Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,101–1,120 of 1,812 words

    ခ

    ချောညက်

    [ɕɔ́ɲɛʔ]
    ကိုယ့် လင်ယောက်ျားကို ချစ်စနိုးဖြင့် ချွဲ၍ပြောသော စကား
    မိမိ၏ လင်ယောက်ျားကို ချစ်စနိုးဖြင့် ချွဲ၍ပြောသော စကား
    cute voice
    နာမ်

    ချောညက်၂

    [ɕɔ́ɲɛʔ၂]
    ပျော့ပျောင်း ချောမွတ်သော။ သိမ်မွေ့ညက်ညောသော။ သိမ်မွေ့ နူးညံ့သော။ ညင်သာသော ယိုင်ကျေးသော
    ပျော့ပျောင်း ချောမွတ်သော။ သိမ်မွေ့ညက်ညောသော။ သိမ်မွေ့ နူးညံ့သော။ ညင်သာသော ယဉ်ကျေးသော
    gentle-polite
    နာမဝိသေသန

    ချောတံ

    [ɕɔ́tံ]
    အကြိမ်ရွီတွက်သော တုတ်ချောင်းတံ။ နှစ်၊ လ၊ ရက်အစဟိစွာရို့ကို မမိရယောင် ရွီတွက်သော အမှတ်အသား အချောင်းတံ
    အကြိမ်ရေတွက်သော တုတ်ချောင်းတံ။ နှစ်၊ လ၊ ရက်စသည်တို့ကို မမေ့ရအောင် ရေတွက်သော အမှတ်အသား အချောင်းတံ
    counting day month year
    နာမ်

    ချောတိုင်

    [ɕɔ́tàɪɴ]
    တခုတရီသော ပွဲပြင်ကနား၌ ပျော်ရွင်စရာပွဲအဖြစ် တက်ရန် ထောပတ်သုတ်ထားရေ ဝါးပိုးတိုင်
    တစ်စုံတစ်ခုသော ပွဲပြင်ကနား၌ ပျော်ရွင်စရာပွဲအဖြစ် တက်ရန် ထောပတ်သုတ်ထားသော ဝါးပိုးတိုင်
    greasy pole (for competitive climbing)
    နာမ်

    ချောတုတ်သီး

    [ɕɔ́toʊʔθï]
    ဟင်းလျာအဖြစ် စားသုံးရရေ အချွဲစေးဟိရေ အသီးတောက်သီးရေ ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချောတောက်သီး

    [ɕɔ́tɔ́ɛʔθï]
    ဟင်းလျာအဖြစ် စားသုံးရရေ အချွဲစေးဟိရေ အသီးတောင့်သီးသည့် ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချောထိချော်ထော်

    [ɕɔ́tʰìɕɔ̀tʰɔ̀]
    ၁၊ ပျက်ချော်သော မျက်ကြောနန့်။ စပ်ပီစပ်ပါး။ ၂၊ မတည်မကြည် ရွှက်နောက်နောက်
    ၁၊ ပျက်ချော်သော မျက်နှာထားနှင့်။ ပြောင်စပ်စပ်။ ၂၊ မတည်မကြည် ရွှက်နောက်နောက်
    mock
    ကြိယာဝိသေသန

    ချောထီချောထုတ်

    [ɕɔ́tʰíɕɔ́tʰoʊʔ]
    သွားခြင်း၊ လာခြင်း၊ နေခြင်း၊ ထိုင်ခြင်း အစဟိစွာ့ပုံဟန် အချိုးအစား မကျသော
    သွားခြင်း၊ လာခြင်း၊ နေခြင်း၊ ထိုင်ခြင်း စသည့်ပုံဟန် အချိုးအစား မကျသော
    not need and tidy
    နာမဝိသေသန

    ချောထီချောထုတ်၂

    [ɕɔ́tʰíɕɔ́tʰoʊʔ၂]
    ခြီထောက်တဖက် ကာနာမကျဉ်းဖြစ်ပနာ ထော့နန့်ထော့နန့် လားရေ။
    ခြေထောက်တစ်ဖက် မသန်စွမ်း၍ ထော့နဲ့ထော့နဲ့ သွားသည်။
    န
    ကြိယာ

    ချောပစ်

    [ɕɔ́pɪʔ]
    ကုန်းချောရေ။ ကုန်းတိုက်သည်
    ကုန်းချောသည်။ ကုန်းတိုက်သည်
    slander
    ကြိယာ

    ချောမော

    [ɕɔ́mɔ́]
    ပြေပြစ်ချောမြေ့သော။ အနှောင့်အယှက် အခက်အခဲ မဟိရေ
    ပြေပြစ်ချောမြေ့သော။ အနှောင့်အယှက် အခက်အခဲ မရှိသော
    lack of trouble
    နာမဝိသေသန

    ချော့မော့

    [ɕɔ̰mɔ̰]
    ကိုယ့်ဖက်သို့ လိုက်ပါလာစီရန် တံပက်လူ လည့်ပတ်ပြောဆို ပြုမူသည်
    မိမိဖက်သို့ လိုက်ပါလာစေရန် တစ်ဘက်သား လည့်ပတ်ပြောဆို ပြုမူသည်
    entice-persuade
    ကြိယာ

    ချောမွေ့

    [ɕɔ́mwḛ]
    ပြေပြစ်ညက်ညောသော။ နူးညံ့သော
    ပြေပြစ်ညက်ညောသော။ နူးညံ့သော
    gentle-polite
    နာမဝိသေသန

    ချောရာ

    [ɕɔ́ɹà]
    မြီအိုးမာဖုံးသော အိုးဖုံး။
    မြေအိုးတွင်ဖုံးသော အိုးဖုံး။
    ဥပစာ) ဘာမှ တစ်ခုလည်းမရှိ
    နာမ်

    ချောလောသီး

    [ɕɔ́lɔ́θï]
    ဟင်းလျာအဖြစ် စားသုံးရရေ အချွဲစေးဟိရေ အသီးတောက်သီးသည့် ဟင်းပင်တမျိုး။ ချောဒေါင့်သီး
    ဟင်းလျာအဖြစ် စားသုံးရသော အချွဲစေးရှိသော အသီးတောင့်သီးသည့် ဟင်းပင်တစ်မျိုး။ ရုံးပတီသီး
    lady finger
    နာမ်

    ချော်

    [ɕɔ̀]
    လွဲရေ။ မတွိမကြုံ မဆုံဖြစ်တေ။ မားယွင်းရေ။ လွဲပြောရေ။ ဆွဲကုပ် ကိုင်ပနာမရ ဖြစ်တေ။ ခြေကုပ်၍မရ ဖြစ်တေ။ ချောသည်
    လွဲသည်။ မတွေ့မကြုံ မဆုံဖြစ်သည်။ မှားယွင်းသည်။ လွဲပြောသည်။ ဆွဲကုပ် ကိုင်၍မရ ဖြစ်သည်။ ခြေကုပ်၍မရ ဖြစ်သည်။ ချောသည်
    deviate
    ကြိယာ

    ချော်၂

    [ɕɔ̀၂]
    ရွှီ၊ ငွီ၊ သတ္တုစစွာကို ကြိုချက်ရာမှ ထွက်လှာသော အညစ်အကြီး။
    ရွှေ၊ ငွေ၊ သတ္တုစသည်ကို ကျိုချက်ရာမှ ထွက်လာသော အညစ်အကြေး။
    grime
    နာမ်

    ချော်ချိချော်ချော်

    [ɕɔ̀ɕìɕɔ̀ɕɔ̀]
    ပြောင်လောင်းာင်ရေ။ ပျက်ရယ်ပြုရေ။ ပျက်ချော်ချော် ပြောင်တင်းတင်း ပြောရေ
    ပြောင်လှောင်သည်။ ပျက်ရယ်ပြုသည်။ ပျက်ချော်ချော် ပြောင်တင်းတင်း ပြောသည်
    mock
    ကြိယာ

    ချော်ချိချော်ချော်၂

    [ɕɔ̀ɕìɕɔ̀ɕɔ̀၂]
    ၁၊ လူများ မခံချိမခံသာ ဖြစ်စီရန် သရော်ကြီစပ် တတ်သူ။ ပျက်ရယ်ပြုတတ်သူ။ ၂၊ ပြုတ်မနူး ရွတ်နောက်နောက် ပြောတတ်သူ။ ၃၊ မလေးစား ပမာ မခန့်ပြုတတ်သူ
    ၁၊ သူတစ်ပါး မခံချိမခံသာ ဖြစ်စေရန် သရော်ကျီစယ် တတ်သူ။ ပျက်ရယ်ပြုတတ်သူ။ ၂၊ ပြောင်ချော်ချော် ရွတ်နောက်နောက် ပြောတတ်သူ။ ၃၊ မလေးစား ပမာ မခန့်ပြုတတ်သူ
    mock
    နာမ်

    ချော်ချောင်း

    [ɕɔ̀ɕáʊɴ]
    (သတ္တု) ချော်ရည်များ စီးယိုထွက်သော ချောင်း။ (မင်းပြားမြို့နယ် ကြပ်စင်ကျွန်းမာ ယင်းရို့ ချော်ရည်များ ထွက်သော ချောင်းဟိရေ။
    (သတ္တု) ချော်ရည်များ စီးယိုထွက်သော ချောင်း။ (မင်းပြားမြို့နယ် ကြပ်စင်ကျွန်းတွင် ယင်းတို့ ချော်ရည်များ ထွက်သော ချောင်းရှိသည်။
    molten lava
    နာမ်