Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,361–1,380 of 1,812 words

    ခ

    ခြီကျောက်

    [kʰɹìt͡ɕɔ́ɛʔ]
    ၁၊ ပေါင်ရင်းမှ ခြီဖျားထိဖြစ်ရေ ကိုယ်အင်္ဂါ။ ၂၊ ဒူးဆစ်မှ ခြီဖျားအထိဖြစ်ရေ ကိုယ်အင်္ဂါ။ ခြီထောက်
    ၁၊ ပေါင်ရင်းမှ ခြေဖျားထိဖြစ်သော ကိုယ်အင်္ဂါ။ ၂၊ ဒူးဆစ်မှ ခြေဖျားအထိဖြစ်သော ကိုယ်အင်္ဂါ။ ခြေထောက်
    leg
    နာမ်

    ခြီကျောက်ကန်

    [kʰɹìt͡ɕɔ́ɛʔkàɴ]
    ၁၊ ခြေဖြင့် ပုတ်ခတ်ထိခိုက် တွန်းဖယ်ရေ။ ၂၊ တခုတရီဖြင့် တခုတရီကို ခုခံ ထောက်ပင့် ထားရေ
    ၁၊ ခြေဖြင့် ပုတ်ခတ်ထိခိုက် တွန်းဖယ်သည်။ ၂၊ တစ်စုံတစ်ရာဖြင့် တစ်စုံတစ်ရာကို ခုခံ ထောက်ပင့် ထားသည်
    kick
    ကြိယာ

    ခြီကျောက်ကန်၂

    [kʰɹìt͡ɕɔ́ɛʔkàɴ၂]
    တခုတရီဖြင့် တခုတရီကို ခုခံ ထောက်ပင့် ထားရေ အချောင်းတံ
    တစ်စုံတစ်ရာဖြင့် တစ်စုံတစ်ရာကို ခုခံ ထောက်ပင့် ထားသော အချောင်းတံ
    press and shove
    နာမ်

    ခြီကျောက်ရှည်

    [kʰɹìt͡ɕɔ́ɛʔʃɛ̀]
    ၁၊ ရှည်သော ခြီထောက် ဟိရေသူ။ ၂၊ ရှည်သော အရပ်မောင်းဟိရေသူ
    ၁၊ ရှည်သော ခြေထောက် ရှိသောသူ။ ၂၊ ရှည်သော အရပ်မောင်းရှိသောသူ
    long
    နာမ်

    ခြီကျောက်ရှည်၂

    [kʰɹìt͡ɕɔ́ɛʔʃɛ̀၂]
    ၁၊ ရှည်သော ခြီထောက် ဟိရေ။ ၂၊ ရှည်သော အရပ်မောင်းဟိရေ
    ၁၊ ရှည်သော ခြေထောက် ရှိသော။ ၂၊ ရှည်သော အရပ်မောင်းရှိသော
    long
    နာမဝိသေသန

    ခြီကျွ

    [kʰɹìt͡ɕw]
    ဖိတ်ခေါ်ရာသို့ လိုက်ပါလာရယင့်အတွက် ဓါတ်ဆရာ၊ ဒက်တင်အစဟိရေ သူရို့အား လူမမာရှင်မှ ပီးရရေ အခကြီးငွီ။ ငွီများမြောင်လေ၊ တထောင်ရက၊ ခြီကျွပီးငွီ (မျိုးက်)။ ၂၊ တခုတရီသော အမှုကို လုပ်ဆောင်ဖို့အတွက်၊ အိမ်သျှင်က ကြိုတင်ပီးထားရရေ အခကြီးငွီ။ ထောင်အသပြာလေ၊ ရတနာစပြီးကေ
    ဖိတ်ခေါ်ရာသို့ လိုက်ပါလာရသည့်အတွက် ဆေးဆရာ၊ ဆရာဝန်စသော သူတို့အား လူနာရှင်မှ ပေးရသည့် အခကြေးငွေ။ ငွေများမြောင်လေ၊ တစ်ထောင်ရက၊ ခြီကျွပီးငွေ (မျောက်)။ ၂၊ တစ်စုံတစ်ခုသော အမှုကို လုပ်ဆောင်ရန်အတွက်၊ အိမ်သျှင်က ကြိုတင်ပေးထားရသည့် အခကြေးငွေ။ ထောင်အသပြာလေ၊ ရတနာစ၍
    fee
    နာမ်

    ခြီကျွံလက်ကျွံ

    [kʰɹìt͡ɕwံlɛʔt͡ɕwံ]
    တပါးသော မမာ့အား လားလာ လွန်ကျူးမိရေ
    တစ်ပါးသော မိန်းမအား သွားလာ လွန်ကျူးမိသည်
    rape
    ကြိယာ

    ခြီခင်းလက်ငင်

    [kʰɹìkʰɪ́ɴlɛʔŋɪ̀ɴ]
    လားလာရာခရီး။ ခြေချရာ အရပ်ဒေသ
    သွားလာရာခရီး။ ခြေချရာ အရပ်ဒေသ
    settlement
    နာမ်

    ခြီခုံ

    [kʰɹìkʰòʊɴ]
    ခြေဖဝါး၏ အထက်ဘက် ခပ်ခုံးခုံး အရာ။ ခြေဖမို့
    ခြေဖဝါး၏ အထက်ဘက် ခပ်ခုံးခုံး အရာ။ ခြေဖမို့
    instep
    နာမ်

    ခြီခေါင်း

    [kʰɹìkʰèàɪ́ɴ]
    ပစမာထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရရေ ကိရိယာတမျိုး။ (ဝါးကိုဖြစ်စီ၊ ကြီးပြားကိုဖြစ်စီ၊ အလျား၆လက်မ၊ အနံ တလက်မလောက်ကို အလယ်ခင်ရိုးတဖက်ကို စပါးလုံးတထောက်လောက် ပိုင်းပစ်ရရေ။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားမာ ကြိုးချိုင်၍ ခင်ကို ပစမာ ထည့်ကာ၊
    ပါးစပ်တွင်ထည့်၍ ခင်ကြိုးကို ဆွဲလှုပ်မှုတ်ရသော ကိရိယာတစ်မျိုး။ (ဝါးကိုဖြစ်စေ၊ ကြေးပြားကိုဖြစ်စေ၊ အလျား၆လက်မ၊ အနံ တစ်လက်မခန့်ကို အလယ်ခင်ရိုးတစ်ဘက်ကို စပါးလုံးတစ်ထောက်လောက် ဖြတ်ပစ်ရသည်။ ခင်ထိပ်ခေါ် ခြီခေါင်းထိပ်ဖျားတွင် ကြိုးချည်၍ ခင်ကို ပါးစပ်မှာ ထည့်ကာ၊
    none
    နာမ်

    ခြီခေါင်းတက်

    [kʰɹìkʰèàɪ́ɴtɛʔ]
    ၁၊ ခြီခေါင်းဆိုရေ တူရိယာကို မှုတ်တတ်သူ။ ၂၊ လုပ်တတ်သူ။
    ၁၊ ခြီခေါင်းဟူသော တူရိယာကို မှုတ်တတ်သူ။ ၂၊ လုပ်တတ်သူ။
    ကြိ
    နာမ်

    ခြီခေါင်လက်ခေါင်

    [kʰɹìkʰèàɪ̀ɴlɛʔkʰèàɪ̀ɴ]
    အိပ်ရေအခါမျိုးမာ ခြေ၊ လက်တိကို တဖြုန်ဖြုန်းခါဗျာယ်
    အိပ်သည့်အခါမျိုးတွင် ခြေ၊ လက်များကို တဖြုန်ဖြုန်းခါလျက်
    practice for prepare sleep
    ကြိယာဝိသေသန

    ခြီခေါင်လက်ခေါင်၂

    [kʰɹìkʰèàɪ̀ɴlɛʔkʰèàɪ̀ɴ၂]
    ယင်းပိုင် လက်၊ ခြေကို ခါတတ်သူ။ (ယင်းပိုင်သော ယောက်ျား၊ မမာ့ရို့စွာ မကောင်းစွတည်း။
    ယင်းကဲ့သို့ လက်၊ ခြေကို ခါတတ်သူ။ (ယင်းသို့သော ယောက်ျား၊ မိန်းမတို့သည် မကောင်းစွတည်း။
    none
    နာမ်

    ခြီခါလက်ခါ

    [kʰɹìkʰàlɛʔkʰà]
    ၁၊ ကိုယ့် အလိုဆန္ဒမပြည့်ဝမှုကြောင့် မကြိုက်မှုကိုပြသော အမူအရာ။ ၂၊ တခုတရီကို လားဖို့ လွှတ်ရာမာ (မလားလိုကြောင်း) လန့်ဆန်သော အမူအရာ
    ၁၊ မိမိ အလိုဆန္ဒမပြည့်ဝမှုကြောင့် မနှစ်သက်မှုကိုပြသော အမူအရာ။ ၂၊ တစ်စုံတစ်ခုကို သွားရန် လွှတ်ရာ၌ (မသွားလိုကြောင်း) ငြင်းဆန်သော အမူအရာ
    negative sign
    နာမ်

    ခြီချင်း

    [kʰɹìɕɪ́ɴ]
    ခြီမျက်စိ အထက်မာ ဝတ်ရရေ အဆင်တန်ဆာ
    ခြေမျက်စိ အထက်တွင် ဝတ်ရသော အဆင်တန်ဆာ
    foot chain
    နာမ်

    ခြီချင်းခတ်

    [kʰɹìɕɪ́ɴkʰaʔ]
    အကျိုင်းထောင်သမား၏ ခြီမာ ခြေချင်းတပ်ပြီးကေ သော့ဖြင့် နှောင်ဖွဲ့ထားရေ။။ ချိုင်နှောင်တရပ်၊ ခြီချင်းခတ်၍ (ဗမာချီ)
    အကျဉ်းထောင်သမား၏ ခြေတွင် ခြေချင်းတပ်၍ သော့ဖြင့် နှောင်ဖွဲ့ထားသည်။။ ချည်နှောင်တစ်ရပ်၊ ခြီချင်းခတ်၍ (ဗမာချီ)
    iron fetters
    ကြိယာ

    ခြီချင်းထပ်

    [kʰɹìɕɪ́ɴtʰaʔ]
    လူထု ပရိတ်သတ်များတွက်နန့် ခြူနိန်ပါရေကာ။ ၂၊ ရှင်းလင်းခြင်းမဟိ။ ထွီးယှက် ရောပြွမ်းသည်
    လူထု ပရိတ်သတ်များ၍ ရှုပ်ထွေးသည်။ ၂၊ ရှင်းလင်းခြင်းမရှိ။ ထွေးယှက် ရောပြွမ်းသည်
    crowded
    ကြိယာ

    ခြီချင်းလိမ်

    [kʰɹìɕɪ́ɴlèɪɴ]
    ၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သူ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသူ
    ၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သူ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသူ
    cheat-swindler
    နာမ်

    ခြီချင်းလိမ်၂

    [kʰɹìɕɪ́ɴlèɪɴ၂]
    ၁၊ (ဥပစါ) လှည့်စား ညာဝါတတ်ရေ။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်တိစွာ
    ၁၊ (ဥပစါ) လှည့်စား ညာဝါတတ်သည်။ ၂၊ ဉာဏ်လိမ် ဉာဏ်ကောက်များသည်
    cheat-swindler
    ကြိယာ

    ခြီချီ

    [kʰɹìɕí]
    ဖိတ်ခေါ်ရာသို့ လိုက်ပါလာရယင့်အတွက် ဓါတ်ဆရာ၊ ဒက်တင်အစဟိရေ သူရို့အား လူမမာရှင်မှ ပီးရရေ အခကြီးငွီ
    ဖိတ်ခေါ်ရာသို့ လိုက်ပါလာရသည့်အတွက် ဆေးဆရာ၊ ဆရာဝန်စသော သူတို့အား လူနာရှင်မှ ပေးရသည့် အခကြေးငွေ
    fee
    နာမ်