Dictionary Entries
Showing 1,261–1,280 of 1,812 words
ခ
ခြတက်
[kʰɹtɛʔ]
Arakanese:
အကျင့်ဖေါက်ပြန် လျှပ်ပေါ်သော။ အကျင့်ဖောက်ပြန်ပနာ စောင့်စည်း ထိန်းသိမ်းမှုမဟိရေ
Burmese:
အကျင့်ဖေါက်ပြန် လျှပ်ပေါ်သော။ အကျင့်လော်မာ၍ စောင့်စည်း ထိန်းသိမ်းမှုမရှိသော
English:
corruption
Grammar Note:
နာမဝိသေသန
ခြံတပ်
[kʰɹံtaʔ]
Arakanese:
အိမ်ဝင်း ၊ ကျောင်းဝင်း အစဟိစွာရို့ကို ပတ်ဝန်းထားရေ အကာအရံ
Burmese:
အိမ်ဝင်း ၊ ကျောင်းဝင်း စသည်တို့ကို ပတ်ဝန်းထားသော အကာအရံ
English:
fence
Grammar Note:
နာမ်
ခြံတိုင်
[kʰɹံtàɪɴ]
Arakanese:
ပိုက်ချသော ခြံများ ဖို့လဲရယောင် စိုက်ထားရေ သစ်သားချောင်း
Burmese:
ငါးဖမ်းသော ခြံများ မလဲရအောင် စိုက်ထားသော သစ်သားချောင်း
English:
catch for fish pole
Grammar Note:
နာမ်
ခြတ်
[kʰɹaʔ]
Arakanese:
၁၊ နူးညံ့ ပျော့ပျောင်းခြင်း မဟိရေ။ ၂၊ ကြမ်းတမ်းသော။ ၃၊ မာကျောသော။ ၄၊ အဖုအသီးထသော
Burmese:
၁၊ နူးညံ့ ပျော့ပျောင်းခြင်း မရှိသော။ ၂၊ ကြမ်းတမ်းသော။ ၃၊ မာကျောသော။ ၄၊ အဖုအပိမ့်ထသော
English:
rough
Grammar Note:
နာမဝိသေသန
ခြတ်ခြတ်
[kʰɹaʔkʰɹaʔ]
Arakanese:
ခြတ်ခြတ်ဟု မာကျောသော အရာမာထိသော အသံ
Burmese:
ခြတ်ခြတ်ဟု မာကျောသော အရာ၌ထိသော အသံ
English:
none
Grammar Note:
နာမ်
ခြတ်ခြတ်ခြောက်
[kʰɹaʔkʰɹaʔkʰɹɔ́ɛʔ]
Arakanese:
၁၊ စွတ်စိုခြင်း ကင်းရေ။ ရီခန်း၍ ခြောက်လားရေ။ ၂၊ စိုပြည် သာယာခြင်း ကင်းရေ။ ပျင်းရိ ငြီးငွိ့ ဖွယ်ကောင်းရေ။ ၃၊ မွဲခြောက်ရေ။ ၄၊ အစားအသီာက် ခေါင်းပါးရေ။ ယှားပါးရေ။ မားဖျက်ငဟောက်၊ ရွာမတန်ကေ၊ ဆွမ်းခံဖျက်ပျာ၊ ခြတ်ခြတ်ကေ ခြောက်လို့ (အခင်းပြော)
Burmese:
၁၊ စွတ်စိုခြင်း ကင်းသည်။ ရေခန်း၍ ခြောက်သွားသည်။ ၂၊ စိုပြည် သာယာခြင်း ကင်းသည်။ ပျင်းရိ ငြီးငွေ့ ဖွယ်ကောင်းသည်။ ၃၊ မွဲခြောက်သည်။ ၄၊ အစားအသောက် ခေါင်းပါးသည်။ ရှားပါးသည်။ တွင်းဖျက်ငဟောက်၊ ရွာမတန်ကေ၊ ဆွမ်းခံဖျက်ပျာ၊ ခြတ်ခြတ်ကေ ခြောက်လို့ (အခင်းပြော)
English:
dry up
Grammar Note:
ကြိယာ
ခြံထွက်
[kʰɹံtʰwɛʔ]
Arakanese:
ကိုယ့်ခြံမှ ထွက်သော ဝန်။ ဟင်းသီး ဟင်းရွက် စရေ သီးနှံများ
Burmese:
မိမိခြံမှ ထွက်သော ပစ္စည်း။ ဟင်းသီး ဟင်းရွက် စသည့် သီးနှံများ
English:
home-grown
Grammar Note:
နာမ်
ခြပိုးတက်
[kʰɹpótɛʔ]
Arakanese:
ဣန္ဒြေမရရေ မျက်နှာဟိရေ။ မျက်နှာပိုးမသီရေ အမူအရာဟိသော။ စောင့်စည်းမှုနန့် အရှက်တရား နည်းပါးစွာ ပြုတတ်ရေ။ လျှပ်ပေါ်၍ မတည်ကြည်သော။ ဖလိဖလာ၊ ရောက်ပြန်လှာသည်၊ မျက်နှာခြပိုးတက်နန့် (ကုသတု)
Burmese:
ဣန္ဒြေမရသော မျက်နှာရှိသော။ မျက်နှာပိုးမသေသော အမူအရာရှိသော။ စောင့်စည်းမှုနှင့် အရှက်တရား နည်းပါးစွာ ပြုတတ်သော။ လျှပ်ပေါ်၍ မတည်ကြည်သော။ ဖလိဖလာ၊ ရောက်ပြန်လှာသည်၊ မျက်နှာခြပိုးတက်နှင့် (ကုသတု)
English:
not put on a straight face
Grammar Note:
နာမဝိသေသန
ခြံပုပ်
[kʰɹံpoʊʔ]
Arakanese:
မြစ်ကမ်းတလျောက်မာ ကမ်းနန့်ပြိုင်ဗျာယ် အမြဲတမ်း ကာရံချထားရေ ဝါးခြမ်းထရံတိနန့် ပြုလုပ်ထားရေ ပိုက်ချကိရိယာ
Burmese:
မြစ်ကမ်းတစ်လျောက်တွင် ကမ်းနှင့်ပြိုင်လျက် အမြဲတမ်း ကာရံချထားသော ဝါးခြမ်းထရံများဖြင့် ပြုလုပ်ထားသော ငါးဖမ်းကိရိယာ
English:
fish net trap
Grammar Note:
နာမ်
ခြံပေါက်
[kʰɹံpaʊʔ]
Arakanese:
ကိုယ့်မွီးစပ်ထားရေ ကျွဲ၊ နွား။ ခြံထဲက ပေါက်သော ကျွဲ၊ နွား အစဟိစွာ
Burmese:
မိမိမွေးစားထားသော ကျွဲ၊ နွား။ ခြံထဲမှ ပေါက်သော ကျွဲ၊ နွား စသည်
English:
born and bred on own farm
Grammar Note:
နာမ်
ခြမည်း
[kʰɹmɛ́]
Arakanese:
ရိုးရိုးခြထက် စိကေချေကြီးပြီးကေ အနက်ရောင်ဟိရေ ခြတမျိုး
Burmese:
ရိုးရိုးခြထက် အနည်းငယ်ကြီး၍ အနက်ရောင်ရှိသော ခြတစ်မျိုး
English:
termite
Grammar Note:
နာမ်
ခြမ်း
[kʰɹáɴ]
Arakanese:
၁၊ တူညီစွာ ခွဲရေ။ ထက်ဝက်ခွဲရေ။ ၂၊ အထူးမဟုတ် သာမညအားဖြင့် ခွဲစိတ်ရေ။ ၃၊ အမြွာမြွာ ခွဲစိတ်သည်
Burmese:
၁၊ တူညီစွာ ခွဲသည်။ ထက်ဝက်ခွဲသည်။ ၂၊ အထူးမဟုတ် သာမညအားဖြင့် ခွဲစိတ်သည်။ ၃၊ အမြွာမြွာ ခွဲစိတ်သည်
English:
dissect
Grammar Note:
ကြိယာ
ခြမ်း၂
[kʰɹáɴ၂]
Arakanese:
အစိတ်။ အပိုင်း။ အဖဲ့။ အဝက်။ အိုးခြမ်းကွဲ။ အိုးခြမ်းပဲ့
Burmese:
အစိတ်။ အပိုင်း။ အဖဲ့။ အဝက်။ အိုးခြမ်းကွဲ။ အိုးခြမ်းပဲ့
English:
part
Grammar Note:
နာမ်
ခြမ်းကွဲ
[kʰɹáɴkwɛ]
Arakanese:
ဖေ့သာတခတ်၏ လေးဖို့တဖို့(ဖေသာ)
Burmese:
ပိုက်ဆံတစ်ပြား၏ လေးဖို့တစ်ဖို့(ပိုက်ဆံ)
English:
quarter a kyat
Grammar Note:
နာမ်
ခြမ်းစိ
[kʰɹáɴsì]
Arakanese:
ဖေ့သာတခတ်၏ နှစ်ဖို့တဖို့(ဖေသာ)
Burmese:
ပိုက်ဆံတစ်ပြား၏ နှစ်ဖို့တစ်ဖို့(ပိုက်ဆံ)
English:
half a kyat
Grammar Note:
နာမ်
ခြယ်မ
[kʰɹɛ̀m]
Arakanese:
၁၊ မယား၏ ညီမ။ ၂၊ ညီ၏ မယား။ ခယ်မ။ ညီငယ်မောင်လှ၊ ငါ့ခြယ်မလျင်၊ တောကလိုက်လာ (ပန်း)။ သမီးကြာညို၊ ရစ်ကာဆို၊ နာလိုဖို့လား၊ ခြယ်မချေ (တေး)
Burmese:
၁၊ မယား၏ ညီမ။ ၂၊ ညီ၏ မယား။ ခယ်မ။ ညီငယ်မောင်လှ၊ ငါ့ခြယ်မလျင်၊ တောကလိုက်လာ (ပန်း)။ သမီးကြာညို၊ ရစ်ကာဆို၊ နာလိုမည်လား၊ ခြယ်မချေ (တေး)
English:
Sister-in-law
Grammar Note:
နာမ်
ခြံရံ
[kʰɹံɹံ]
Arakanese:
၁၊ နံဖီးအနား တဝိုက်မာ တည်ဟိရေ။ ၂၊ ဝင်းခြံ အကာအရံ ပြုလုပ်ရေ
Burmese:
၁၊ အနီးအနား တစ်ဝိုက်တွင် တည်ရှိသည်။ ၂၊ ဝင်းခြံ အကာအရံ ပြုလုပ်သည်
English:
enclose
Grammar Note:
ကြိယာ
ခြသံ
[kʰɹθံ]
Arakanese:
ခြသတ္တဝါများ ပြုလုပ်ထားရေ တောင်ပို့ထဲကရရေ သံသတ္တု
Burmese:
ခြသတ္တဝါများ ပြုလုပ်ထားသော တောင်ပို့ထဲမှရသော သံသတ္တု
English:
metal from ant-hill
Grammar Note:
နာမ်
ခြာ
[kʰɹà]
Arakanese:
ခြာကောင်။ အချေသူမာ၊ ပန်းမူမရ၊ ခြပိုးအုံလျင်၊ ပုံပြတ်ကျလို့ (ဆဒ္ဒန်)။ ချစ်ရီးထူးဟန်၊ ငါ၏ပါးကာ၊ ပန်းမာလ်ကိုထား၊ ခြာအုံထုပ်ကို၊ လှုပ်ချငြားလို့ (ယင်း)
Burmese:
ခါချဉ်ကောင်။ အငယ်သူမှာ၊ ပန်းမူမရ၊ ခြပိုးအုံလျင်၊ ပုံပြတ်ကျလို့ (ဆဒ္ဒန်)။ ချစ်ရေးထူးဟန်၊ ငါ၏ထံမှာ၊ ပန်းမာလ်ကိုထား၊ ခြာအုံထုပ်ကို၊ လှုပ်ချငြားလို့ (၎င်း)
English:
red ant
Grammar Note:
နာမ်
ခြား
[kʰɹá]
Arakanese:
၁၊ မတူ။ ကွဲပြားရေ။ ၂၊ ခွဲကန့်ရေ။ သီးသန့်ဖြစ်စီသည်
Burmese:
၁၊ မတူ။ ကွဲပြားသည်။ ၂၊ ခွဲကန့်သည်။ သီးသန့်ဖြစ်စေသည်
English:
different
Grammar Note:
ကြိယာ