Dictionary Entries
Showing 81–100 of 1,812 words
ခ
ခတိမ်းခယိမ်း
[kʰtéɪɴkʰjéɪɴ]
Arakanese:
ယိမ်းယိုင်ရေ။ တိမ်းညွတ်ရေ။ တိမ်းစောင်းသည်
Burmese:
ယိမ်းယိုင်သည်။ တိမ်းညွတ်သည်။ တိမ်းစောင်းသည်
English:
leaning
Grammar Note:
ကြိယာ
ခတိမ်းခလိမ်း
[kʰtéɪɴkʰléɪɴ]
Arakanese:
စိကေချေစွေရေ။ စိကေချေစောင်းရေ။ မဖြောင့်မတည့်ဖြစ်တေ
Burmese:
အနည်းငယ်စွေသည်။ အနည်းငယ်စောင်းသည်။ မဖြောင့်မတည့်ဖြစ်သည်
English:
slanting slightly
Grammar Note:
ကြိယာ
ခတို
[kʰtÒ]
Arakanese:
အုန်းသီးအထဲဟိ အသားကို အုပ်ထားရေ အခွံမာ။ အုန်းမှုတ်ခွံ
Burmese:
အုန်းသီးအတွင်းရှိ အသားကို အုပ်ထားသော အခွံမာ။ အုန်းမှုတ်ခွံ
English:
coconut shell
Grammar Note:
နာမ်
ခတောက်
[kʰtɔ́ɛʔ]
Arakanese:
အခေါင်းထွင်းထားရေ သစ်တုံးစည်တမျိုး။ ကတက်
Burmese:
အခေါင်းထွင်းထားသော သစ်တုံးစည်တစ်မျိုး။ တုံးမောင်း
English:
hollowed log
Grammar Note:
နာမ်
ခတောင်း
[kʰtáʊɴ]
Arakanese:
ခါးဝတ်ခတောင်း။ လုံချီ
Burmese:
ခါးဝတ်ပုဆိုး။ လုံချီ
English:
longyi
Grammar Note:
နာမ်
ခတော်
[kʰtɔ̀]
Arakanese:
အုန်းသီးအထဲဟိ အသားကို အုပ်ထားရေ အခွံမာ။ အုန်းမှုတ်ခွံ
Burmese:
အုန်းသီးအတွင်းရှိ အသားကို အုပ်ထားသော အခွံမာ။ အုန်းမှုတ်ခွံ
English:
coconut shell
Grammar Note:
နာမ်
ခတ္တာကြီး
[kʰt̪t̪a̰àt͡ɕï]
Arakanese:
အထာနပ်တတ်ကျွမ်းစွာ လည်ပတ်သူ။ နှံ့စပ်လည်ဝယ်သူ။ လှည်ပတ်မွီနှောက်တတ်သူ။ အကျင့်အဆိုးအဆာ
Burmese:
ပါးနပ်ကျွမ်းကျင်စွာ လည်ပတ်သူ။ နှံ့စပ်လည်ဝယ်သူ။ လှည်ပတ်မွှေနှောက်တတ်သူ။ အကျင့်ဆိုးသွမ်းသူ
English:
urbanely
Grammar Note:
နာမ်
ခတ္တိယ
[kʰt̪t̪a̰ìj]
Arakanese:
မင်းမျိုး(ပါ)
Burmese:
မင်းမျိုး(ပါ)
English:
royal lineage
Grammar Note:
နာမ်
ခတ်
[kʰaʔ]
Arakanese:
လူသီကောင် တင်သော ခတ်တလား။ ကဋင်
Burmese:
လူသေကောင် တင်သော အလောင်းစင်။ ကဋင်
English:
bier
Grammar Note:
နာမ်
ခတ်၂
[kʰaʔ၂]
Arakanese:
ထိခိုက်ရေ။ အဟုန်ဖြင့် တိုးဝှေ့တိုက်ခိုက်ရေ။ ထုလုပ်ရေ။ တီးရေ။ ခတ်ရေ။ ပုတ်ရေ။ ဝှေ့ရေ။ ခိုက်ရေ။ တိုးထိရေ။ ရိုက်နှိပ်ရေ။ ထည့်စွက်ရေ။ ဝင်းခြံ၊ နယ်နမိတ်အစဟိစွာအနိန်နန့် သတ်မှတ်ရေ။ ဝဲ၊ ယာပတ်လည် အခေါက်ခေါက် လှုပ်စီရေ။ (ရေ)မငြိမ်မသက် လှုပ်ရှားရေ။ အရောင်ဟ
Burmese:
ထိခိုက်သည်။ အဟုန်ဖြင့် တိုးဝှေ့တိုက်ခိုက်သည်။ ထုလုပ်သည်။ တီးသည်။ ထုနှက်သည်။ ပုတ်သည်။ ဝှေ့သည်။ ခိုက်သည်။ တိုးထိသည်။ ရိုက်နှိပ်သည်။ ထည့်စွက်သည်။ ဝင်းခြံ၊ နယ်နမိတ်စသည်ဖြင့် သတ်မှတ်သည်။ ဝဲ၊ ယာပတ်လည် အကြိမ်ကြိမ် လှုပ်စေသည်။ (ရေ)မငြိမ်မသက် လှုပ်ရှားသည်။ အရောင်ဟ
English:
beat-strike
Grammar Note:
ကြိယာ
ခတ်ကျောက်တံ
[kʰaʔt͡ɕɔ́ɛʔtံ]
Arakanese:
ကျည်းသားဖြင့် ကဇတ်စောင် တတောင်ခန့်ဟိ တုတ်ချောင်း
Burmese:
ကျည်းသားဖြင့် ကစားရန် တစ်တောင်ခန့်ရှိ တုတ်ချောင်း
English:
stick
Grammar Note:
နာမ်
ခတ်ကျောက်သီး
[kʰaʔt͡ɕɔ́ɛʔθï]
Arakanese:
တညည့်ှို့လောင်းာက်ဟိ ကျည်းသား တုတ်ချောင်းတို။ ကျည်းကလက်ဆန်
Burmese:
တစ်ညှို့ခန့်ရှိ ကျည်းသား တုတ်ချောင်းတို။ ကျည်းကလက်ဆန်
English:
stick
Grammar Note:
နာမ်
ခတ်ကွင်း
[kʰaʔkwɪ́ɴ]
Arakanese:
(တက်ခတ်ဖို့ရာ) ခတ်တက်ကို လျှိုရာကြိုးကွင်း
Burmese:
(တက်ခတ်ဖို့ရာ) ခတ်တက်ကို လျှိုရာကြိုးကွင်း
English:
rowlock
Grammar Note:
နာမ်
ခတ်ခတ်
[kʰaʔkʰaʔ]
Arakanese:
အခေါက်ခေါက်။ အလီလီအဖန်ဖန်။ မပြတ်မလပ်။ အဖန်ဖန်
Burmese:
အကြိမ်ကြိမ်။ ထပ်ခါထပ်ခါ။ မပြတ်မလပ်။ အဖန်ဖန်
English:
over and over again
Grammar Note:
ကြိယာဝိသေသန
ခတ်ခတ်လုပ်
[kʰaʔkʰaʔloʊʔ]
Arakanese:
မနားမနီ တကုပ်ကုပ် လုပ်ရွီတွက်နန့်။ သွက်လက်ဖြတ်လတ်စွာ။ ကမန်းကတန်း ပြုမူလုပ်ကိုင်သနန့်။ သုတ်သုတ်ပျာပျာ ပြုလုပ်ဗျာယ်
Burmese:
မနားမနေ တကုပ်ကုပ် လုပ်သောအားဖြင့်။ သွက်လက်ဖျတ်လတ်စွာ။ အလျင်စလို ပြုမူလုပ်ကိုင်သဖြင့်။ သုတ်သုတ်ပျာပျာ ပြုလုပ်လျက်
English:
be quick
Grammar Note:
ကြိယာဝိသေသန
ခတ်တက်
[kʰaʔtɛʔ]
Arakanese:
လောင်း၊ သမ္ဗန် အစဟိစွာရို့ကို ခတ်ရရေ အရိုးရှည်သော တက်
Burmese:
လှေ၊ သမ္ဗန် စသည်တို့ကို ခတ်ရသော အရိုးရှည်သော တက်
English:
oar-paddle
Grammar Note:
နာမ်
ခတ်တင်
[kʰaʔtɪ̀ɴ]
Arakanese:
လူသီ အလောင်းကောင်ကို (ခတ်ခေါ်) ကဋင်ပေါ် တင်သည်
Burmese:
လူသေ အလောင်းကောင်ကို (ခတ်ခေါ်) ကဋင်ပေါ် တင်သည်
English:
bier
Grammar Note:
ကြိယာ
ခတ်တင်စည်
[kʰaʔtɪ̀ɴsɛ̀]
Arakanese:
လူသီ၍ အလောင်းကောင်ကို ခတ်ပေါ်တင်ရေအခါ တီးရရေစည်
Burmese:
လူသေ၍ အလောင်းကောင်ကို ခတ်ပေါ်တင်သည့်အခါ တီးရသောစည်
English:
drum
Grammar Note:
နာမ်
ခတ်တိုင်
[kʰaʔtàɪɴ]
Arakanese:
ခတ်တက်ခတ်ရန် တပ်ဆင်ရရေ တိုင်ငုတ်
Burmese:
ခတ်တက်ခတ်ရန် တပ်ဆင်ရသော ငုတ်တိုင်
English:
tholepin
Grammar Note:
နာမ်
ခတ်တိုင်းငန်
[kʰaʔtáɪɴŋàɴ]
Arakanese:
(ဥပစာ) နီရာတိုင်းမာ စွက်ဖက်ပါဝင်သူ
Burmese:
(ဥပစာ) နေရာတကာတွင် စွက်ဖက်ပါဝင်သူ
English:
interfere
Grammar Note:
နာမ်