Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 1,812 words

    ခ

    ချော်တီချော်တော

    [ɕɔ̀tíɕɔ̀tɔ́]
    လိုရာမှ ချော်ထွက် လားရေ။ တလွဲတချော် ရောက်လှားရေ
    လိုရာမှ ချော်ထွက် သွားသည်။ တလွဲတချော် ရောက်သွားသည်
    glance off
    ကြိယာ

    ချော်လဲ

    [ɕɔ̀lɛ]
    ခြေကုပ်မမြဲ၍ တိမ်းလဲရေ
    ခြေကုပ်မမြဲ၍ တိမ်းလဲသည်
    slip and fail
    ကြိယာ

    ချော်သက်

    [ɕɔ̀θɛʔ]
    ခြေကုပ်မမြဲ၍ လဲပြိုသည်
    ခြေကုပ်မမြဲ၍ လဲပြိုသည်
    slip and fail
    ကြိယာ

    ချော်သီချော်သက်

    [ɕɔ̀θíɕɔ̀θɛʔ]
    ခြေကုပ်မမြဲ၍ ဟိုယိုင်သည်ယိုင် ဒယိမ်းဒယိုင် ဖြစ်တေ
    ခြေကုပ်မမြဲ၍ ဟိုယိုင်သည်ယိုင် ဒယိမ်းဒယိုင် ဖြစ်သည်
    slip and fail
    ကြိယာ

    ချဲ့

    [ɕé]
    ကျယ်အောင် လုပ်ရေ။ တဖက်နန့် တဖက် ကွာလှမ်းအောင် လုပ်ရေ
    ကျယ်အောင် လုပ်သည်။ တစ်ဘက်နှင့် တစ်ဘက် ကွာလှမ်းအောင် လုပ်သည်
    extend
    ကြိယာ

    ချဲ့ထွင်

    [ɕétʰwɪ̀ɴ]
    အဆန်းတကြယ် ပြုလုပ်ရေ။ အသစ်အဆန်း ချဲ့ထွင်ရေ။ ပိုပြီးကေကျယ်ပြန့် အစဟိစွာ
    အဆန်းတကြယ် ပြုလုပ်သည်။ အသစ်အဆန်း ချဲ့ထွင်သည်။ ပိုမိုကျယ်ပြန့် စသည်
    extend
    ကြိယာ

    ချွတ်

    [ɕwaʔ]
    ၁၊ ဗွက်ထနိန်ရေ မား။ ၂၊ နင်းဖြတ် လားလာမှုကြောင့် ရီအိုင်သော အချိုင့်အခွက်များ ဖြစ်ပေါ်နိန်ရေ ဘိတ်ဗွက်အပြင်
    ၁၊ ဗွက်ထနေသော တွင်း။ ၂၊ နင်းဖြတ် သွားလာမှုကြောင့် ရေဝပ်သော အချိုင့်အခွက်များ ဖြစ်ပေါ်နေသော ရွှံ့ဗွက်အပြင်
    mud
    နာမ်

    ချွတ်၂

    [ɕwaʔ၂]
    ၁၊ ညစ်ပေ စွန်းစိမ်းမျက်နိန်ရေ အဝတ်ကို စင်ကြယ်စီရေ။ ၂၊ ဝဠ်ဆင်းရဲမှ လွတ်မြောက် စီရေ။ မြတ်စွာ ဘုရားသခင်သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အပေါင်းတိအား ကယ်ချွတ်တော်မူရေ။ ၃၊ ခန္ဓာကိုယ်မှ အဝတ် တန်ဆာကို ကျွတ်စီရေ။ ငြိတွယ်နေစွာကို ထုတ်နှုတ်ရေ။ မင်းတန်ဆာကို ထိုခါလည်းချွ
    ၁၊ ညစ်ပေ စွန်းထင်းနေသော အဝတ်ကို စင်ကြယ်စေသည်။ ၂၊ ဝဠ်ဆင်းရဲမှ လွတ်မြောက် စေသည်။ မြတ်စွာ ဘုရားသခင်သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အပေါင်းတို့အား ကယ်ချွတ်တော်မူသည်။ ၃၊ ခန္ဓာကိုယ်မှ အဝတ် တန်ဆာကို ကျွတ်စေသည်။ ငြိတွယ်နေသည်ကို ထုတ်နှုတ်သည်။ မင်းတန်ဆာကို ထိုခါလည်းချွ
    peel off
    ကြိယာ

    ချွတ်၃

    [ɕwaʔ၃]
    ပါလာသမျှသော ဝန်ဝန်တိကို အားလုံးသိမ်းကျုံး၍ (ဝန်ယူရေ။) စျီးသယ်မနှင့်၊ ပါရေဝန်ကို၊ မှန်တပ်တပ်ကေ၊ ချွတ်ဖို့ပြောလို့ (ကင်းရီလား)
    ပါလာသမျှသော ဝန်ပစ္စည်းများကို အကုန်သိမ်းကျုံး၍ (ဝန်ယူသည်။) စျီးသယ်မနှင့်၊ ပါသည့်ဝန်ကို၊ မှန်တပ်တပ်ကေ၊ ချွတ်ဖို့ပြောလို့ (ကင်းရီလား)
    put away-gather up
    ကြိယာဝိသေသန

    ချွတ်ချော်

    [ɕwaʔɕɔ̀]
    ၁၊ လွဲရေ။ ၂၊ မမှန်ချွတ်လွဲရေ။ ၃၊ ယွင်းမားရေ
    ၁၊ လွဲသည်။ ၂၊ မမှန်ချွတ်လွဲသည်။ ၃၊ ယွင်းမှားသည်
    incorrect
    ကြိယာ

    ချွတ်တွင်း

    [ɕwaʔtwɪ́ɴ]
    ၁၊ ဗွက်ထနိန်ရေ မား။ ၂၊ နင်းဖြတ် လားလာမှုကြောင့် ရီအိုင်သော အချိုင့်အခွက်များ ဖြစ်ပေါ်နိန်ရေ ဘိတ်ဗွက်အပြင်
    ၁၊ ဗွက်ထနေသော တွင်း။ ၂၊ နင်းဖြတ် သွားလာမှုကြောင့် ရေဝပ်သော အချိုင့်အခွက်များ ဖြစ်ပေါ်နေသော ရွှံ့ဗွက်အပြင်
    mud
    နာမ်

    ချွတ်ထ

    [ɕwaʔtʰ]
    ဗွက်ထရေ။ ဗွက်ဖြစ်တေ
    ဗွက်ထသည်။ ဗွက်ဖြစ်သည်
    muddy
    ကြိယာ

    ချွတ်နင်း

    [ɕwaʔnɪ́ɴ]
    ခြီထောက်တဖက် ကာနာသူ လမ်းလျှောက်ပိုင် (ကျီးထောက်- ကျီးထောက်၊ နိမ့်မြင့်နိမ့်မြင့် လားရေ။
    ခြေထောက်တစ်ဘက် မသန်စွမ်းသူ လမ်းလျှောက်သကဲ့သို့ (ထော့ကျိုး- ထော့ကျိုး၊ နိမ့်မြင့်နိမ့်မြင့် သွားသည်။
    lame
    ကြိယာဝိသေသန

    ချွတ်ယွင်း

    [ɕwaʔjwɪ́ɴ]
    ၁၊ ဖေါက်ပြန်ရေ။ ၂၊ မမှန်။ မားရေ။ လွဲရေ။ ယွင်းမားရေ
    ၁၊ ဖေါက်ပြန်သည်။ ၂၊ မမှန်။ မှားသည်။ လွဲသည်။ ယွင်းမှားသည်
    incorrect
    ကြိယာ

    ချွတ်လွဲ

    [ɕwaʔlwɛ]
    ၁၊ လွဲရေ။ ၂၊ မမှန်ချွတ်လွဲရေ။ ၃၊ ယွင်းမားရေ
    ၁၊ လွဲသည်။ ၂၊ မမှန်ချွတ်လွဲသည်။ ၃၊ ယွင်းမှားသည်
    incorrect
    ကြိယာ

    ချွန်

    [ɕʊ̀ɴ]
    အဖျား ပပိန်ချေ၍ စူးရှ ဖေါက်ဝင် စီတတ်ရေ အရာ
    အဖျား သေးသွယ်၍ စူးရှ ဖေါက်ဝင် စေတတ်သော အရာ
    sharp
    နာမ်

    ချွန်း

    [ɕʊ́ɴ]
    ၁၊ စိကေချေ တိမ်းစောင်းရေ။ ယွန်းရေ။ ၂၊ အစွန်းထက်ရေ။ ၃၊ ရှည်ရေ။ အဂေါင်း ချွန်းတောက်၊ ခေါက်ယာမောက်နှင့်၊ ငဖျောက်ရွာမာ၊ ရှာအံ့ (သိုက်)။ (နခေါင်းချွန်း၊ နှုတ်သီးချွန်း၊ ဂေါင်းချွန်း။ ) ၄၊ (ပစမှ) မဟုတ်ကဟုတ်ကတ် မဖွယ်မရာသော အရာမျိုးရို့ကို ပြောရေ။
    ၁၊ အနည်းငယ် တိမ်းစောင်းသည်။ ယွန်းသည်။ ၂၊ အစွန်းထက်သည်။ ၃၊ ရှည်သည်။ ဦးခေါင်း ချွန်းတောက်၊ ခေါက်ယာမောက်နှင့်၊ ငဖျောက်ရွာတွင်၊ ရှာလတ္တံ့ (သိုက်)။ (နှာခေါင်းချွန်း၊ နှုတ်သီးချွန်း၊ ဂေါင်းချွန်း။ ) ၄၊ (ပါးစပ်မှ) မဟုတ်မဟတ် မဖွယ်မရာသော အရာမျိုးတို့ကို ပြောသည်။
    tilt tip
    ကြိယာ

    ချွန်၂

    [ɕʊ̀ɴ၂]
    ၁၊ အဖျားပပိန်ချေ၍ ဖြစ်ရေ။ ၂၊ ဂုဏ်အရည်အခြင်း ထူးကဲသာလွန်သော။ သာသော။ မြတ်သော။ အဆင့်အတန်း မြင့်မြတ်သော
    ၁၊ အဖျားသေးသွယ်၍ ဖြစ်သော။ ၂၊ ဂုဏ်အရည်အချင်း ထူးကဲသာလွန်သော။ သာသော။ မြတ်သော။ အဆင့်အတန်း မြင့်မြတ်သော
    bright
    နာမဝိသေသန

    ချွန်း၂

    [ɕʊ́ɴ၂]
    အဆိုးအကောင်း အစဟိစွာရို့မာ သူတိထက် ထူးကဲစွာ ပြုလုပ်တတ်ရေ
    အဆိုးအကောင်း စသည်တို့၌ သူများထက် ထူးကဲစွာ ပြုလုပ်တတ်သော
    Self-made
    နာမဝိသေသန

    ချွန်းတောက်

    [ɕʊ́ɴtɔ́ɛʔ]
    ရှည်သော အမင်ါက်ဟိရေ။ ရှည်သော အဂေါင်းဟိရေ
    ရှည်သော အမေါက်ရှိသော။ ရှည်သော ဦးခေါင်းရှိသော
    crest
    နာမဝိသေသန