Dictionary Entries
Showing 101–120 of 1,812 words
ခ
ခတ်တိုင်လည်
[kʰaʔtàɪɴlɛ̀]
Arakanese:
သူတိတိုင်းပြောတိုင်း (ဘက်ယင့်ပိုင်တွက်ကြောင့်) နားယောင်၍ လိုက်တတ်သူ
Burmese:
သူများတကာပြောတိုင်း (ဘက်သို့ပါ၍) နားယောင်၍ လိုက်တတ်သူ
English:
be deceived
Grammar Note:
နာမ်
ခတ်တိုင်လည်၂
[kʰaʔtàɪɴlɛ̀၂]
Arakanese:
ယင်းပိုင် နားယောင်၍ လိုက်တတ်သည်
Burmese:
ယင်းသို့ နားယောင်၍ လိုက်တတ်သည်
English:
be deceived
Grammar Note:
ကြိယာ
ခတ်နှိပ်
[kʰaʔn̥ìaʔ]
Arakanese:
အမှတ်တံဆိပ် ဖိနှိပ်၍ ထင်စီရေ
Burmese:
အမှတ်တံဆိပ် ဖိနှိပ်၍ ထင်စေသည်
English:
stamp
Grammar Note:
ကြိယာ
ခထည်ထည်
[kʰtʰɛ̀tʰɛ̀]
Arakanese:
မသိယောင်ဆောင်ဗျာယ်။ မသိကျိုးကျွန်
Burmese:
မသိယောင်ဆောင်လျက်။ မသိကျိုးကျွန်
English:
connive-by-pass
Grammar Note:
ကြိယာဝိသေသန
ခဒုတ်
[kʰdoʊʔ]
Arakanese:
ပစ၊ နှုတ်အာ၊ ခံမား
Burmese:
ပါးစပ်၊ နှုတ်အာ၊ ခံတွင်း
English:
mouth
Grammar Note:
နာမ်
ခဒုတ်ပွင့်
[kʰdoʊʔpwɪ̰ɴ]
Arakanese:
လယ်ခရုကြီး တမျိုး
Burmese:
လယ်ခရုကြီး တစ်မျိုး
English:
Field snail
Grammar Note:
နာမ်
ခဒါ
[kʰdà]
Arakanese:
ဆန်းကြယ်သော ကိုယ်ဝတ်တန်ဆာတမျိုး
Burmese:
ဆန်းကြယ်သော ကိုယ်ဝတ်တန်ဆာတစ်မျိုး
English:
type of dress
Grammar Note:
နာမ်
ခန
[kʰn]
Arakanese:
ခလုတ်။ ခြေနန့်တိုက်မိလျှင် ထိငြိတတ်ရေအငုတ်။ ဆူငြှောင့်
Burmese:
ခလုတ်။ ခြေနှင့်တိုက်မိလျှင် ထိငြိတတ်သောအငုတ်။ ဆူငြှောင့်
English:
obstacle
Grammar Note:
နာမ်
ခနက်
[kʰnɛʔ]
Arakanese:
ပစ၊ နှုတ်အာ၊ ခံမား
Burmese:
ပါးစပ်၊ နှုတ်အာ၊ ခံတွင်း
English:
mouth
Grammar Note:
နာမ်
ခနက်ကောင်း
[kʰnɛʔkáʊɴ]
Arakanese:
စားသောက်ပနာ မြိန်ယှက်ရေ။ (ဥပစာ) ကိုယ့်ကြိုက်ရေ အစာအာဟာရနန့် တိုက်ဆိုင်ရေ။ သဘောကျရေ။ ခံမား တွိရေ
Burmese:
စားသောက်၍ မြိန်ယှက်သည်။ (ဥပစာ) မိမိ၏ကြိုက်သည့် အစာအာဟာရနှင့် တိုက်ဆိုင်သည်။ သဘောကျသည်။ ခံတွင်း တွေ့သည်
English:
appetite
Grammar Note:
ကြိယာ
ခနက်ချဉ်
[kʰnɛʔɕɪ̀ɴ]
Arakanese:
(ခံမားမှ) မကြိုက်ဖွယ် ချိုင်သော အရသာမျိုးကို အလိုအလျောက် ခံစားရရေ။
Burmese:
(ခံတွင်းမှ) မနှစ်သက်ဖွယ် ချဉ်သော အရသာမျိုးကို အလိုအလျောက် ခံစားရသည်။
English:
န
Grammar Note:
ကြိယာ
ခနက်တောင်း
[kʰnɛʔtáʊɴ]
Arakanese:
စားချင်သောက်ချင်ခြင်း ဖြစ်ပေါ်နိန်ရေ။ စားချင်သောက်ချင်စိတ် ဖြစ်တေ
Burmese:
စားချင်သောက်ချင်ခြင်း ဖြစ်ပေါ်နေသည်။ စားချင်သောက်ချင်စိတ် ဖြစ်သည်
English:
appetite
Grammar Note:
ကြိယာ
ခနက်ပျက်
[kʰnɛʔprɛʔ]
Arakanese:
အရသာ မတွိဟိပဲဖြစ်တေ။ စားမကောင်း သောက်မကောင်း ဖြစ်တေ။ ခံမားပျက်သည်
Burmese:
အရသာ မတွေ့ရှိပဲဖြစ်သည်။ စားမကောင်း သောက်မကောင်း ဖြစ်သည်။ ခံတွင်းပျက်သည်
English:
oral found
Grammar Note:
ကြိယာ
ခနက်ယှင်း
[kʰnɛʔʃɪ́ɴ]
Arakanese:
ခံမားချိုင်ခြင်း၊ ပျို့ခြင်းအစဟိစွာ ပြေပျောက်သည်
Burmese:
ခံတွင်းချဉ်ခြင်း၊ ပျို့ခြင်းစသည် ပြေပျောက်သည်
English:
oral sour get lost
Grammar Note:
ကြိယာ
ခနက်လိုက်
[kʰnɛʔlaɪʔ]
Arakanese:
စားပနာ သောက်ပနာကောင်းရေ။ အရသာတွိရေ။ မိန်သည်
Burmese:
စား၍ သောက်၍ကောင်းသည်။ အရသာတွေ့သည်။ မိန်သည်
English:
appetite
Grammar Note:
ကြိယာ
ခနိမ့်ခနောင်း
[kʰnḛɪɴkʰnáʊɴ]
Arakanese:
ခြီထောက် အစဟိရေအရာများသန်မာ ခိုင်မြဲခြင်း မဟိပါရာဗျာယ်
Burmese:
ခြေထောက် စသောအရာများသန်မာ ခိုင်မြဲခြင်း မရှိပါပဲလျက်
English:
with a limp
Grammar Note:
ကြိယာဝိသေသန
ခနိမ့်ခမြင့်
[kʰnḛɪɴkʰmɹɪ̰ɴ]
Arakanese:
ခြီထောက်တဖက် မမာဒရာ လမ်းလျှောက်ပိုင်။ ကျီးထောက်၊ ကျီးထောက်၊ ကျီးနင်း၊ ကျီးနင်း
Burmese:
ခြေထောက်တစ်ဖက် မသန်မစွမ်းသူ လမ်းလျှောက်သကဲ့သို့။ ထော့ကျိုး၊ ထော့ကျိုး၊ ထော့နင်း၊ ထော့နင်း
English:
with a limp
Grammar Note:
ကြိယာဝိသေသန
ခနိုးခနောင်း
[kʰnókʰnáʊɴ]
Arakanese:
မခံချိမခံသာ ဖြစ်ယောင်နောက်ပြောင်ကြီစပ်ဗျာယ်
Burmese:
မခံချိမခံသာ ဖြစ်အောင်နောက်ပြောင်ကျီစယ်လျက်
English:
tease affectionately
Grammar Note:
ကြိယာဝိသေသန
ခံနိုင်ရည်
[kʰံnàɪɴɹɛ̀]
Arakanese:
ခိုင်မြဲတည်တံ့စွာ နေနှိုင်ရေ အစွမ်းသတ္တိ။ ကိုယ်စိတ်ဆင်းရဲမှု မှန်သမျှကိုအားတင်းခံ နှိုင်ရေ အစွမ်းသတ္တိ
Burmese:
ခိုင်မြဲတည်တံ့စွာ နေနိုင်သော အစွမ်းသတ္တိ။ ကိုယ်စိတ်ဆင်းရဲမှု မှန်သမျှကို ကြံကြံခံ နိုင်သော အစွမ်းသတ္တိ
English:
endurance
Grammar Note:
နာမ်
ခနီး
[kʰnï]
Arakanese:
အလှမ်းမကွာဝီးသော နီရာအရပ်
Burmese:
အလှမ်းမကွာဝေးသော နေရာအရပ်
English:
not far away place
Grammar Note:
နာမ်