Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 1,812 words

    ခ

    ခြီကထောင်

    [kʰɹìktʰàʊɴ]
    ခြီထောက် တချောင်းတည်းနန့်။ ခြေတဖက်တည်းနန့်
    ခြေထောက် တစ်ချောင်းတည်းနှင့်။ ခြေတစ်ဖက်တည်းနှင့်
    be crushed
    ကြိယာဝိသေသန

    ခြီကန်လက်ကန်

    [kʰɹìkàɴlɛʔkàɴ]
    တခုတရီကို ခြေဖြင့် ပင်ဖြစ်ဖြစ်၊ လက်ဖြင့် ပင်ဖြစ်ဖြစ် ထောက်ကန် ထားရေ
    တစ်စုံတစ်ခုကို ခြေဖြင့် လည်းကောင်း၊ လက်ဖြင့် လည်းကောင်း ထောက်ကန် ထားသည်
    press and shove
    ကြိယာ

    ခြီကန်လန်လက်ကန်လန်

    [kʰɹìkàɴlàɴlɛʔkàɴlàɴ]
    ခြေ၊ လက် ကိုးရိုးကားရားဖြင့်
    ခြေ၊ လက် ကိုးရိုးကားရားဖြင့်
    awkwardly
    ကြိယာဝိသေသန

    ခြီကုပ်

    [kʰɹìkoʊʔ]
    ၁၊ ခိုင်မြဲစွာ နီရာယူရေ။ ၂၊ ချော်ဖို့လဲရယောင် ခြေဖြင့် ချိတ်ကုပ်ထားရေ
    ၁၊ ခိုင်မြဲစွာ နေရာယူသည်။ ၂၊ ချော်မလဲရအောင် ခြေဖြင့် ချိတ်ကုပ်ထားသည်
    grip
    ကြိယာ

    ခြီကောက်

    [kʰɹìkɔ́ɛʔ]
    ဒူးဆစ်ကွေး အထဲဘက်နီရာ
    ဒူးဆစ်ကွေး အတွင်းဘက်နေရာ
    Knee bent inward
    နာမ်

    ခြီကျ

    [kʰɹìt͡ɕ]
    ခါတိုင်းပိုင် ကောင်းစွာမလားနှိုင်၊ မဗြီးနှိုင်ဖြစ်တေ။ ခြီထောက်ကို ချီလားပနာ မရနှိုင်ဖြစ်တေ။ ကျွဲခြီကျပနာ၊ လယ်မထွန်နိုင် ဖြစ်တေ
    ခါတိုင်းကဲ့သို့ ကောင်းစွာမသွားနိုင်၊ မပြေးနိုင်ဖြစ်သည်။ ခြေထောက်ကို ချီသွား၍ မရနိုင်ဖြစ်သည်။ ကျွဲခြီကျ၍၊ လယ်မထွန်နိုင် ဖြစ်သည်
    cannot normal run
    ကြိယာ

    ခြီကျ၂

    [kʰɹìt͡ɕ၂]
    အမြဲတမ်းလားလာ (လေ့ကျက်) နိန်ပြီးကေဖြစ်ရေ အရာ။ ငါရို့လားလာနီကတ်လို့ ခြီကျနီဗျာလ်
    အမြဲတမ်းသွားလာ (လေ့ကျက်) နေပြီးဖြစ်သော အရာ။ ငါရို့သွားလာနီကတ်လို့ ခြီကျနီဗျာလ်
    used to
    နာမ်

    ခြီကျင်

    [kʰɹìt͡ɕɪ̀ɴ]
    ဂါရီ၊ ယာဉ်၊ ရထားအစဟိစွာရို့ကို အသုံးမပြုပဲ ခြေဖြင့် လားရေဖြစ်ပနာ။ ကုန်းကြောင်းခရီးဖြင့်။ ရဂုံမြိုင်အောက်၊ မောင်နန့်မေရို့၊ ခြီကျင်လှမ်းကေ၊ လမ်းတလျောက်မာ (ပန်း)
    လှည်း၊ ယာဉ်၊ ရထားစသည်တို့ကို အသုံးမပြုပဲ ခြေဖြင့် သွားသည်ဖြစ်၍။ ကုန်းလမ်းခရီးဖြင့်။ ရဂုံမြိုင်အောက်၊ မောင်နှင့်မေတို့၊ ခြီကျင်လှမ်းကေ၊ လမ်းတလျောက်မှာ (ပန်း)
    on foot
    ကြိယာဝိသေသန

    ခြီကျင်း

    [kʰɹìt͡ɕɪ́ɴ]
    ခြီမျက်စိ အထက်မာဝတ်ရရေ အဆင်တန်ဆာ
    ခြေမျက်စိ အထက်တွင်ဝတ်ရသော အဆင်တန်ဆာ
    foot chain
    နာမ်

    ခြီကျင်းခတ်

    [kʰɹìt͡ɕɪ́ɴkʰaʔ]
    အကျိုင်းထောင်သမား၏ ခြီမာ ခြေချင်းတပ်ပြီးကေ သော့ဖြင့် နှောင်ဖွဲ့ထားရေ
    အကျဉ်းထောင်သမား၏ ခြေတွင် ခြေချင်းတပ်၍ သော့ဖြင့် နှောင်ဖွဲ့ထားသည်
    imprisonment
    ကြိယာ

    ခြီကျင်းဝတ်

    [kʰɹìt͡ɕɪ́ɴwaʔ]
    (ခြီထောက်မာ) ခြီမျက်စိအထက်ဟိ အစိတ်အပိုင်းနီရာ
    (ခြေထောက်တွင်) ခြေမျက်စိအထက်ရှိ အစိတ်အပိုင်းနေရာ
    angle
    နာမ်

    ခြီကျင်းဝတ်၂

    [kʰɹìt͡ɕɪ́ɴwaʔ၂]
    ခြီမာ(ခြီကျင်း) တန်ဆာဆင်သည်
    ခြေတွင်(ခြေကျင်း) တန်ဆာဆင်သည်
    foot chain
    ကြိယာ

    ခြီကျဉ်

    [kʰɹìt͡ɕɪ̀ɴ]
    ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွိကို မသိပိုင် ဖြစ်တေ
    ခြေတဖျဉ်းဖျဉ်းဖြစ်ကာ အထိအတွေ့ကို မသိသကဲ့သို့ ဖြစ်သည်
    tingle-be numbed
    ကြိယာ

    ခြီကျဉ်း

    [kʰɹìt͡ɕɪ́ɴ]
    ဒူးဆစ်၏ အောက်ခြီမျက်စိ အထက်ဖြစ်ရေ အစိတ်အပိုင်း။ ခြေသလုံး
    ဒူးဆစ်၏ အောက်ခြေမျက်စိ အထက်ဖြစ်သော အစိတ်အပိုင်း။ ခြေသလုံး
    calf
    နာမ်

    ခြီကျဉ်း၂

    [kʰɹìt͡ɕɪ́ɴ၂]
    အကျိုင်းခံရရေ။ အချုပ်အနှောင် ခံရရေ။ ချုပ်နှောင်ထားရေ
    အကျဉ်းခံရသည်။ အချုပ်အနှောင် ခံရသည်။ ချုပ်နှောင်ထားသည်
    imprison
    ကြိယာ

    ခြီကျဉ်းခတ်

    [kʰɹìt͡ɕɪ́ɴkʰaʔ]
    ၁၊ ချုပ်နှောင်ထားရေ။ ၂၊ အကျိုင်းသမား၏ ခြီမာ ခြီကျင်းတပ်ပြီးကေ သော့ခတ်ပြီး နှောင်ဖွဲ့ထားရေ
    ၁၊ ချုပ်နှောင်ထားသည်။ ၂၊ အကျဉ်းသမား၏ ခြေတွင် ခြေကျင်းတပ်၍ သော့ခတ်ပြီး နှောင်ဖွဲ့ထားသည်
    imprison
    ကြိယာ

    ခြီကျလက်ကျ

    [kʰɹìt͡ɕlɛʔt͡ɕ]
    လာရောက် အခြီစိုက်ရေ။ စပြီးကေ ရောက်လှာသည်
    လာရောက် အခြေစိုက်သည်။ စ၍ ရောက်လာသည်
    settle down
    ကြိယာ

    ခြီကျလက်ပန်း

    [kʰɹìt͡ɕlɛʔpáɴ]
    အားခွန်လျော့ပနာ ခြေ၊ လက် အလွန်ညောင်းညာ နွမ်းနိန်ရေ။ မချီမချချင်၊ မသယ်ယူချင် ဖြစ်တေ
    အားခွန်လျော့၍ ခြေ၊ လက် အလွန်မောပန်း နွမ်းနေသည်။ မချီမချချင်၊ မသယ်ယူချင် ဖြစ်သည်
    tired
    ကြိယာ

    ခြီကျီး

    [kʰɹìt͡ɕï]
    ခြီထောက်တဖက်အား မသန်ပနာ နိမ့်တုံမြင့်တုံ လားရေ
    ခြေထောက်တစ်ဖက်အား မသန်၍ နိမ့်တုံမြင့်တုံ သွားသည်
    limp
    ကြိယာ

    ခြီကျီး၂

    [kʰɹìt͡ɕï၂]
    ခြီထောက်တဖက်ကို မြှင့်ပြီး နောက်ခြီထောက် တဖက်ဖြင့် ပျပျောက်ခုံ ခုန်၍ လားရေ
    ခြေထောက်တစ်ဘက်ကို မြှင့်ပြီး နောက်ခြေထောက် တစ်ဘက်ဖြင့် ခုန်ဆွခုန်ဆွ ခုန်၍ သွားသည်
    hop
    ကြိယာ