Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,301–1,320 of 1,812 words

    ခ

    ခြိပ်ပေါက်

    [kʰɹìaʔpaʊʔ]
    ချိတ်ပင်ကို ခုတ်ထစ်မိ၍သော် ပင်ဖြစ်ဖြစ်၊ ချိတ်စေးကို ကိုင်မိ၍သော် ပင်ဖြစ်ဖြစ်၊ အဖုအသီးထပနာ ပေါက်တတ်ရေ အနာတမျိုး။ (ခြိပ်ကြီး၊ ခြိပ်သျှေ၊ ကြက်ခြိပ် ဆိုပနာလည်း ကွဲပြားရေ။
    ချိတ်ပင်ကို ခုတ်ထစ်မိ၍သော် လည်းကောင်း၊ ချိတ်စေးကို ကိုင်မိ၍သော် လည်းကောင်း၊ အဖုအပိမ့်ထ၍ ပေါက်တတ်သော အနာတစ်မျိုး။ (ခြိပ်ကြီး၊ ခြိပ်သျှေ၊ ကြက်ခြိပ် ဟူ၍လည်း ကွဲပြားသည်။
    lac
    နာမ်

    ခြိမ့်

    [kʰɹḛɪɴ]
    ငြိမ့်ညောင်းရေ။ (တေးသံ) သာယာ ချိုအီးရေ။ သာယာ နာပျော်ဖွယ် ကောင်းရေ
    ငြိမ့်ညောင်းသည်။ (တေးသံ) သာယာ ချိုအေးသည်။ သာယာ နာပျော်ဖွယ် ကောင်းသည်
    melodiously
    ကြိယာ

    ခြိမ်း

    [kʰɹéɪɴ]
    ၁၊ (မိုး) ထစ်ချုန်း (ရွာ)ရေ။ မြည်ဟည်းရေ။ ၂၊ ခြောက်ရေ။ လှန့်ရေ။ အသံဖြင့် ကြောက်လှန့် စီရေ
    ၁၊ (မိုး) ထစ်ချုန်း (ရွာ)သည်။ မြည်ဟည်းသည်။ ၂၊ ခြောက်သည်။ လှန့်သည်။ အသံဖြင့် ကြောက်လှန့် စေသည်
    thunder roll
    ကြိယာ

    ခြိမ့်ခြိမ့်

    [kʰɹḛɪɴkʰɹḛɪɴ]
    ပြင်းထန်စွာ (မြည်ဟည်းလျှက်)။ ဘင်ခံမြောက်၊ လက်ခုပ်ဖြောက်သည်၊ ကျော်မြောက်အသံ၊ ခြိမ့်ခြိမ့်တည်း(ရခိုင်ကာ)
    ပြင်းထန်စွာ (မြည်ဟည်းလျှက်)။ ဘင်ခံမြောက်၊ လက်ခုပ်ဖြောက်သည်၊ ကျော်မြောက်အသံ၊ ခြိမ့်ခြိမ့်တည်း(ရခိုင်ကာ)
    sound loudly
    ကြိယာဝိသေသန

    ခြိမ့်ခြိမ့်သဲသဲ

    [kʰɹḛɪɴkʰɹḛɪɴθɛθɛ]
    ၁၊ (ပွဲလမ်း သဘင်မာလူ) အလွန်စည်ကား များပြားသည် ဖြစ်ပနာ။ ၂၊ ပြင်းထန်စွာ မြည်ဟည်းလျှက်
    ၁၊ (ပွဲလမ်း သဘင်တွင်လူ) အလွန်စည်ကား များပြားသည် ဖြစ်၍။ ၂၊ ပြင်းထန်စွာ မြည်ဟည်းလျှက်
    sound loudly
    ကြိယာဝိသေသန

    ခြိမ်းခြောက်

    [kʰɹéɪɴkʰɹɔ́ɛʔ]
    အသံဖြင့် ကြောက်စေ၊ လှန့်စီရေ။ လှန့်သည်
    အသံဖြင့် ကြောက်စေ၊ လှန့်စေသည်။ လှန့်သည်
    frighten
    ကြိယာ

    ခြိမ့်ညောင်း

    [kʰɹḛɪɴɲáʊɴ]
    ငြိမ့်ညောင်းရေ။ (တေးသံ) သာယာ ချိုအီးရေ။ သာယာ နာပျော်ဖွယ် ကောင်းရေ
    ငြိမ့်ညောင်းသည်။ (တေးသံ) သာယာ ချိုအေးသည်။ သာယာ နာပျော်ဖွယ် ကောင်းသည်
    melodiously
    ကြိယာ

    ခြိမ်းပ

    [kʰɹéɪɴp]
    ကိုယ့်ဂုဏ်ကို ကျယ်သောအသံဖြင့် ထုတ်ဖေါ် မြွက်ဟပြောဆိုဗျာယ်။ ၂၊ တံပက်လူ ကြောက်လန့်အောင် ကျွီး ပြောဆိုဗျာယ်။ လောင်းတော်ကုသ၊ အာလုပ်ဟ၍၊ ခြိမ်းပြခင်းရာက (ကုသရ)။ သိန်းဇိုဠ်ပြည်က၊ ဂေါင်းဆယ်ခွမာ၊ ခြိမ်းပခြင်းရာ (ရာမ)
    မိမိ၏ဂုဏ်ကို ကျယ်သောအသံဖြင့် ထုတ်ဖေါ် မြွက်ဟပြောဆိုလျက်။ ၂၊ တစ်ဘက်သား ကြောက်လန့်အောင် အော်ဟစ် ပြောဆိုလျက်။ လောင်းတော်ကုသ၊ အာလုပ်ဟ၍၊ ခြိမ်းပြခင်းရာက (ကုသရ)။ သိန်းဇိုဠ်ပြည်က၊ ဂေါင်းဆယ်ခွမှာ၊ ခြိမ်းပခြင်းရာ (ရာမ)
    shout loudly
    ကြိယာဝိသေသန

    ခြိမ်းမောင်း

    [kʰɹéɪɴmáʊɴ]
    ၁၊ သတ်ပုတ်ရေ။ ညှဉ်းဆဲ နှိပ်စက်ရေ။ ၂၊ အသံဖြင့် ကြောက်လှန့် စီရေ။ ၃၊ တဖက်သား ကြောက်လန့်အောင် မျိုးက်ခြောက်ခြောက်ရေ။ ကလူနှိပ်စက်၊ ကလဝီမဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို၊ ရိုက်ပတ်ဆို၍ (မျိုးက်)
    ၁၊ သတ်ပုတ်သည်။ ညှဉ်းဆဲ နှိပ်စက်သည်။ ၂၊ အသံဖြင့် ကြောက်လှန့် စေသည်။ ၃၊ တစ်ဖက်သား ကြောက်လန့်အောင် ခြိမ်းခြောက်သည်။ ကလူနှိပ်စက်၊ မိန်းမပျက်ဟု၊ ရက်ရက်ရဲရဲ၊ ခြိမ်းမောင်းမဲလို၊ ရိုက်ပတ်ဆို၍ (မျောက်)
    frighten
    ကြိယာ

    ခြို့

    [kʰɹo̰]
    ငေါက်ငမ်းရေ။ မာန ခက်ထန်ရေ။ မာန်ပါရေ
    ငေါက်ငမ်းသည်။ မာန ခက်ထန်သည်။ ဒေါသထွက်သည်
    angry
    ကြိယာ

    ခြိုး

    [kʰɹó]
    ၁၊ တကူကူဆိုပနာ ကူတတ်ရေ ဂြိုးငှက်။ ရွှီကျီးချီသုတ်၊ ခြိုးစွန်ဘုတ်နန့် (ဘောင်)။ တကြူကြူ ခြိုးကူလတ်တေ (တေး)။ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ယင်း)။ ၂၊ ထမင်းအကျက်လွန်၍ အိုးမာကပ်နိန်ရေ ဘောက်ခြိုး
    ၁၊ တကူကူဟူ၍ ကူတတ်သော ချိုးငှက်။ ရွှေကျီးချီသုတ်၊ ခြိုးစွန်ဘုတ်နှင့် (ဘောင်)။ တကြူကြူ ခြိုးကူလတ်တေ (တေး)။ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (၎င်း)။ ၂၊ ထမင်းအကျက်လွန်၍ အိုးတွင်ကပ်နေသော ထမင်းခြိုး
    crust of cooked rice
    နာမ်

    ခြိုးကပ်

    [kʰɹókaʔ]
    ၁၊ ထမင်း အလွန်ကျက်၍ အိုးမာ ကပ်တွယ်နိန်ရေ။ ၂၊ ချီးထူရေ
    ၁၊ ထမင်း အလွန်ကျက်၍ အိုးတွင် ကပ်တွယ်နေသည်။ ၂၊ ချေးထူသည်
    be overcooked
    ကြိယာ

    ခြိုးကပ်၂

    [kʰɹókaʔ၂]
    ၁၊ ဟောင်းနွမ်း နိန်ရေ။၂၊ နှစ်ပေါင်းများစွာ ကြာလွန်းနိန်ရေ။ (အရာဝတ္တု)။ မင်းဝန်ကား ဇာလက်ထက်က ဝန်မှန်းမသိ ခြိုးကပ်နီဗျာယ်
    ၁၊ ဟောင်းနွမ်း နေသော။၂၊ နှစ်ပေါင်းများစွာ ကြာလွန်းနေသော။ (အရာဝတ္တု)။ မင်းပစ္စည်းကား ဇာလက်ထက်က ပစ္စည်းမှန်းမသိ ခြိုးကပ်နီဗျာယ်
    clap
    နာမဝိသေသန

    ခြိုက်နှစ်

    [kʰɹaɪʔn̥ɪʔ]
    သဖောကျနှစ်သက်ရေ။ အားရပါးရ၊ အားပါးရတရ ဖြစ်တေ
    သဘောကျ နှစ်သက်သည်။ အားရပါးရ၊ အားပါးရတရ ဖြစ်သည်
    like
    ကြိယာ

    ခြိုးခြံ

    [kʰɹókʰɹံ]
    ၁၊ ပင်ပန်း ဆင်းရဲမှုရို့ကို သည်းခံနိုင်စွမ်း ဟိရေ။ ၂၊ ဖေသာ ကြီးငွီ အစဟိစွာရို့ကို အားလုံးအကျ နည်းပါးအောင် ဆင်ခြင်၍ သုံးစွဲရေ။ ချွေစွာရေ
    ၁၊ ပင်ပန်း ဆင်းရဲမှုတို့ကို သည်းခံနိုင်စွမ်း ရှိသည်။ ၂၊ ပိုက်ဆံ ကြေးငွေ စသည်တို့ကို အကုန်အကျ နည်းပါးအောင် ဆင်ခြင်၍ သုံးစွဲသည်။ ချွေတာသည်
    be economical
    ကြိယာ

    ခြိုးခြီ

    [kʰɹókʰɹì]
    ဆားငန်ရည် မှီရာမာ ပေါက်လိဟိရေ ဟင်းချက်စားရရေ မြီကပ်ပင်ငယ် တမျိုး
    ဆားငန်ရည် မှီရာတွင် ပေါက်လေ့ရှိသော ဟင်းချက်စားရသည့် မြေကပ်ပင်ငယ် တစ်မျိုး
    none
    နာမ်

    ခြိုးငယ်တစ်ထိုး

    [kʰɹóŋɛ̀tɪʔtʰó]
    ချိုးငယ်တဟုန်ထိုး အထက်ကို ပျံတက်ရေ့ထိတောင် ကာလ အပိုင်းအရာ။ ပျံတက်လီကေ၊ ခြိုးငယ်တထိုး၊ ရောက်ခါတုံလေ၊ တောင်ဟုန်ထိုးလို့ (ဒွေး)
    ချိုးငယ်တဟုန်ထိုး အထက်သို့ ပျံတက်သည့်တိုင်အောင် ကာလ အပိုင်းအခြား။ ပျံတက်လေကေ၊ ခြိုးငယ်တထိုး၊ ရောက်ခါတုံလေ၊ တောင်ဟုန်ထိုးလို့ (ဒွေး)
    none
    နာမ်

    ခြိုင်

    [kʰɹàɪɴ]
    စိမ်းလန်းစိုပြေပြီး အပင်၏ အခက်အလက် အရွက်ရို့စွာ ဝေဆာ အုပ်ဆိုင်းဗျာယ် ကျီးငှက်များ သံသာကျူးရင့်ဗျာယ် ဟိနီခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာဖြစ်တေ
    စိမ်းလန်းစိုပြေပြီး သစ်ပင်၏ အခက်အလက် အရွက်တို့သည် ဝေဆာ အုပ်ဆိုင်းလျက် ကျေးငှက်များ သံသာကျူးရင့်လျက် ရှိနေခြင်းကြောင့် ဝမ်းနည်းဖွယ်သော အခြင်းအရာဖြစ်သည်
    feeling sorry about sense
    ကြိယာ

    ခြိုင့်

    [kʰɹa̰ɪɴ]
    ထမင်း၊ ဟင်းအစဟိရေ စားသောက်ဖွယ်ရို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင်ယူရရေ ဝန်
    ထမင်း၊ ဟင်းစသော စားသောက်ဖွယ်တို့ကို ထည့်ကာ လက်ဖြင့် ဆွဲကိုင်ယူရသော ပစ္စည်း
    pail-bucket
    နာမ်

    ခြိုင်း

    [kʰɹáɪɴ]
    ၁၊ (အပင်) ညီညာရစ်ဝိုင်း အုပ်ဆိုင်းဗျာယ် ဟိရေ။ ၂၊ တပင်နှင့် တပင် မနီးလွန်း မဝီးလွန်းသော
    ၁၊ (သစ်ပင်) ညီညာရစ်ဝိုင်း အုပ်ဆိုင်းလျက် ရှိသော။ ၂၊ တစ်ပင်နှင့် တစ်ပင် မနီးလွန်း မဝေးလွန်းသော
    perry
    နာမဝိသေသန