Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,241–1,260 of 1,812 words

    ခ

    ခြည်ငင်

    [kʰɹɛŋɪ̀ɴ]
    ဗိုင်းတောင့်မှ ခြည်စပေါ်ယောင် ဝါမျှင်တိကို ဆွဲထုတ်ပနာ ရစ်ဖြင့်လှည့်ပနာ ကျစ်သည်
    ဗိုင်းတောင့်မှ ချည်စပေါ်အောင် ဝါမျှင်များကို ဆွဲထုတ်ကာ ရစ်ဖြင့်လှည့်၍ ကျစ်သည်
    spin
    ကြိယာ

    ခြည်စာချ

    [kʰɹɛsàɕ]
    ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့်ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့်ပင်ဖြစ်ဖြစ် ဆွတ်ဖျန်းသည်
    ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့်လည်းကောင်း၊ ကော်ရည်ဖြင့်လည်းကောင်း ဆွတ်ဖျန်းသည်
    starch a skein of yarn
    ကြိယာ

    ခြည်စာနယ်

    [kʰɹɛsànɛ̀]
    ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့် ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့် ပင်ဖြစ်ဖြစ် နယ်ပီးရရေ
    ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့် လည်းကောင်း၊ ကော်ရည်ဖြင့် လည်းကောင်း နယ်ပေးရသည်
    starch a skein of yarn
    ကြိယာ

    ခြည်စာပီး

    [kʰɹɛsàpï]
    ခြည်ခင်ကို ကျစ်လစ်သိပ်သည်းစီရန် ထမင်းအိုးအရည်ဖြင့် ပင်ဖြစ်ဖြစ်၊ ကော်ရည်ဖြင့် ပင်ဖြစ်ဖြစ် ဆွတ်ဖျန်းသည်
    ချည်ခင်ကို ကျစ်လစ်သိပ်သည်းစေရန် ထမင်းရည်ဖြင့် လည်းကောင်း၊ ကော်ရည်ဖြင့် လည်းကောင်း ဆွတ်ဖျန်းသည်
    starch a skein of yarn
    ကြိယာ

    ခြည်ထည်

    [kʰɹɛtʰɛ̀]
    ဝါခြည်ဖြင့် ရက်ထားရေ အထည်
    ဝါချည်ဖြင့် ရက်ထားသော အထည်
    cotton cloth
    နာမ်

    ခြည်ထုံး

    [kʰɹɛtʰóʊɴ]
    ၁၊ အလုံးဖြစ်ယောင် ရစ်ပတ်ထားရေ ခြည်မျှင်စု။ ၂၊ ခြည်လုံး
    ၁၊ အလုံးဖြစ်အောင် ရစ်ပတ်ထားသော ချည်မျှင်စု။ ၂၊ ချည်လုံး
    spindle
    နာမ်

    ခြည်ထွီး

    [kʰɹɛtʰwï]
    ၁၊ ထွီးလုံးရစ်ပတ်၍ ပူးတွဲရောယှက် ခြူနိန်ရေ ခြည်မျှင်အစု။ ၂၊ ခြည်လုံး
    ၁၊ ထွေးလုံးရစ်ပတ်၍ ပူးတွဲရောယှက် ရှုပ်ပွေနေသော ချည်မျှင်အစု။ ၂၊ ချည်လုံး
    spindle
    နာမ်

    ခြည်ပင့်ကူ

    [kʰɹɛpɪ̰ɴkù]
    ရက်ကန်းရက်ရာမာ အတိုင်ခြည်သည် ပင်ဖြစ်ဖြစ်၊ အဖါခြည်သည် ပင်ဖြစ်ဖြစ် တမျှင်နန့်တမျှင် ပင့်ကူအိမ်ပိုင် ယှက်သန်းနိန်ရေ အရာ
    ယက်ကန်းရက်ရာတွင် အတိုင်ခြည်သည် လည်းကောင်း၊ အဖါခြည်သည် လည်းကောင်း တစ်မျှင်နှင့်တစ်မျှင် ပင့်ကူအိမ်သဖွယ် ယှက်သန်းနေသော အရာ
    none
    နာမ်

    ခြည်ပတ်

    [kʰɹɛpaʔ]
    ချားမာဟိရေ ခြည်ခင်မှ ခြည်မျှင်ကို လုတ်တွား ခေါ်ဘီးမာထည့်၍ ရစ်ပတ်သည်
    ချားတွင်ရှိသော ချည်ခင်မှ ချည်မျှင်ကို လုတ်တွား ခေါ်ဘီးတွင်ထည့်၍ ရစ်ပတ်သည်
    none
    ကြိယာ

    ခြည်ပူး

    [kʰɹɛpùး]
    ချားမာဟိရေ ခြည်ခင်မှ ခြည်မျှင်ကို လုတ်တွား ခေါ်ဘီးမာထည့်၍ ရစ်ပတ်သည်
    ချားတွင်ရှိသော ချည်ခင်မှ ချည်မျှင်ကို လုတ်တွား ခေါ်ဘီးတွင်ထည့်၍ ရစ်ပတ်သည်
    none
    နာမ်

    ခြည်ဖီး

    [kʰɹɛpʰï]
    ခြည်စာကျွေးရာမာ ထမင်းအိုးအရည်တနည်း ကော်ရည် များလားပနာ တမျှင်နန့်တမျှင် ခွဲမရယောင် ပူးကပ်နီရေ
    ချည်စာကျွေးရာတွင် ထမင်းရည်သို့မဟုတ် ကော်ရည် များသွား၍ တစ်မျှင်နှင့်တစ်မျှင် ခွဲမရအောင် ပူးကပ်နေသည်
    none
    ကြိယာ

    ခြည်ဖြီး

    [kʰɹɛpʰɹï]
    အထည်ရက်ရန် ရက်ကန်းစင်မာ တင်ထားရေ ခြည်မျှင်စုတိကို မရှုပ်ထွီးစီရန် ပင်ဖြစ်ဖြစ်၊ သိပ်သည်းစီရန် ပင်ဖြစ်ဖြစ် (ဆပ်သွားဘီးပိုင်) ကကျစ်သီးဘီးဖြင့် ဖြီးပီးရေ
    အထည်ရက်ရန် ယက်ကန်းစင်တွင် တင်ထားသော ချည်မျှင်စုများကို မရှုပ်ထွေးစေရန် လည်းကောင်း၊ သိပ်သည်းစေရန် လည်းကောင်း (ဆပ်သွားဘီးကဲ့သို့) ကကျစ်သီးဘီးဖြင့် ဖြီးပေးသည်
    none
    နာမ်

    ခြည်ဖြီးသီး

    [kʰɹɛpʰɹïθï]
    ခြည်မျှင်တိကို ခြည်စာ ကျွေးပြီးကေ ဖြီးရရေ ကကျစ်သီး
    ချည်မျှင်များကို ခြည်စာ ကျွေးပြီးနောက် ဖြီးရသော ကကျစ်သီး
    none
    နာမ်

    ခြည်မျက်စု

    [kʰɹɛmrɛʔsoʊ]
    ခြည်ခင်ကို မရှုပ်ထွီးရယောင် ခြည်ထိန်းကြိုးဖြင့် ပိုင်းခြာထားရေ ခြည်မျှင်စု
    ချည်ခင်ကို မရှုပ်ထွေးရအောင် ချည်ထိန်းကြိုးဖြင့် ပိုင်းခြားထားသော ချည်မျှင်စု
    none
    နာမ်

    ခြည်မျှင်

    [kʰɹɛmɹ̯ɪ̀ɴ]
    ပပိန်ချေ၍ ရှည်လျားသော ခြည်လွန်းငယ်။ ဤအိမ်ရှင်လေ၊ ခြည်မျှင်စွပ်ကေ၊ မလွတ်နှိုင်ယောင် (လွမ်း)
    သေးသွယ်၍ ရှည်လျားသော ချည်လွန်းငယ်။ ဤအိမ်ရှင်လေ၊ ခြည်မျှင်စွပ်ကေ၊ မလွတ်နိုင်အောင် (လွမ်း)
    cotton fibre
    နာမ်

    ခြည်ယောက်

    [kʰɹɛjɔ́ɛʔ]
    ချားမာဟိရေ ခြည်ခင်က ခြည်မျှင်ကို တညင်လုံးသို့ ကူးပြောင်း ရစ်သွင်းသည်
    ချားတွင်ရှိသော ချည်ခင်က ချည်မျှင်ကို တညင်လုံးသို့ ကူးပြောင်း ရစ်သွင်းသည်
    spin (yarn)
    နာမ်

    ခြည်ဝင်

    [kʰɹɛwɪ̀ɴ]
    ဟိ (ပန်းဝှက်)။ ၂၊ အပင်ထွက်ဖို့ အုန်းသီးအထဲမာဟိရေ ဖြူဖွေးသော အလုံးအချေ။ ခြည်ဝင်ယူခ၊ အုန်းတောက (တေး)
    ဟိ (ပန်းဝှက်)။ ၂၊ အပင်ထွက်မည့် အုန်းသီးအတွင်း၌ရှိသော ဖြူဖွေးသော အလုံးကလေး။ ခြည်ဝင်ယူခ၊ အုန်းတောက (တေး)
    ball of yarn taken from a spindle
    နာမ်

    ခြည်ဝင်အူထွက်

    [kʰɹɛwɪ̀ɴʔùtʰwɛʔ]
    (ဥပစါ)(အစယှာရန် အလွန်ခက်ဘိပိုင်) အလွန်ဗလဗွီသတ် ရောပြွန်းဗျာယ်။ ရောယှက် ခြူနိန်ရေအနိန်နန့်။ သူ့စိတ်မာလေ၊ ခြည်ဝင်အူထွက်၊ ဗရပွက်ဆူ (ပဋါ)
    (ဥပစါ)(အစရှာရန် အလွန်ခက်ဘိသကဲ့သို့) အလွန်ရှုပ်ထွေး ရောပြွန်းလျက်။ ရောယှက် ရှုပ်ပွေနေသော အားဖြင့်။ သူ့စိတ်တွင်လေ၊ ခြည်ဝင်အူထွက်၊ ဗရပွက်ဆူ (ပဋါ)
    tangld ball of yarn
    ကြိယာဝိသေသန

    ခြည်သီး

    [kʰɹɛθï]
    ခြည်သီး
    အပ်ချည်လုံး
    spindle
    နာမ်

    ခြည်အူထွက်

    [kʰɹɛʔùtʰwɛʔ]
    (ဥပစါ)(အစယှာရန် အလွန်ခက်ဘိပိုင်) အလွန်ဗလဗွီသတ် ရောပြွန်းဗျာယ်။ ရောယှက် ခြူနိန်ရေအနိန်နန့်။ သူ့စိတ်မာလေ၊ ခြည်ဝင်အူထွက်၊ ဗရပွက်ဆူ (ပဋါ)
    (ဥပစါ)(အစရှာရန် အလွန်ခက်ဘိသကဲ့သို့) အလွန်ရှုပ်ထွေး ရောပြွန်းလျက်။ ရောယှက် ရှုပ်ပွေနေသော အားဖြင့်။ သူ့စိတ်တွင်လေ၊ ခြည်ဝင်အူထွက်၊ ဗရပွက်ဆူ (ပဋါ)
    none
    ကြိယာဝိသေသန