Dictionary Entries
Showing 961–980 of 1,812 words
ခ
ချီးထုပ်ပွင့်
[ɕïtʰoʊʔpwɪ̰ɴ]
Arakanese:
(ဥပစာ) လျှို့ဝှက် ဖုံးကွယ်ထားရေ အပြစ်အနာများ ပေါ်ရွီတွက်နန့်။ ညံ့ဖျင်းသော အခြီအရဲပေါ်သည် ဖြစ်ပနာ
Burmese:
(ဥပစာ) လျှို့ဝှက် ဖုံးကွယ်ထားသော အပြစ်အနာများ ပေါ်သောအားဖြင့်။ ညံ့ဖျင်းသော အခြေအနေပေါ်သည် ဖြစ်၍
English:
none
Grammar Note:
ကြိယာဝိသေသန
ချီးထူ
[ɕïtʰù]
Arakanese:
အညစ်အကြီးတိစွာ
Burmese:
အညစ်အကြေးများသည်
English:
dirt
Grammar Note:
ကြိယာ
ချီးထူ၂
[ɕïtʰù၂]
Arakanese:
(ဥပစာ) အဆာကျယ်ရေ။ အဆာ ကျယ်ရေ။ စိတ်ဆန္ဒ ထူးထွေ များပြားသည်
Burmese:
(ဥပစာ) အလို များသည်။ အဆာ ကျယ်သည်။ စိတ်ဆန္ဒ ထူးထွေ များပြားသည်
English:
strong or intense desire
Grammar Note:
ကြိယာ
ချီးဒုံသျှေ
[ɕïdòʊɴʃè]
Arakanese:
(အမွီးအတောင် မပေါက်သိမ့်ရေ) ပေါက်စလေးငှက်
Burmese:
(အမွေးအတောင် မပေါက်သေးသော) ပေါက်စလေးငှက်
English:
chick
Grammar Note:
နာမ်
ချီးနုယို
[ɕïnoʊjÒ]
Arakanese:
ဝေဒနာကြောင့် သီဖို့ခါစွန့်သော ကျင်ကြီး။ ကြောက်အား လန့်အားကြီးပြီးကေ ယိုသော ကျင်ကြီး။ ပေါက်စခါ အချေ၏ စွန့်သော ကျင်ကြီး
Burmese:
ဝေဒနာကြောင့် သေခါနီးစွန့်သော ကျင်ကြီး။ ကြောက်အား လန့်အားကြီး၍ ယိုသော ကျင်ကြီး။ မွေးခါစ ကလေး၏ စွန့်သော ကျင်ကြီး
English:
faeces
Grammar Note:
နာမ်
ချီးနှစ်ပုတ်
[ɕïn̥ɪʔpoʊʔ]
Arakanese:
တခုတရီ ထိခိုက်မိသော ဒဏ်ရာဒဏ်ချက်ကြောင့် တနည်း ရိုက်ပုတ်ခံရရေ ဒဏ်ရာရို့ကြောင့် ဖြစ်ပေါ်သော အနာ
Burmese:
တစ်စုံတစ်ခု ထိခိုက်မိသော ဒဏ်ရာဒဏ်ချက်ကြောင့် သို့မဟုတ် ရိုက်ပုတ်ခံရသော ဒဏ်ရာတို့ကြောင့် ဖြစ်ပေါ်သော အနာ
English:
wound
Grammar Note:
နာမ်
ချီးနှစ်ပုတ်၂
[ɕïn̥ɪʔpoʊʔ၂]
Arakanese:
တခုတရီ ထိခိုက်မိသော ဒဏ်ရာ ဒဏ်ချက်ရို့ကြောင့် တနားတခါ ရောဂါဖြစ်တတ်၍ နာလန်မထူနိုင် ဖြစ်တေ
Burmese:
တစ်စုံတစ်ခု ထိခိုက်မိသော ဒဏ်ရာ ဒဏ်ချက်တို့ကြောင့် မကြာခဏ ရောဂါဖြစ်တတ်၍ နာလန်မထူနိုင် ဖြစ်သည်
English:
Not recover from illness
Grammar Note:
ကြိယာ
ချီးနှီးပိုင်း
[ɕïn̥ïpáɪɴ]
Arakanese:
မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
Burmese:
မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
English:
diaper
Grammar Note:
နာမ်
ချီးနှီးဖဲ့
[ɕïn̥ïpʰé]
Arakanese:
မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
Burmese:
မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
English:
diaper
Grammar Note:
နာမ်
ချီးနှီးဟပ်
[ɕïn̥ïhaʔ]
Arakanese:
မွီးကင်းစ အချေ၏ ကိုယ်ကို ထွေးပတ်ထားရေ အဝတ်ချာ။ အနှီးထည်
Burmese:
မွေးကင်းစ ကလေး၏ ကိုယ်ကို ထွေးပတ်ထားသော အဝတ်စ။ အနှီးထည်
English:
diaper
Grammar Note:
နာမ်
ချီးပင့်
[ɕïpɪ̰ɴ]
Arakanese:
မြှောက်စားရေ။ မြှောက်ပင့်သည်
Burmese:
မြှောက်စားသည်။ မြှောက်ပင့်သည်
English:
cajolery
Grammar Note:
ကြိယာ
ချီးပိုးထိုး
[ɕïpótʰó]
Arakanese:
နွားချီးပုံ၊ မြေညက်ပုံ၊ အမှိုက်ပုံရို့မာ ပေါက်ဖွားသော ချပိုးတမျိုး
Burmese:
နွားချေးပုံ၊ မြေညက်ပုံ၊ အမှိုက်ပုံတို့၌ ပေါက်ဖွားသော နွားချေးပိုးတစ်မျိုး
English:
scrab beetle
Grammar Note:
နာမ်
ချီးပု
[ɕïpoʊ]
Arakanese:
ချီးပုရေ။ ချီးပေါက်သည်
Burmese:
အီးပေါက်သည်။ လေလည်သည်
English:
break wind
Grammar Note:
နာမ်
ချီးပုံးဂါရီ
[ɕïpóʊɴɡàɹí]
Arakanese:
(မိလ္လာ) ချီးသယ်သော ကား။ ယာဉ်
Burmese:
(မိလ္လာ) မစင်သယ်သော ကား။ ယာဉ်
English:
sewage car
Grammar Note:
နာမ်
ချီးပူး
[ɕïpùး]
Arakanese:
ဆံပင်ကို ရိတ်ထားပနာ ခေါင်းပြောင်နိန်ရေ သူအားခေါ်သော စကားလုံး
Burmese:
ဆံပင်ကို ရိတ်ထား၍ ခေါင်းပြောင်နေသော သူအားခေါ်သော စကားလုံး
English:
clean shaven head
Grammar Note:
ကြိယာ
ချီးပူးမ
[ɕïpùးm]
Arakanese:
ဆံပင်ကို ရိတ်ထားပနာ ခေါင်းပြောင်နိန်ရေ သူအားခေါ်သော စကားလုံး။ အဂေါင်း၌ ဆံပင်မပေါက် ပြောင်ချောနိန်ရေ သူအား ခေါ်သော စကားလုံး
Burmese:
ဆံပင်ကို ရိတ်ထား၍ ခေါင်းပြောင်နေသော သူအားခေါ်သော စကားလုံး။ ဦးခေါင်း၌ ဆံပင်မပေါက် ပြောင်ချောနေသော သူအား ခေါ်သော စကားလုံး
English:
clean shaven head
Grammar Note:
နာမ်
ချီးပေါက်
[ɕïpaʊʔ]
Arakanese:
ချီးပုရေ။ ချီးပေါက်သည်
Burmese:
အီးပေါက်သည်။ လေလည်သည်
English:
break wind
Grammar Note:
ကြိယာ
ချီးပေါက်၂
[ɕïpaʊʔ၂]
Arakanese:
အာသရ၊ ဦသရ၊ ဤသရရို့ကို ရွက်ဆိုရာမာ လီးနက်စီရန် အစက်ပေါက်ငယ် နှစ်လုံး။ (း) ကား၊ ကီး၊ ကူး
Burmese:
အာသရ၊ ဦသရ၊ ဤသရတို့ကို ရွက်ဆိုရာ၌ လေးနက်စေရန် အစက်ပေါက်ငယ် နှစ်လုံး။ (း) ကား၊ ကီး၊ ကူး
English:
none
Grammar Note:
နာမ်
ချီးပေါက်မပိုး
[ɕïpaʊʔmpó]
Arakanese:
လူကိုင်မိလျှင် ချီးပုပိုင် မြည်ပြီး အနံ့အသက်ဆိုးဝါးသော အနက်ရောင်မာ အဝါကွက်ပါရေ မြေမားနေပိုးကောင် တမျိုး
Burmese:
လူကိုင်မိလျှင် အီးပေါက်သကဲ့သို့ မြည်ပြီး အနံ့အသက်ဆိုးဝါးသော အနက်ရောင်တွင် အဝါကွက်ပါသော မြေတွင်းနေပိုးကောင် တစ်မျိုး
English:
none
Grammar Note:
နာမ်
ချီးပေါက်ဝမ်းသန်
[ɕïpaʊʔwáɴθàɴ]
Arakanese:
အလွန်အကျွံ။ အလွန်အကျွံ(စားသည်)
Burmese:
အလွန်အမင်း။ အလွန်အကျွံ(စားသည်)
English:
excessively-exceedingly
Grammar Note:
ကြိယာဝိသေသန