]
Arakanese:
အလွန်တရာခါးသော အရသာဟိရေ
Burmese:
အလွန့်အလွန်ခါးသော အရသာရှိသော
English:
bitter
Grammar Note:
နာမဝိသေသန
ချာတူးလန်၂
[ɕàtùးlàɴ၂]
Arakanese:
အလွန်တရာခါးသော အရရာဟိရေ၏ အဖြစ်
Burmese:
အလွန့်အလွန်ခါးသော အရသာရှိသည်၏ အဖြစ်
English:
bitter
Grammar Note:
နာမ်
ချာမ
[ɕàm]
Arakanese:
အလယ်ဗဟိုဖြစ်ရေ အရပ်
Burmese:
အလယ်ဗဟိုဖြစ်သော အရပ်
English:
center
Grammar Note:
နာမ်
ချာယောပင်
[ɕàjɔ́pɪ̀ɴ]
Arakanese:
အာဟာရကို ဖြစ်စီသော စားသုံးရရေ ဥပင်တမျိုး။ အာဒါလွတ်ပင်
Burmese:
အာဟာရကို ဖြစ်စေသော စားသုံးရသည့် ဥပင်တစ်မျိုး။ အာဒါလွတ်ပင်
English:
arrowroot plant
Grammar Note:
နာမ်
ချာရေ
[ɕàɹè]
Arakanese:
ညံ့ဖျင်းသော။ နုံချာသော။ဆင်းရဲသော
Burmese:
ညံ့ဖျင်းသော။ နုံချာသော။ဆင်းရဲသော
English:
poor
Grammar Note:
နာမဝိသေသန
ချာရေ၂
[ɕàɹè၂]
Arakanese:
ညံ့ဖျင်း။ နုံချာသော သူ။ ဆင်းရဲသော သူ
Burmese:
ညံ့ဖျင်း။ နုံချာသော သူ။ ဆင်းရဲသော သူ
English:
poor
Grammar Note:
နာမ်
ချာလပတ်ရည်
[ɕàlpaʔɹɛ̀]
Arakanese:
ချိုင်စုတ်စုတ် အရည်တမျိုး။ ရှာလပတ်ရည်တမျိုး
Burmese:
ချဉ်စုတ်စုတ် အရည်တစ်မျိုး။ အဖျော်ရည်တစ်မျိုး
English:
juice
Grammar Note:
နာမ်
ချာလပတ်လည်
[ɕàlpaʔlɛ̀]
Arakanese:
ရစ်ဝဲလှည့်ပတ်၍ လားရေ။ မနားမနီ လည်ရေ။ မပြတ်မလပ် လည်နိန်ရေ။ မရပ်မနား ရစ်လည်သည်
Burmese:
ရစ်ဝဲလှည့်ပတ်၍ သွားသည်။ မနားမနေ လည်သည်။ မပြတ်မလပ် လည်နေသည်။ မရပ်မနား ရစ်လည်သည်
English:
rotate
Grammar Note:
ကြိယာ
ချိ
[ɕì]
Arakanese:
ကန်ရေ။ ပိုလျှံထွက်ကျမှု မဟိ။ သည်းခံနိုင်စွမ်း ဟိရေ။ ကိုယ်လက် ကျမ္မာရေ။ ခံနှိုင်ရေ အစွမ်းဟိရေ
Burmese:
ဆံ့သည်။ ပိုလျှံထွက်ကျမှု မရှိ။ သည်းခံနိုင်စွမ်း ရှိသည်။ ကိုယ်လက် ကျန်းမာသည်။ ခံနိုင်သော အစွမ်းရှိသည်
English:
have capacity
Grammar Note:
ကြိယာ
ချိ၂
[ɕì၂]
Arakanese:
ခွန်အား နည်းပါးသော
Burmese:
ခွန်အား နည်းပါးသော
English:
weak
Grammar Note:
နာမဝိသေသန
ချိ၃
[ɕì၃]
Arakanese:
ပစ္စုပ္ပန်၊ အနာဂတ် ကာလ နှစ်ပါးဆိုင်ရာ ကြိယာရို့၏ အနက်ကို လီးနက်စီရေ စကားလုံး
Burmese:
ပစ္စုပ္ပန်၊ အနာဂတ် ကာလ နှစ်ပါးဆိုင်ရာ ကြိယာတို့၏ အနက်ကို လေးနက်စေသော စကားလုံး
English:
none
Grammar Note:
ကြိယာထောက်ပစ္စည်း
ချိချိပါးပါး
[ɕìɕìpàးpàး]
Arakanese:
မရဲမဝံ့ တွန့်ဆုတ်ဗျာယ်။ ဗြုန်းခနဲ ရှက်ရွံဗျာယ်။ ယိုင်ကျေးဖွယ်ရာသော ဟန်အမူအရာဖြင့်။ ခြေကို အသာအယာ ဖြည်းညှင်းစွာ ကြွချီဗျာယ်
Burmese:
မရဲမဝံ့ တွန့်ဆုတ်လျက်။ ရုတ်တရက် ရှက်ရွံလျက်။ ယဉ်ကျေးဖွယ်ရာသော ဟန်အမူအရာဖြင့်။ ခြေကို အသာအယာ ဖြည်းညှင်းစွာ ကြွချီလျက်
English:
stop short and draw
Grammar Note:
ကြိယာဝိသေသန
ချိတ်
[ɕeɪʔ]
Arakanese:
ပြုစုပျိုးထောင်သော လယ်မြီ။ (ခတ္တိယ- ချတ္တိယ- ချတ္တရီ- ချိတ်
Burmese:
ပြုစုပျိုးထောင်သော လယ်မြေ။ (ခတ္တိယ- ချတ္တိယ- ချတ္တရီ- ချိတ်
English:
paddy land
Grammar Note:
နာမ်
ချိတ်၂
[ɕeɪʔ၂]
Arakanese:
၁၊ အဖျားကောက်သော အရာ။ ၂၊ အင်္ကျီစစွာကို ဆွဲထားရရေ ကိရိယာ။ ၃၊ အဝတ်အထည် တခုနန့်တခုကို ချိတ်တွယ်ရရေ သံချိတ်ငယ်
Burmese:
၁၊ အဖျားကောက်သော အရာ။ ၂၊ အင်္ကျီစသည်ကို ဆွဲထားရသော ကိရိယာ။ ၃၊ အဝတ်အထည် တစ်ခုနှင့်တစ်ခုကို ချိတ်တွယ်ရသော သံချိတ်ငယ်
English:
hook
Grammar Note:
ကြိယာ
ချိတ်ကောက်
[ɕeɪʔkɔ́ɛʔ]
Arakanese:
တယောက်တလီအား ထိခိုက်အောင် စောင်းခပ်မြောင်းခပ် ပြောဆိုရေ
Burmese:
တစ်စုံတစ်ယောက်အား ထိခိုက်အောင် စောင်းမြောင်း ပြောဆိုသည်
English:
backbiting
Grammar Note:
ကြိယာ