Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,161–1,180 of 1,812 words

    ခ

    ချွေး

    [ɕwé]
    စာငှက်ရို့ကို ပျံလားယောင် မောင်းနှင်သည်
    စာငှက်တို့ကို ပျံသွားအောင် မောင်းနှင်သည်
    hustle-chase
    ကြိယာ

    ချွေး-ချွေး

    [ɕwé-ɕwé]
    စာငှက်ရို့ကို ပျံလားယောင် မောင်းနှင်ရေ။။ စပါးဖျာစာနားရေ၊ နှင်ခလိုက်လည်း ချွေး-ချွေး (တေး
    စာငှက်တို့ကို ပျံသွားအောင် မောင်းနှင်သည်။။ စပါးဖျာစာနားရေ၊ နှင်ခလိုက်လည်း ချွေး-ချွေး (တေး
    hustle-chase
    ကြိယာ

    ချွေး၂

    [ɕwé၂]
    စာငှက်ရို့ကို ပျံလားယောင် (ချွေးဟု နှုတ်က ထွက်ပြီးကေ) မောင်းနှင်သော စကားလုံး
    စာငှက်တို့ကို ပျံသွားအောင် (ချွေးဟု နှုတ်မှ ထွက်၍) မောင်းနှင်သော စကားလုံး
    hustle-chase
    နာမ်

    ချွေညာလွမ်း

    [ɕwèɲàlʊ̀ɴ]
    သူတိပါးက တဆင့်စကားဖြင့် ကိုယ်တွိမြင် ပိုင် ပပိုက်နနိုက် နားသောတ ဆင်လောက်ယောင် အကျယ်ချဲ့ပြီး ချိုသာစွာ (နီရာအနှံ့) ပြောဆိုတတ်သူ။ လူစကားနန့် ချွေညာလွမ်းရေ (ပုံ)
    သူများထံမှ တဆင့်စကားဖြင့် ကိုယ်တွေ့မြင် သကဲ့သို့ ပြေပြေပြစ်ပြစ် နားသောတ ဆင်လောက်အောင် အကျယ်ချဲ့ပြီး ချိုသာစွာ (နေရာအနှံ့) ပြောဆိုတတ်သူ။ လူစကားနန့် ချွေညာလွမ်းရေ (ပုံ)
    talk back-narrate
    နာမ်

    ချွေညာလွမ်း၂

    [ɕwèɲàlʊ̀ɴ၂]
    ယင်းပိုင် ချိုသာစွာ ပြောဆိုရေ
    ယင်းသို့ ချိုသာစွာ ပြောဆိုသည်
    talk back-narrate
    ကြိယာ

    ချွဲ

    [ɕwɛ]
    အကျိ။ အချွဲ။ သလိပ်။ ပျောင်း ချောကျိသော အရာ
    အကျိ။ အချွဲ။ သလိပ်။ စေးကပ် ချောကျိသော အရာ
    phlegm
    နာမ်

    ချွဲ၂

    [ɕwɛ၂]
    (ဥပစါ) သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာ (ချွဲ၍) ပြောဆို ပြုမူသည်
    (ဥပစါ) သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာ (ချွဲ၍) ပြောဆို ပြုမူသည်
    wheddle
    ကြိယာ

    ချွဲကပ်

    [ɕwɛkaʔ]
    ခံမားမှ ချွဲသလိပ်တိကို ထုတ်ပနာမရယောင် ပျောင်းနီရေ
    ခံတွင်းမှ ချွဲသလိပ်များကို ထုတ်၍မရအောင် စေးကပ်နေသည်
    suffer congestion in the lungs
    ကြိယာ

    ချွဲကျပ်

    [ɕwɛt͡ɕaʔ]
    လိုင်ခြောင်းအထဲမာ ချွဲသလိပ်များ နေသနန့် အသက်ရှူဟိုက်ရ ခက်သည်
    လည်ချောင်းအတွင်းတွင် ချွဲသလိပ်များ နေသဖြင့် အသက်ရှူရှိုက်ရ ခက်သည်
    suffer congestion in the lungs
    ကြိယာ

    ချွဲထ

    [ɕwɛtʰ]
    ရင်ထဲက အကျိအချွဲများစွာ ဖြစ်ပေါ်လှာရေ
    ရင်ထဲမှ အကျိအချွဲများစွာ ဖြစ်ပေါ်လာသည်
    suffer congestion in the lungs
    ကြိယာ

    ချွဲပျစ်

    [ɕwɛprɪʔ]
    ကော်ရည်ပိုင် ပျောင်း၍ ငြိတွယ်သည့် အစွမ်းဟိရေ
    ကော်ရည်ကဲ့သို့ စေးကပ်၍ ငြိတွယ်သည့် အစွမ်းရှိသော
    thick and mucilaginous
    နာမဝိသေသန

    ချွဲဟက်

    [ɕwɛhɛʔ]
    ခံမား လိုင်ခြောင်းကို ပျောင်းငြိတွယ်နိန်ရေ ချွဲသလိပ်များ ထွက်ကာလာယောင် ပြုလုပ်ရေ
    ခံတွင်း လည်ချောင်းကို စေးကပ်ငြိတွယ်နေသော ချွဲသလိပ်များ ထွက်ကာလာအောင် ပြုလုပ်သည်
    expectorate
    ကြိယာ

    ချွဲဟောက်

    [ɕwɛhɔ́ɛʔ]
    ခံမားလိုင်ခြောင်းမှ ချွဲသလိပ်များထကာ တခြောင်းခြောင်မြည်သည်
    ခံတွင်းလည်ချောင်းမှ ချွဲသလိပ်များထကာ တခြောင်းခြောင်မြည်သည်
    expectorate
    ကြိယာ

    ချွဲဟောက်၂

    [ɕwɛhɔ́ɛʔ၂]
    ခံမားလိုင်ခြောင်းမှ ချွဲသလိပ်များထကာ တခြောင်းခြောင်မြည်သော အသံ
    ခံတွင်းလည်ချောင်းမှ ချွဲသလိပ်များထကာ တခြောင်းခြောင်မြည်သော အသံ
    expectorate
    နာမ်

    ခြ

    [kʰɹ]
    အစုဖွဲ့ပြီးကေ မြေအောင်း၍ နီတတ်ရေ သစ်၊ ဝါး၊ အဝတ်ခတောင်း လူရို့၏ အသုံးအဆောင် စစွာကို ဖျက်ဆီးတတ်ရေ ပိုးကောင်
    အစုဖွဲ့ကာ မြေအောင်း၍ နေတတ်သော သစ်၊ ဝါး၊ အဝတ်ပုဆိုး လူတို့၏ အသုံးအဆောင် စသည်ကို ဖျက်ဆီးတတ်သော ပိုးကောင်
    white ant-termite
    နာမ်

    ခြံ

    [kʰɹံ]
    ၁၊ အိမ်၊ ကျောင်းစရေ နီရာရို့ကို ဝန်းပတ်၍ အကာအရံရို့နန့် ဆီးတားထားခြင်း။ ၂၊ ပန်းမာလ်၊ ဥယျာဉ်၊ အပင်၊ ဝါးပင် အစဟိစွာ့ သီးထွက်ဝန်
    ၁၊ အိမ်၊ ကျောင်းစသည့် နေရာတို့ကို ဝန်းပတ်၍ အကာအရံတို့ဖြင့် ဆီးတားထားခြင်း။ ၂၊ ပန်းမာလ်၊ ဥယျာဉ်၊ သစ်ပင်၊ ဝါးပင် စသည့် သီးထွက်ပစ္စည်း
    enclosure
    နာမ်

    ခြ၂

    [kʰɹ၂]
    ၁၊ သာယာနာမှု မဟိရေ အသံ။ နား၏ အာရုံ ခံစားမှုမဟိရေ အသံမျိုး။ ၂၊ ကြမ်းသော အသံမျိုး
    ၁၊ သာယာနာမှု မရှိသော အသံ။ နား၏ အာရုံ ခံစားမှုမရှိသော အသံမျိုး။ ၂၊ ကြမ်းသော အသံမျိုး
    noise
    နာမ်

    ခြံ၂

    [kʰɹံ၂]
    (နံဖီးအနား) ဝိုင်းပတ် ကာရံထားရေ
    (အနီးအနား) ဝိုင်းပတ် ကာရံထားသည်
    enclose
    ကြိယာ

    ခြ၃

    [kʰɹ၃]
    ၁၊ မာကျောသော။ ၂၊ ချောမွိ့နူးညံ့မဟိ တင်းမာသော။ ၃၊ ခြောက်သွိသော။ ဆောင်းခါနှုတ်ခမ်း ခြရေ
    ၁၊ မာကျောသော။ ၂၊ ချောမွေ့နူးညံ့မရှိ တင်းမာသော။ ၃၊ ခြောက်သွေ့သော။ ဆောင်းခါနှုတ်ခမ်း ခြရေ
    hard
    နာမဝိသေသန

    ခြံ၃

    [kʰɹံ၃]
    မြစ်ကမ်းတလျောက်မာ ဖြားတက်ဖြင့် ပါလာရေ ငါးရို့ကို ရေကျသော အခါမှ ကျန်ရစ်စီရန် ဝါးခြမ်းထရံ (မျက်ကွင်းများ)၊ မတ်ရပ်ထောင်သော ပိုက်ချရေ ယင်းတိနန့် ပြုလုပ်ထားရေ ပိုက်ချကိရိယာ။ ဗဝန်း။ မြက်ကွင်း
    မြစ်ကမ်းတစ်လျောက်တွင် ရေတက်ဖြင့် ပါလာသော ငါးတို့ကို ရေကျသော အခါတွင် ကျန်ရစ်စေရန် ဝါးခြမ်းထရံ (မျက်ကွင်းများ)၊ မတ်ရပ်ထောင်သော ငါးဖမ်းသည့် ယင်းများဖြင့် ပြုလုပ်ထားသော ငါးဖမ်းကိရိယာ။ ဗဝန်း။ မြက်ကွင်း
    seine
    နာမ်