Dictionary Entries
Showing 881–900 of 1,812 words
ခ
ချိန်သီး
[ɕèɪɴθï]
Arakanese:
ချိန်ရေကြိုး အစွန်းဖျားမာ ဆွဲထားရေ အလီး
Burmese:
ချိန်သည့်ကြိုး အစွန်းဖျားတွင် ဆွဲထားသော အလေး
English:
plumbbob
Grammar Note:
နာမ်
ချိပ်
[ɕìaʔ]
Arakanese:
၁၊ အဖျားကောက်သော အရာ။ ၂၊ တခုတရီသော ဝန်ကိုဆွဲယူ၊ ဆွဲထားရရေ ကိရိယာ။ ၃၊ အဝတ်အထည် တခုနန့်တခုကို ချိတ်တွယ်ရရေ သံချိတ်ငယ်
Burmese:
၁၊ အဖျားကောက်သော အရာ။ ၂၊ တစ်စုံတစ်ခုသော ပစ္စည်းကိုဆွဲယူ၊ ဆွဲထားရသော ကိရိယာ။ ၃၊ အဝတ်အထည် တစ်ခုနှင့်တစ်ခုကို ချိတ်တွယ်ရသော သံချိတ်ငယ်
English:
safety pin
Grammar Note:
နာမ်
ချို
[ɕÒ]
Arakanese:
၁၊ (အဝတ်) ဖွပ်။ တောအောက်မြိုင်ခွင်၊ ကျောက်အိုင်ကြီး၌၊ အနှီးချိုရန်၊ လားလိုပြန်ပနာ (ရာမ)။ ၂၊ ရင်းနှီးမှု အချင်းချင်း ဖဲကစပ်ကတ်ရာ ရယ်စရာအဖြစ် ပြုတ်မနူး ပြုလုပ်ဗျာယ် ဖဲဒိုင်သမားက ဝိုင်းတော်သားအားလုံးကို ချို ရေလို့ ဆိုကာ အလျင်မပီးထားကတ်တေ။ ဝိုင်းတေ
Burmese:
၁၊ (အဝတ်) လျှော်ဖွပ်သည်။ တောအောက်မြိုင်ခွင်၊ ကျောက်အိုင်ကြီး၌၊ အနှီးချိုရန်၊ သွားလိုပြန်၍ (ရာမ)။ ၂၊ ရင်းနှီးမှု အချင်းချင်း ဖဲကစားကြရာ ရယ်စရာအဖြစ် ပြောင်ချော်ချော် ပြုလုပ်ကာ ဖဲဒိုင်သမားက ဝိုင်းတော်သားအားလုံးကို ချို သည်ဟု ဆိုကာ အလျင်မပေးထားကြသည်။ ဝိုင်းတေ
English:
wash
Grammar Note:
ကြိယာ
ချို့
[ɕo̰]
Arakanese:
ပြည့်စုံခြင်းမဟိ။ လိုနီသိမ့်ရေ
Burmese:
ပြည့်စုံခြင်းမရှိ။ လိုနေသေးသည်
English:
be poor
Grammar Note:
ကြိယာ
ချိုး
[ɕó]
Arakanese:
၁၊ လက်ဝဲ၊ လက်ယာတဖက်ကို လှည့်ရေ။ ကွေ့ရေ။ ၂၊ တခုတရီကို ကျိုးစီရေ။ ကျိုးယောင်လုပ်ရေ။ ၃၊ နှိမ်နင်း ဖျက်ဆီးရေ။ ၄၊ ရီချိုးရေ။ ၅၊ ရွီတွက်မှတ်သားရေ။ လက်ဆစ် ချိုးလို့ ရွီ
Burmese:
၁၊ လက်ဝဲ၊ လက်ယာတစ်ဘက်သို့ လှည့်သည်။ ကွေ့သည်။ ၂၊ တစ်စုံတစ်ရာကို ကျိုးစေသည်။ ကျိုးအောင်လုပ်သည်။ ၃၊ နှိမ်နင်း ဖျက်ဆီးသည်။ ၄၊ ရေချိုးသည်။ ၅၊ ရေတွက်မှတ်သားသည်။ လက်ဆစ် ချိုးလို့ ရွီ
English:
broke
Grammar Note:
ကြိယာ
ချို၂
[ɕÒ၂]
Arakanese:
၁၊ သကြား၊ သကာရို့ပိုင် အရသာမျိုးဟိရေ။ ၂၊ ရွှင်ပြ ကြည်လင်သော မျက်ကြောဟိရေ။ မျက်နှာချိုရေ
Burmese:
၁၊ သကြား၊ သကာတို့ကဲ့သို့ အရသာမျိုးရှိသော။ ၂၊ ရွှင်ပျ ကြည်လင်သော မျက်နှာထားရှိသော။ မျက်နှာချိုသည်
English:
sweet
Grammar Note:
နာမဝိသေသန
ချိုးခရွက်
[ɕókʰɹwɛʔ]
Arakanese:
တတိန်းချေနိန်ရေမှ ပေါ်ထွက်လှာသော လှုပ်ယှားမှုအသံ
Burmese:
တိတ်တဆိတ်နေသည်မှ ပေါ်ထွက်လာသော လှုပ်ရှားမှုအသံ
English:
none
Grammar Note:
နာမ်
ချိုချို
[ɕÒɕÒ]
Arakanese:
လီးနက်ရေ ချိုခြင်းမျိုးမဟုတ်ဘဲ။ အရသာ လျော့နည်းစွာ
Burmese:
လေးနက်သော ချိုခြင်းမျိုးမဟုတ်ပဲ။ အရသာ လျော့နည်းစွာ
English:
sweet
Grammar Note:
ကြိယာဝိသေသန
ချိုချိုး
[ɕÒɕó]
Arakanese:
အချိုလွန်သော အရသာ
Burmese:
အချိုလွန်သော အရသာ
English:
sweet
Grammar Note:
နာမ်
ချိုချိုသာသာ
[ɕÒɕÒθàθà]
Arakanese:
၁၊ သာယာ နာပျော်ဖွယ်ဖြစ်ရေ (စကား)။ ၂၊ ကြည်လင်ရွှင်ပြသော (မျက်ကြောဖြင့်)
Burmese:
၁၊ သာယာ နာပျော်ဖွယ်ဖြစ်သော (စကား)။ ၂၊ ကြည်လင်ရွှင်ပျသော (မျက်နှာထားဖြင့်)
English:
tuneful
Grammar Note:
နာမဝိသေသန
ချိုချောင်း
[ɕÒɕáʊɴ]
Arakanese:
အသင့်အတင့်လောင်းာက်ရာ ချိုရေအရသာမျိုး
Burmese:
အသင့်အတင့်မျှသာ ချိုသောအရသာမျိုး
English:
sweet
Grammar Note:
နာမ်
ချိုင်
[ɕàɪɴ]
Arakanese:
၁၊ အပင်၊ သစ်ကိုင်း စစွာကို ကြိုးဖြင့် ချိုင်ရေ။ ၂၊ နှိမ်နင်းရေ။ ရန်စဖြတ်နိုင်၊ ဖမ်း၍ချိုင်က (ရခိုင်ကာ)
Burmese:
၁၊ သစ်ပင်၊ သစ်ကိုင်း စသည်ကို ကြိုးဖြင့် ချည်သည်။ ၂၊ နှိမ်နင်းသည်။ ရန်စဖြတ်နိုင်၊ ဖမ်း၍ချိုင်က (ရခိုင်ကာ)
English:
cut
Grammar Note:
ကြိယာ
ချိုင်
[ɕàɪɴ]
Arakanese:
နက်ဟိုင်းသော အရပ်။ စောက်နက်ရေ အရပ်။ အထဲကို ခွက်ဝင်နိန်ရေ အရာ
Burmese:
နက်ရှိုင်းသော အရပ်။ စောက်နက်သော အရပ်။ အတွင်းသို့ ခွက်ဝင်နေသော အရာ
English:
depression
Grammar Note:
နာမ်
ချိုင်း
[ɕáɪɴ]
Arakanese:
၁၊ ချမ်းရေ။ ချမ်းအီးရေ။ မောင်တော်ချိုင်းလို့၊ တပိုင်းခြုံမည်၊ ဆိုတုံငြားက၊ ကမ္ပလာကို၊ လှမ်းကာလွယ်ကူ၊ ယူတော်မူပြီးကေ (ထာနု)။ ၂၊ (အချိန်အခါလွန်၍) အေးရေ။ သူရို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါကေ(ပဒုမ္မ)
Burmese:
၁၊ ချမ်းသည်။ ချမ်းအေးသည်။ မောင်တော်ချိုင်းလို့၊ တစ်ပိုင်းချုံမည်၊ ဆိုတုံငြားက၊ ကမ္ပလာကို၊ လှမ်းကာလွယ်ကူ၊ ယူတော်မူ၍ (ထာနု)။ ၂၊ (အချိန်အခါလွန်၍) အေးသည်။ သူတို့ချက်ရာ၊ ထမင်းချိုင်းလည်း၊ ကျိုင်းလှပါကေ(ပဒုမ္မ)
English:
cold
Grammar Note:
ကြိယာ
ချိုင်၂
[ɕàɪɴ၂]
Arakanese:
အထဲကို နှိမ့်၍ ခွက်ဝင်နိန်ရေ
Burmese:
အတွင်းသို့ နှိမ့်၍ ခွက်ဝင်နေသော
English:
decline
Grammar Note:
နာမဝိသေသန
ချိုင်ကြိုး
[ɕàɪɴt͡ɕó]
Arakanese:
ခြည်တုပ်ရန် သုံးရရေကြိုး
Burmese:
ချည်တုပ်ရန် သုံးရသောကြိုး
English:
rope
Grammar Note:
နာမ်
ချိုင်းချိုင်းကြက်ကြက်
[ɕáɪɴɕáɪɴt͡ɕɛʔt͡ɕɛʔ]
Arakanese:
ကောင်းကောင်းစိမ့်သော အတွေးဟိဗျာယ်
Burmese:
အလွန်အေးသော အတွေးရှိလျက်
English:
cold
Grammar Note:
ကြိယာဝိသေသန
ချိုင်းချိုင်းစိမ့်စိမ့်
[ɕáɪɴɕáɪɴsèɪɴ့sèɪɴ့]
Arakanese:
ကိုယ်မားသို့ ဝင်ရောက်အီးမြသည် ဖြစ်ဗျာယ်
Burmese:
ကိုယ်တွင်းသို့ ဝင်ရောက်အေးမြသည် ဖြစ်လျက်
English:
cold
Grammar Note:
ကြိယာဝိသေသန
ချိုင်းချိုင်းသာသာ
[ɕáɪɴɕáɪɴθàθà]
Arakanese:
၁၊ ဝန်ဥစ္စာ ပေါများရေ။ ၂၊ ဆင်းရဲခြင်း ကင်းသော။ အီးချမ်း သာယာသော
Burmese:
၁၊ ပစ္စည်းဥစ္စာ ပေါများသော။ ၂၊ ဆင်းရဲခြင်း ကင်းသော။ အေးချမ်း သာယာသော
English:
peaceful
Grammar Note:
နာမဝိသေသန
ချိုင့်ခွက်
[ɕa̰ɪɴkʰwɛʔ]
Arakanese:
မားခွက်အတိုင်း ဟိရေနီရာ။ အလွန် နက်ဝှမ်းသော အရာ
Burmese:
တွင်းခွက်အတိုင်း ရှိသောနေရာ။ အလွန် နက်ဝှမ်းသော အရာ
English:
depression
Grammar Note:
နာမ်