Dictionary Entries
Showing 1,281–1,300 of 1,812 words
ခ
ခြာ၂
[kʰɹà၂]
Arakanese:
အကြားအလပ် ဟိရေ။ အကြားမာ လပ်ရေ။ တရက်ခြာ၊ နှစ်ရက်ခြာ၊ သားသမီးခြာသော မမာ့။ ၂၊ ဘာတခုလည်းမဟိ လောက်ယောင် မွဲရေ။ ချွတ်ခြုံကျရေ။ မွဲခြာသည်
Burmese:
အကြားအလပ် ရှိသည်။ အကြားတွင် လပ်သည်။ တစ်ရက်ခြာ၊ နှစ်ရက်ခြာ၊ သားသမီးခြာသော မိန်းမ။ ၂၊ ဘာမှမရှိ လောက်အောင် မွဲသည်။ ချွတ်ခြုံကျသည်။ မွဲခြာသည်
English:
poor
Grammar Note:
ကြိယာ
ခြာ၃
[kʰɹà၃]
Arakanese:
အပူဟိန် အလွန်ပူပြင်းသော။ နီခြာလို့ ပူရေ
Burmese:
အပူရှိန် အလွန်ပူပြင်းသော။ နီခြာလို့ ပူရေ
English:
hot
Grammar Note:
နာမဝိသေသန
ခြာချဉ်
[kʰɹàɕɪ̀ɴ]
Arakanese:
ခြာကောင်။ အချေသူမာ၊ ပန်းမူမရ၊ ခြပိုးအုံလျင်၊ ပုံပြတ်ကျလို့ (ဆဒ္ဒန်)။ ချစ်ရီးထူးဟန်၊ ငါ၏ပါးကာ၊ ပန်းမာလ်ကိုထား၊ ခြာအုံထုပ်ကို၊ လှုပ်ချငြားလို့ (ယင်း)
Burmese:
ခါချဉ်ကောင်။ အငယ်သူမှာ၊ ပန်းမူမရ၊ ခြပိုးအုံလျင်၊ ပုံပြတ်ကျလို့ (ဆဒ္ဒန်)။ ချစ်ရေးထူးဟန်၊ ငါ၏ထံမှာ၊ ပန်းမာလ်ကိုထား၊ ခြာအုံထုပ်ကို၊ လှုပ်ချငြားလို့ (၎င်း)
English:
red ant
Grammar Note:
နာမ်
ခြာခြာ
[kʰɹàkʰɹà]
Arakanese:
အပူဟိန် အလွန်ပြင်းထန်စွာ
Burmese:
အပူရှိန် အလွန်ပြင်းထန်စွာ
English:
beat dowm
Grammar Note:
ကြိယာဝိသေသန
ခြားခြား
[kʰɹákʰɹá]
Arakanese:
တမျိုးစီ။ တခုကျ။ တကွဲတပြားစီ။ တပိုင်းတကန့်စီ
Burmese:
တစ်မျိုးစီ။ တစ်ခုစီ။ တစ်ကွဲတစ်ပြားစီ။ တစ်ပိုင်းတစ်ကန့်စီ
English:
different
Grammar Note:
နာမ်
ခြာခြာကွဲ
[kʰɹàkʰɹàkwɛ]
Arakanese:
နီဇာဟိန် အလွန်ပြင်းထန်အတွက်နန့် အစိတ်စိတ် ကွဲဟကြောင်း၊ ကွဲအက်ကြောင်း၊ ပပ်ကြောင်း ထင်ရေ
Burmese:
နေအပူရှိန် အလွန်ပြင်းထန်သောကြောင့် အစိတ်စိတ် ကွဲဟကြောင်း၊ ကွဲအက်ကြောင်း၊ ပပ်ကြောင်း ထင်သည်
English:
beat dowm
Grammar Note:
ကြိယာ
ခြားခြားနားနား
[kʰɹákʰɹánáná]
Arakanese:
ကြီးကြဲသော ပုဂ္ဂိုလ်နန့် တုပြိုင်ကာ သီးသန့်ခွဲထွက် မင်းမူရေ။ ၂၊ ပိုင်းကန့်ခွဲထားရေ။ ၃၊ တကွဲတပြား တမျိုးတဖုံ ဖြစ်တေ
Burmese:
ကြီးကြဲသော ပုဂ္ဂိုလ်နှင့် တုပြိုင်ကာ သီးခြားခွဲထွက် မင်းမူသည်။ ၂၊ ပိုင်းကန့်ခွဲထားသည်။ ၃၊ တစ်ကွဲတစ်ပြား တစ်မျိုးတစ်ဖုံ ဖြစ်သည်
English:
branch out
Grammar Note:
ကြိယာ
ခြာခြာပူ
[kʰɹàkʰɹàpù]
Arakanese:
(နေ) အပူဟိန် ပြင်းထန်စွာ။ ချိုတ်ချိုတ်တောက် ပူဗျာယ်
Burmese:
(နေ) အပူရှိန် ပြင်းထန်စွာ။ ချစ်ချစ်တောက် ပူလျက်
English:
beat dowm
Grammar Note:
ကြိယာဝိသေသန
ခြားနား
[kʰɹáná]
Arakanese:
ကြီးကြဲသော ပုဂ္ဂိုလ်နန့် တုပြိုင်ကာ သီးသန့်ခွဲထွက် မင်းမူရေ။ ၂၊ ပိုင်းကန့်ခွဲထားရေ။ ၃၊ တကွဲတပြား တမျိုးတဖုံ ဖြစ်တေ
Burmese:
ကြီးကြဲသော ပုဂ္ဂိုလ်နှင့် တုပြိုင်ကာ သီးခြားခွဲထွက် မင်းမူသည်။ ၂၊ ပိုင်းကန့်ခွဲထားသည်။ ၃၊ တစ်ကွဲတစ်ပြား တစ်မျိုးတစ်ဖုံ ဖြစ်သည်
English:
branch out
Grammar Note:
ကြိယာ
ခြားနားခြင်း
[kʰɹánákʰɹɪ́ɴ]
Arakanese:
တခုနန့်တခုမတူသော အခြင်းအရာ။ ကွဲပြားသော အမူအရာ
Burmese:
တစ်ခုနှင့်တစ်ခုမတူသော အခြင်းအရာ။ ကွဲပြားသော အမူအရာ
English:
different
Grammar Note:
နာမ်
ခြိ.
[kʰɹì.]
Arakanese:
၁၊ ညီတူညီမျှရယောင် ခွဲဝီပီးရေ။ ငှဝေရေ။ ၂၊ မညီစွာကို ညီယောင်လုပ်ရေ။ မရမဟိအောင် ခြိ.ငှလို့ ဝီပီးရေ။ ၃၊ အချင်းချင်း သဘောကိုက်ညီယောင် လုပ်ရေ
Burmese:
၁၊ ညီတူညီမျှရအောင် ခွဲဝေပေးသည်။ ငှဝေသည်။ ၂၊ မညီသည်ကို ညီအောင်လုပ်သည်။ မရမရှိအောင် ခြိ.ငှလို့ ဝီပီးရေ။ ၃၊ အချင်းချင်း သဘောကိုက်ညီအောင် လုပ်သည်
English:
distribute
Grammar Note:
ကြိယာ
ခြိ.ပီး
[kʰɹì.pï]
Arakanese:
အဖို့အစုကို အပျံ့အနှံ့ ခွဲဝီပီးရေ။ ဝီငှပီးရေ
Burmese:
အဖို့အစုကို အပျံ့အနှံ့ ခွဲဝေပေးသည်။ ဝေငှပေးသည်
English:
issue
Grammar Note:
ကြိယာ
ခြိတ်
[kʰɹeɪʔ]
Arakanese:
(စာရီးရာမာ) မြန်စွာထက် ယင်အောင်။ လိုအပ်ရေ့ အချိန်ထက် စောစီးစွာ စောစွာ ပြီးစီးအောင်။ စာကို အယင့်အယင် ပြီးယောင် ခြိတ်ခြိတ်ရီးရေ
Burmese:
(စာရေးရာတွင်) မြန်သည်ထက် မြန်အောင်။ လိုအပ်သည့် အချိန်ထက် စောစီးစွာ စောစွာ ပြီးစီးအောင်။ စာကို အလျင်အမြန် ပြီးအောင် ခြိတ်ခြိတ်ရေးသည်
English:
quick
Grammar Note:
ကြိယာဝိသေသန
ခြိန့်
[kʰɹèɪɴ့]
Arakanese:
၁၊ ထက်အောက် ပြောင်းပြန် လူးလှိမ့်လျှက်။ ၂၊ မငြိမ်မသက် လှုပ်ယှားဗျာယ်။ ငါးကိုပယိန့်မာ ထည့်ပြီးကေ ခြိန့်ကိုဆီး
Burmese:
၁၊ ထက်အောက် ပြောင်းပြန် လူးလှိမ့်လျှက်။ ၂၊ မငြိမ်မသက် လှုပ်ရှားလျက်။ ငါးကိုပယိန့်မှာ ထည့်ပြီးကေ ခြိန့်ကိုဆီး
English:
change or reverse position
Grammar Note:
ကြိယာဝိသေသန
ခြိပ်
[kʰɹìaʔ]
Arakanese:
၁၊ သရက်ရွက်နန့် ဆင်တူ၍ အုံဆိုင်းသော အစီးထွက်သော အပင်တမျိုး။ ၂၊ ယင်းအပင်မှ ထွက်သော အစီး
Burmese:
၁၊ သရက်ရွက်နှင့် ဆင်တူ၍ ညို့မှိုင်းသော အစေးထွက်သော အပင်တစ်မျိုး။ ၂၊ ယင်းအပင်မှ ထွက်သော အစေး
English:
gum
Grammar Note:
နာမ်
ခြိပ်၂
[kʰɹìaʔ၂]
Arakanese:
မိုက်မဲသော အရောင်အဝါ ထွက်သည်
Burmese:
မည်းမှောင်သော အရောင်အဝါ ထွက်သည်
English:
opalescence
Grammar Note:
ကြိယာ
ခြိပ်ချောင်း
[kʰɹìaʔɕáʊɴ]
Arakanese:
အယင်က ချိတ်ပင်များ ပေါက်ရောက်ပနာ၊ ချိတ်စေးများ ထွက်သော နီရာ။ အရပ်
Burmese:
ယခင်က ချိတ်ပင်များ ပေါက်ရောက်၍၊ ချိတ်စေးများ ထွက်သော နေရာ။ အရပ်
English:
lac
Grammar Note:
နာမ်
ခြိပ်စီး
[kʰɹìaʔsï]
Arakanese:
ချိတ်ပင်မှ ထွက်သော အစီး
Burmese:
ချိတ်ပင်မှ ထွက်သော အစေး
English:
lac
Grammar Note:
နာမ်
ခြိပ်တံဆိပ်
[kʰɹìaʔtံsʰìaʔ]
Arakanese:
ချိတ်စေးထက်မာ ခတ်နှိပ်ထားရေ တံဆိပ်
Burmese:
ချိတ်စေးပေါ်တွင် ခတ်နှိပ်ထားသော တံဆိပ်
English:
seal
Grammar Note:
နာမ်
ခြိပ်ပိတ်
[kʰɹìaʔpeɪʔ]
Arakanese:
၁၊ အရီးကြီးရေ စာအိတ်၊ အထုပ်၊ ဝန်ဝန်ရို့ကို စိတ်သတ်ကတ်မေ လုံခြုံစွာ ချိပ်ဖြင့် ပိတ်ရေ။ ၂၊ ကျောင်း၊ အိမ်အစဟိရေ အဆောက်အအုံ အစဟိစွာရို့ကို အသုံးမပြုနိုင် စိမ့်သောငှာ ဥပဒေအရ (ချိပ်ပိတ်ပနာ) တားမြစ်သည်
Burmese:
၁၊ အရေးကြီးသော စာအိတ်၊ အထုပ်၊ ဝန်ပစ္စည်းတို့ကို စိတ်ချရအောင် လုံခြုံစွာ ချိပ်ဖြင့် ပိတ်သည်။ ၂၊ ကျောင်း၊ အိမ်စသော အဆောက်အအုံ စသည်တို့ကို အသုံးမပြုနိုင် စိမ့်သောငှာ ဥပဒေအရ (ချိပ်ပိတ်၍) တားမြစ်သည်
English:
seal
Grammar Note:
ကြိယာ