Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,061–1,080 of 1,812 words

    ခ

    ချောကျိ

    [ɕɔ́t͡ɕì]
    ရေစွတ်စိုအတွက်နန့် ခြေကုပ်လက်ဆုပ်မရ ဖြစ်ရေ
    ရေစွတ်စိုသောကြောင့် ခြေကုပ်လက်ဆုပ်မရ ဖြစ်သော
    slip and fail
    နာမဝိသေသန

    ချောကျိ၂

    [ɕɔ́t͡ɕì၂]
    ကျိချွဲစွာ
    ကျိချွဲစွာ
    slime
    ကြိယာဝိသေသန

    ချောချ

    [ɕɔ́ɕ]
    အပေါ်မှအောက်ကို လျောချလိုက်ရေ။ ပထမစကားကို မပျက်စေမူပြီးကေ ဆိုလိုရင်း သဘောတမျိုး သက်ရောက်ယောင် တမျိုးတဖုံ ပြောင်းလဲပြောဆိုရေ
    အပေါ်မှအောက်သို့ လျောချလိုက်သည်။ ပထမစကားကို မပျက်စေမူ၍ ဆိုလိုရင်း သဘောတစ်မျိုး သက်ရောက်အောင် တစ်မျိုးတစ်ဖုံ ပြောင်းလဲပြောဆိုသည်
    none
    ကြိယာ

    ချော့ချလိုက်

    [ɕɔ̰ɕlaɪʔ]
    ပီးဆပ်ရန်ဟိရေ ကြီးမြီး၊ ချီးငှားထားရေ ဝန် ဥစ္စာအစဟိစွာရို့ကို ပီးဆပ်ရန် မလိုဖို့ရာ။ ရွတ်မြောက်စေဟု လိုက်လျော့ ခွင့်ပြုလိုက်သော စကားလုံး
    ပေးဆပ်ရန်ရှိသော ကြေးမြီး၊ ချေးငှားထားသော ပစ္စည်း ဥစ္စာစသည်တို့ကို ပေးဆပ်ရန် မလိုတော့ပြီ။ လွတ်ကင်းစေဟု လိုက်လျော့ ခွင့်ပြုလိုက်သော စကားလုံး
    debt
    နာမ်

    ချောချူ

    [ɕɔ́ɕù]
    အနှောက်အယှက် အခက်အခဲ မဟိရေ
    အနှောက်အယှက် အခက်အခဲ ကင်းမဲ့သော
    lack of trouble
    နာမဝိသေသန

    ချောချောကျိကျိ

    [ɕɔ́ɕɔ́t͡ɕìt͡ɕì]
    ကျိချွဲပျောင်းသောအနိန်နန့်။ ခြေလက်ကုပ်၍ မရယောင် ချွာလဲ စီတတ်သနန့်
    ကျိချွဲစေးကပ်သော အားဖြင့်။ ခြေလက်ကုပ်၍ မရအောင် ချော်လဲ စေတတ်သဖြင့်
    sticky
    ကြိယာဝိသေသန

    ချောချောမောမော

    [ɕɔ́ɕɔ́mɔ́mɔ́]
    အနှောက်အယှက် အခက်အခဲ မဟိအောင်။ အငြိအတွယ် အထစ်အငေါ့ မဟိအောင်
    အနှောက်အယှက် အခက်အခဲ မရှိအောင်။ အငြိအတွယ် အထစ်အငေါ့ မရှိအောင်
    lack of trouble
    ကြိယာဝိသေသန

    ချောချောလေ့လေ့

    [ɕɔ́ɕɔ́lḛlḛ]
    ကျိချွဲပျောင်းသောအနိန်နန့်။ ခြေလက်ကုပ်၍ မရယောင် ချွာလဲစီတတ်သနန့်
    ကျိချွဲစေးကပ်သော အားဖြင့်။ ခြေလက်ကုပ်၍ မရအောင် ချော်လဲစေတတ်သဖြင့်
    sticky
    ကြိယာဝိသေသန

    ချောချောသီး

    [ɕɔ́ɕɔ́θï]
    ဟင်းလျာအဖြစ် စားသုံးရရေ အချွဲစေးဟိရေ အသီးတောက်သီးသည့် ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချောင်

    [ɕàʊɴ]
    ၁၊ လွယ်ကူရေ။ မပင်မပန်းဟိရေ။ ဆင်းရဲမှု နည်းပါးရေ။ ၂၊ ကျဉ်းကျပ်ခြင်းမဟိ ကျယ်ရေ။ ၃၊ ပြည့်ဖြိုးကပင် ချောင်ကျ လျော့ပါး ချိုင့်ဝင်သွားခြင်းအဖြစ်သို့ ရောက်ရေ
    ၁၊ လွယ်ကူသည်။ မပင်မပန်းရှိသည်။ ဆင်းရဲမှု နည်းပါးသည်။ ၂၊ ကျဉ်းကျပ်ခြင်းမရှိ ကျယ်သည်။ ၃၊ ပြည့်ဖြိုးသည်မှ ပိန်ကြုံ လျော့ပါး ချိုင့်ဝင်သွားခြင်းအဖြစ်သို့ ရောက်သည်
    thin
    ကြိယာ

    ချောင်း

    [ɕáʊɴ]
    အချက်အလက်ကို လူမသိစီပဲ လျှို့ဝှက်စွာ စောင့်မျှော်ရေ။ မသိမမြင်ရာအရပ်၌ စောင့်ဆိုင်းနိန်ရေ
    အချက်အလက်ကို လူမသိစေပဲ လျှို့ဝှက်စွာ စောင့်မျှော်သည်။ မသိမမြင်ရာအရပ်၌ စောင့်ဆိုင်းနေသည်
    bide-wait
    ကြိယာ

    ချောင်၂

    [ɕàʊɴ၂]
    ၁၊ လူသူအရောက် အပေါက်မလွယ်သော နီရာ။ အလှမ်းဝီးကွာသော နီရာ။ ၂၊ အလင်းရောင် မဟိရေ နီရာ
    ၁၊ လူသူအရောက် အပေါက်မလွယ်သော နေရာ။ အလှမ်းဝေးကွာသော နေရာ။ ၂၊ အလင်းရောင် ကင်းမဲ့သော နေရာ
    nook
    ကြိယာ

    ချောင်း၂

    [ɕáʊɴ၂]
    (မြစ်မဟုတ်) ရှည်လျားသော ရီစီးကြောင်း
    (မြစ်မဟုတ်) ရှည်လျားသော ရေစီးကြောင်း
    stram
    နာမ်

    ချောင်ကပ်

    [ɕàʊɴkaʔ]
    မလှုပ်သာ မရွံ့သာယောင် လူကျပ်တည်း၍ အပြင်သို့မထွက်ပဲ ပီပြားကျစ်လစ်စွာ နိန်ရေ
    မလှုပ်သာ မရွံ့သာအောင် လူကျပ်တည်း၍ အပြင်သို့မထွက်ပဲ ပီပြားကျစ်လစ်စွာ နေသည်
    lie low
    ကြိယာ

    ချောင်ကလည်ကြောင်ပတ်

    [ɕàʊɴklɛ̀t͡ɕàʊɴpaʔ]
    ဟိုယောင်ယောင် သည်ယောင်ယောင်။ ရှင်းလင်းပြတ်သားစွာ မသိမမြင်ပဲ
    ဟိုယောင်ယောင် သည်ယောင်ယောင်။ ရှင်းလင်းပြတ်သားစွာ မသိမမြင်ပဲ
    ambiguity
    ကြိယာဝိသေသန

    ချောင်ကုပ်

    [ɕàʊɴkoʊʔ]
    မလှုပ်သာ မရွံ့သာယောင် လူကျပ်တည်း၍ အပြင်သို့မထွက်ပဲ ပီပြားကျစ်လစ်စွာ နိန်ရေ။။ ဆရာတော်၊ သမတော်များရောက်ကေ၊ အမြင်ကတ်အောင်၊ တောင်သန်း မြောက်သန်း မလားရ၊ ချောင်မာကုပ်နီရရေ
    မလှုပ်သာ မရွံ့သာအောင် လူကျပ်တည်း၍ အပြင်သို့မထွက်ပဲ ပီပြားကျစ်လစ်စွာ နေသည်။။ ဆရာတော်၊ သမတော်များရောက်ကေ၊ အမြင်ကတ်အောင်၊ တောင်သန်း မြောက်သန်း မလားရ၊ ချောင်မှာကုပ်နီရရေ
    lie low
    ကြိယာ

    ချောင်ကျ

    [ɕàʊɴt͡ɕ]
    လူသူအရောက် အပေါက်နည်းသော။ ခရီးကဂေါင်းဝီးသော
    လူသူအရောက် အပေါက်နည်းသော။ ခရီးအလွန်ဝေးသော
    nook
    နာမဝိသေသန

    ချောင်းကျ

    [ɕáʊɴt͡ɕ]
    ၁၊ တောင်ကျရီတိ အဟုန်ပြင်းစွာ စီးဆင်းခြင်းကြောင့် ချောင်းမြောင်း ပိုင်ဖြစ်လှားရေ။ (ဥပစါ) ၂၊ ရက်ပြတ် လားလာကတ်တေ။ အေနီရာက ခြည်းလားကတ်တေ ချောင်းကျလှားခဗျာယ်
    ၁၊ တောင်ကျရေများ အဟုန်ပြင်းစွာ စီးဆင်းခြင်းကြောင့် ချောင်းမြောင်း အလားဖြစ်သွားသည်။ (ဥပစါ) ၂၊ အဆက်မပြတ် သွားလာကြသည်။ အေနေရာက ချည်းလားကတ်တေ ချောင်းကျလားခဗျာယ်
    freshet
    ကြိယာ

    ချောင်းကြည့်

    [ɕáʊɴt͡ɕɛ̰]
    လူများ မမြင်ရရောင် ပုန်းလျှိုကြည့်ရေ
    သူတစ်ပါး မမြင်ရအောင် ပုန်းလျှိုကြည့်သည်
    peep
    ကြိယာ

    ချောင်းကြိုချောင်းကြား

    [ɕáʊɴt͡ɕÒɕáʊɴt͡ɕá]
    ချောင်းမြောင်းရို့၏ အကြား
    ချောင်းမြောင်းတို့၏ အကြား
    nook
    နာမ်