Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,221–1,240 of 1,812 words

    ခ

    ခြင်ထောင်

    [kʰɹɪ̀ɴtʰàʊɴ]
    လူရို့ အိပ်ရေအခါ ခြင်မကိုက်ရယောင် အကာအရံအဖြစ် ပြုလုပ်ထားရေ ပါးလွှာသော ပိတ်ဖျင်၊ ဇာထည်အစဟိစွာ
    လူတို့ အိပ်သည့်အခါ ခြင်မကိုက်ရအောင် အကာအရံအဖြစ် ပြုလုပ်ထားသော ပါးလွှာသော ပိတ်ဖျင်၊ ဇာထည်စသည်
    mosquito net
    နာမ်

    ခြင်ပြောက်

    [kʰɹɪ̀ɴpɹɔ́ɛʔ]
    တုပ်ကွေးရောဂါကို ဖြစ်ပွားစီနှိုင်ရေ အရောင်အဆင်း ပြောက်ကျားသော ခြင်တမျိုး
    တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော အရောင်အဆင်း ပြောက်ကျားသော ခြင်တစ်မျိုး
    mosquito
    နာမ်

    ခြင်ဖိ

    [kʰɹɪ̀ɴpʰì]
    အိမ်မိုး အခြင်အစဟိစွာရို့ကို မရွိရယောင် အထက်မှ ဖိညှပ်ထားရေ သစ်သားတန်း၊ ဝါးလုံးတန်း
    အိမ်မိုး အခြင်စသည်တို့ကို မရွေ့လျားရအောင် အထက်မှ ဖိညှပ်ထားသော သစ်သားတန်း၊ ဝါးလုံးတန်း
    principal rafter
    နာမ်

    ခြင်းရာ

    [kʰɹɪ́ɴɹà]
    ကိုယ့် ဖြစ်ပျက်ခ သမျှသော အကြောင်းအရာ
    မိမိ ဖြစ်ပျက်ခဲ့ သမျှသော အကြောင်းအရာ
    fact or matter about an event person
    နာမ်

    ခြင်းရာသွယ်

    [kʰɹɪ́ɴɹàθwɛ̀]
    ဖြစ်ပျက်ခသမျှသော အကြောင်းအရာတိကို စိငစုံလင်စွာ လျှောက်တင် ပြောဆိုရေ စကား
    ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို စေ့ငစုံလင်စွာ လျှောက်တင် ပြောဆိုသော စကား
    talk back-narrate
    နာမ်

    ခြင်းရာသွယ်၂

    [kʰɹɪ́ɴɹàθwɛ̀၂]
    ယင်းပိုင် အကြောင်းအရာ တိကို စိငစုံလင်စွာ လျှောက်တင် ပြောဆိုရေ
    ယင်းကဲ့သို့ အကြောင်းအရာ များကို စေ့ငစုံလင်စွာ လျှောက်တင် ပြောဆိုသည်
    talk back-narrate
    ကြိယာ

    ခြံစည်းရိုး

    [kʰɹံsɛ́ɹó]
    အိမ်ဝင်း ၊ ကျောင်းဝင်း အစဟိစွာရို့ကို ပတ်ဝန်းထားရေ အကာအရံ
    အိမ်ဝင်း ၊ ကျောင်းဝင်း စသည်တို့ကို ပတ်ဝန်းထားသော အကာအရံ
    fence
    နာမ်

    ခြစား

    [kʰɹsá]
    (ဥပစါ) ၁၊ အလဟဿ ဆုံးယှုံးနစ်နာမှု ခံရရေ။ ၂၊ အကျင့်စာရိတ္တ ပျက်စီးရေ။
    (ဥပစါ) ၁၊ အလဟဿ ဆုံးရှုံးနစ်နာမှု ခံရသည်။ ၂၊ အကျင့်စာရိတ္တ ပျက်စီးသည်။
    န) အကျင့်စာရိတ္တပျက်စီးသူ
    ကြိယာ

    ခြစ်

    [kʰɹɪʔ]
    ၁၊ လက်သည်း၊ ခြီသည်း စစွာတိနန့် ဆွဲငင်ရေ။ ၂၊ ထက်မြက်ရေ ပိုင်စွန်းမျိုးဖြင့် အရီးအကြောင်း ပေါ်ယောင်၊ ပဲ့ကျလှာယောင် ငင်ဆွဲရေ။ နောက်ကုန်း အရီကိုပစ်၊ ရင်အသားကိုခြစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (နတ်သိုက်)
    ၁၊ လက်သည်း၊ ခြေသည်း စသည်တို့ဖြင့် ဆွဲငင်သည်။ ၂၊ ထက်မြက်သော အသွားစွန်းမျိုးဖြင့် အရေးအကြောင်း ပေါ်အောင်၊ ပဲ့ကျလာအောင် ငင်ဆွဲသည်။ နောက်ကုန်း အရီကိုပစ်၊ ရင်အသားကိုခြစ်၊ နဖူးလက်စမ်း၊ မလွတ်စီကေ့ (နတ်သိုက်)
    scrape-shred
    နာမ်

    ခြစ်၂

    [kʰɹɪʔ၂]
    အုန်းသီး၊ သခွားသီးရို့ကို ခြစ်ပိုင် ခြစ်ရရေ ကိရိယာ
    အုန်းသီး၊ သခွားသီးတို့ကို ခြစ်သကဲ့သို့ ခြစ်ရသော ကိရိယာ
    coconut scraper
    နာမ်

    ခြစ်ခြစ်ခြာခြာ

    [kʰɹɪʔkʰɹɪʔkʰɹàkʰɹà]
    အလွန်နည်းပါးစွာ လက်ဝယ်ထားဟိရေ ဝန်ဝတ္တု တိနန့်။ မဟိမဲ့ဟိမဲ့။ ခြိုးခြိုးခြံခြံ။ ချို့တဲ့မှု၊ ပင်ပန်းဆင်းရဲမှု အစဟိစွာရို့ကို သည်းခံနှိုင်ရေ အနိန်နန့်။ ၂၊ ချွေတာဗျာယ်
    အလွန်နည်းပါးစွာ လက်ဝယ်ထားရှိသော ပစ္စည်းဝတ္တု များဖြင့်။ မရှိမဲ့ရှိမဲ့။ ခြိုးခြိုးခြံခြံ။ ချို့တဲ့မှု၊ ပင်ပန်းဆင်းရဲမှု စသည်တို့ကို သည်းခံနိုင်သော အားဖြင့်။ ၂၊ ချွေတာလျက်
    be economical
    ကြိယာဝိသေသန

    ခြည်

    [kʰɹɛ]
    ၁၊ ဝါကို ကျစ်ထားရေ ငယ်ရေ ကြိုးလွန်း။ ၂၊ သိုးမွှီး၊ ပိုးမျှင် အစဟိစွာရို့ကို ကျစ်ထားရေ အမျှင်။ အာကာပြည်မာ၊ ဗုံနန့်ပတ်၊ ယိုင်စင်မာ၊ ခြည်နန့်နှတ် (ပန်းဝှက်)
    ၁၊ ဝါကို ကျစ်ထားသော သေးငယ်သော ကြိုးလွန်း။ ၂၊ သိုးမွှေး၊ ပိုးမျှင် စသည်တို့ကို ကျစ်ထားသော အမျှင်။ အာကာပြည်မှာ၊ ဗုံနှင့်ပတ်၊ ရက်ကန်းစင်မှာ၊ ခြည်နန့်နှတ် (ပန်းဝှက်)
    thread
    နာမ်

    ခြည်၂

    [kʰɹɛ၂]
    အကွင်းဖြစ်ရေ လက်ကောက်၊ လက်စွပ်ရို့ကို ရွီတွက်ရာမာ အသုံးသော စကားလုံး။ လက်စွပ်တခြည်၊ ပျောက်ခရေ (တေး)
    အကွင်းဖြစ်သော လက်ကောက်၊ လက်စွပ်တို့ကို ရေတွက်ရာ၌ အသုံးသော စကားလုံး။ လက်စွပ်တစ်ခြည်၊ ပျောက်ခရေ (တေး)
    counting handchain ring etc...
    ပစ္စည်း

    ခြည်ကင်ပေါင်း

    [kʰɹɛkɪ̀ɴpèàɪ́ɴ]
    (ကြောင်ကစပ်သော ခြည်ခင်ပိုင်) အစရှာမရယောင် သပွတ်အူလိုက်
    (ကြောင်ကစားသော ချည်ခင်ကဲ့သို့) အစရှာမရအောင် ရှုပ်ထွေးသော
    unclear
    နာမဝိသေသန

    ခြည်ကင်ပေါင်း၂

    [kʰɹɛkɪ̀ɴpèàɪ́ɴ၂]
    ၁၊ ယင်းပိုင် အစရှာမရယောင် သပွတ်အူလိုက် ခြည်ခင်။ ၂၊ ယင်းပိုင် သပွတ်အူလိုက် ပြဿနာကို ဖြီယှင်းရန် အခြင်းအရာ
    ၁၊ ယင်းကဲ့သို့ အစရှာမရအောင် ရှုပ်ထွေးသော ချည်ခင်။ ၂၊ ယင်းကဲ့သို့ ရှုပ်ထွေးသော ပြဿနာကို ဖြေရှင်းရန် အခြင်းအရာ
    unclear
    နာမ်

    ခြည်ကပ်စက္ကူ

    [kʰɹɛkaʔskə́kəù]
    (အယင်က ခြည်အကတ် အထက်အောက်မာပါရေ) မာတောင့်သော စက္ကူချပ် အထူ။ ဂျပ်စက္ကူ
    (ယခင်က ချည်အကတ် အထက်အောက်တွင်ပါသော) မာတောင့်သော စက္ကူချပ် အထူ။ ဂျပ်စက္ကူ
    packet
    နာမ်

    ခြည်ကျော်

    [kʰɹɛt͡ɕɔ̀]
    ရက်ကန်းရက်ရာမာ အတိုင်ခြည်သည် ပင်ဖြစ်ဖြစ်၊ အဖါခြည်သည် ပင်ဖြစ်ဖြစ် အစိုင်မလားပဲ ကျော်လွန်နိန်ရေ
    ယက်ကန်းရက်ရာတွင် အတိုင်ခြည်သည် လည်းကောင်း၊ အဖါခြည်သည် လည်းကောင်း အစဉ်မသွားပဲ ကျော်လွန်နေသည်
    none
    ကြိယာ

    ခြည်ခင်

    [kʰɹɛkʰɪ̀ɴ]
    ခြည်မျှင်တိကို အစုပြုထားရေ ယင်းခြည်စု၏ အကွင်း
    ချည်မျှင်များကို အစုပြုထားသော ယင်းချည်စု၏ အကွင်း
    hank skein (of yarn)
    နာမ်

    ခြည်ခင်စွပ်ငှက်

    [kʰɹɛkʰɪ̀ɴswaʔŋ̊ɛʔ]
    လိုင်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစမာ ကျက်စားလိဟိရေ ငှက်တမျိုး။ (နှမများငှက် လို့လေ့ ခေါ်ရေ။
    လည်တံဖြူ၊ နှုတ်သီးနက်၍ ရေကမ်းစပ်တွင် ကျက်စားလေ့ရှိသော ငှက်တစ်မျိုး။ (နှမများငှက် ဟုလည်း ခေါ်သည်။
    bird
    နာမ်

    ခြည်ခေါင်း

    [kʰɹɛkʰèàɪ́ɴ]
    ပစမာထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရရေ ကိရိယာတမျိုး။ (ဝါးကိုဖြစ်စီ၊ ကြီးပြားကိုဖြစ်စီ၊ အလျား၆လက်မ၊ အနံ တလက်မလောက်ကို အလယ်ခင်ရိုးတဖက်ကို စပါးလုံးတထောက်လောက် ပိုင်းပစ်ရရေ။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားမာ ကြိုးချိုင်၍ ခင်ကို ပစမာထည့်ကာ၊ န
    ပါးစပ်တွင်ထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရသော ကိရိယာတစ်မျိုး။ (ဝါးကိုဖြစ်စေ၊ ကြေးပြားကိုဖြစ်စေ၊ အလျား၆လက်မ၊ အနံ တစ်လက်မခန့်ကို အလယ်ခင်ရိုးတစ်ဘက်ကို စပါးလုံးတစ်ထောက်လောက် ဖြတ်ပစ်ရသည်။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားတွင် ကြိုးချည်၍ ခင်ကို ပါးစပ်မှာထည့်ကာ၊ န
    none
    နာမ်