Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 901–920 of 1,812 words

    ခ

    ချိုင်းမြသာယာ

    [ɕáɪɴmɹθàjà]
    ၁၊ အီးချမ်း သာယာရေ။ ၂၊ အီးချမ်းသည်
    ၁၊ အေးချမ်း သာယာသည်။ ၂၊ အေးချမ်းသည်
    peaceful
    ကြိယာ

    ချိုင့်ဝှမ်း

    [ɕa̰ɪɴʍáɴ]
    ကုန်းမြင့်နှစ်ခု၏ အကြား အလွန်နိမ့်ဟိုင်းသော နီရာအရပ်။ အဝှမ်း
    ကုန်းမြင့်နှစ်ခု၏ အကြား အလွန်နိမ့်ရှိုင်းသော နေရာအရပ်။ အဝှမ်း
    valley
    နာမ်

    ချိုင်းသာ

    [ɕáɪɴθà]
    ၁၊ ဝန်ဥစ္စာ ပေါများရေ။ ကြွယ်ဝသော။ ၂၊ ဆင်းရဲ ကင်းသော
    ၁၊ ပစ္စည်းဥစ္စာ ပေါများသော။ ကြွယ်ဝသော။ ၂၊ ဆင်းရဲ ကင်းသော
    rich
    နာမဝိသေသန

    ချိုင်းသာ၂

    [ɕáɪɴθà၂]
    ဆင်းရဲခြင်း ကင်းသည်၏ အဖြစ်။ ကြွယ်ဝရေ၏ အဖြစ်
    ဆင်းရဲခြင်း ကင်းသည်၏ အဖြစ်။ ကြွယ်ဝသည်၏ အဖြစ်
    rich
    နာမ်

    ချိုင်းသာပီး

    [ɕáɪɴθàpï]
    ပြစ်မှု ပြစ်ဒဏ် မှုခင်း အစဟိစွာရို့မှ ရွတ်မြောက်စီရေ
    ပြစ်မှု ပြစ်ဒဏ် မှုခင်း စသည်တို့မှ လွတ်ကင်းစေသည်
    be free from
    ကြိယာ

    ချိုင်းအီး

    [ɕáɪɴʔï]
    ၁၊ အပူလောင် အဆင်းအရဲ ကင်းမဲ့ရေ။ ၂၊ ငြိမ်းအီး သာယာဟိရေ။ ၃၊ အပူချိန် ကင်းပျောက်သည်
    ၁၊ အပူလောင် အဆင်းအရဲ ကင်းမဲ့သည်။ ၂၊ ငြိမ်းအေး သာယာရှိသည်။ ၃၊ အပူချိန် ကင်းပျောက်သည်
    peaceful
    ကြိယာ

    ချိုးဆိတ်

    [ɕósʰeɪʔ]
    (လူတိကို) နှိမ်နှင်း ဖိနှိပ်၍ (ပြောဆိုရေ)
    (သူတစ်ပါးကို) နှိမ်နှင်း ဖိနှိပ်၍ (ပြောဆိုသည်)
    oppress
    ကြိယာဝိသေသန

    ချို့တဲ့

    [ɕo̰té]
    မပြည့်စုံ။ လိုနိန်ရေ။ ချို့တဲ့အင်္ဂါ၊ မပါခြေလက်၊ ခေါင်းထက်ရွက်တင် (ပေါင်တို)
    မပြည့်စုံ။ လိုနေသည်။ ချို့တဲ့အင်္ဂါ၊ မပါခြေလက်၊ ခေါင်းထက်ရွက်တင် (ပေါင်တို)
    be poor
    ကြိယာ

    ချို့ထက်ဝက်

    [ɕo̰tʰɛʔwɛʔ]
    အမင်ာင်နှမျှ နှစ်ခုခွဲထားရေမှ တခု။ အလပ်။ အနည်းအပါး။ အနည်းအကျိုင်း။ ငွီအားလုံး မပေးကေလေ့၊ ချို့ထက်ဝက် စွာလည်း ပီးပါ
    အညီအမျှ နှစ်ခုခွဲထားသည်မှ တစ်ခု။ တဝက်။ အနည်းအပါး။ အနည်းအကျဉ်း။ ငွေအားလုံး မပေးသော်လည်း၊ ချို့ထက်ဝက် တာလည်း ပီးပါ
    half
    နာမ်

    ချိုးနှိမ်

    [ɕón̥èɪɴ]
    အညွန့်၊ အညှောက် အစဟိစွာရို့ကို တုံးတိုအောင် လုပ်ရေ
    အညွန့်၊ အညှောက် စသည်တို့ကို တုံးတိုအောင် လုပ်သည်
    master
    ကြိယာ

    ချိုပိချိုပင်

    [ɕÒpìɕÒpɪ̀ɴ]
    စိကေချေချိုရေ အရသာ။ ချိုမြမြ။ ချိုယောင်ယောင်ဟိရေ အရသာ။ ချိုပိချိုပင်၊ မစားချင်၊ အသျှင်စား***စားပစ်လို့ပင် (တေး)
    အနည်းငယ်ချိုသော အရသာ။ ချိုမြမြ။ ချိုယောင်ယောင်ရှိသော အရသာ။ ချိုပိချိုပင်၊ မစားချင်၊ အသျှင်စား***စားလို့ပင် (တေး)
    sweet
    နာမ်

    ချိုပေါ့ပေါ့

    [ɕÒpɔ̰pɔ̰]
    လလီးပပစ် ချိုရေမဟုတ်ဘဲ ကပျက်ကလျော်ဟိရေ အရသာ
    လေးလေးနက်နက် ချိုသည်မဟုတ်ပဲ ပေါ့ပျက်ပျက်ရှိသော အရသာ
    sweet
    နာမ်

    ချိုပျက်ပျက်

    [ɕÒprɛʔprɛʔ]
    စိကေချေချိုရေ အရသာ
    အနည်းငယ်ချိုသော အရသာ
    sweet
    နာမ်

    ချိုပြပြ

    [ɕÒpɹpɹ]
    စိကေချေရာ ချိုရေအရသာ
    အနည်းငယ်သာ ချိုသောအရသာ
    sweet
    နာမ်

    ချိုပြုံး

    [ɕÒpɹóʊɴ]
    နှစ်သက်ကြည်နူးသော မျက်ကြောအမူအရာ
    နှစ်သက်ကြည်နူးသော မျက်နှာထားအမူအရာ
    tuneful
    နာမ်

    ချိုးဖေါက်

    [ɕópʰaʊʔ]
    ဖျက်ဆီးရေ။ ပျက်စီးစီရေ။ ကျိုးပေါက်စီရေ
    ဖျက်ဆီးသည်။ ပျက်စီးစေသည်။ ကျိုးပေါက်စေသည်
    destroy
    ကြိယာ

    ချိုးဖဲ့

    [ɕópʰé]
    ကျိုးစီ၊ ပဲ့စီလိုပိုင် ဖျက်ဆီးသည်
    ကျိုးစေ၊ ပဲ့စေလို၍ ဖျက်ဆီးသည်
    destroy
    ကြိယာ

    ချိုးဖျက်

    [ɕópʰrɛʔ]
    ကျိုးပျက်စီရေ။ ပျက်စီးအောင် ပြုလုပ်ရေ
    ကျိုးပျက်စေသည်။ ပျက်စီးအောင် ပြုလုပ်သည်
    destroy
    ကြိယာ

    ချိုမြက်မြက်

    [ɕÒmɹɛʔmɹɛʔ]
    ၁၊ လီးနက်ရေ ချိုရေ အရသာဟိရေ။ ၂၊ လွန်ကဲသော ချိုရေ အရသာဟိရေ
    ၁၊ လေးနက်သော ချိုသော အရသာရှိသော။ ၂၊ လွန်ကဲသော ချိုသော အရသာရှိသော
    sweet
    နာမဝိသေသန

    ချိုမြိန့်မြိန့်

    [ɕÒmɹèɪɴ့mɹèɪɴ့]
    ဆိမ့်ချိုရေ အရသာဟိရေ
    ဆိမ့်ချိုသော အရသာရှိသော
    sweet
    နာမဝိသေသန