Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 1,812 words

    ခ

    ခနီကြန်

    [kʰnít͡ɕàɴ]
    ဖျော့သော အရဲရောင်။ နီကြင်ကြင်
    ဖျော့သော အနီရောင်။ နီကြင်ကြင်
    reddish
    နာမ်

    ခနီကြန့်

    [kʰnít͡ɕa̰ɴ]
    ကြီးနီရောင် အဖျော့မျိုး။ နီကြန့်ကြန့်
    ကြေးနီရောင် အဖျော့မျိုး။ နီကြန့်ကြန့်
    reddish
    နာမ်

    ခနီးပါသျ

    [kʰnïpàθr]
    အပါးသျှေ။ နီးကပ်သော အရပ်ဌာန
    အနီးကလေး။ နီးကပ်သော အရပ်ဌာန
    vicinity
    နာမ်

    ခနုတ်

    [kʰnoʊʔ]
    ခလုတ်။ ခြေနန့်တိုက်မိလျှင် ထိငြိတတ်ရေအငုတ်။ ဆူငြှောင့်
    ခလုတ်။ ခြေနှင့်တိုက်မိလျှင် ထိငြိတတ်သောအငုတ်။ ဆူငြှောင့်
    obstacle
    နာမ်

    ခနူးခနပ်

    [kʰnùးkʰnaʔ]
    စိတ်မငြိမ်ပဲ ပျက်ချိပျက်ချော် ပြောဆိုပြုမူဗျာယ်၊ ရူးကြောင်ကြောင်။ စိကေချေစိတ်မနှံပဲ။ ရူးနှမ်းနှမ်း။ အထာနပ်လိမ္မာမှု ဟိရေမဟုတ်ဘဲ
    စိတ်မငြိမ်ပဲ ပေါ့ပေါ့တန်တန် ပြောဆိုပြုမူလျက်၊ ရူးကြောင်ကြောင်။ အနည်းငယ်စိတ်မနှံပဲ။ ရူးနှမ်းနှမ်း။ ပါးနပ်လိမ္မာမှု ရှိသည်မဟုတ်ပဲ
    mentally ill
    ကြိယာဝိသေသန

    ခနောင့်

    [kʰnɔ́ɪ̰ɴ]
    ပစ၊ နှုတ်အာ၊ ခံမား
    ပါးစပ်၊ နှုတ်အာ၊ ခံတွင်း
    mouth
    နာမ်

    ခနောင်း

    [kʰnáʊɴ]
    မြစ်၊ ချောင်း အစဟိစွာရို့မာ တနီရာတည်း၌ ရစ်လည်နိန်ရေ ရေအစု
    မြစ်၊ ချောင်း စသည်တို့တွင် တစ်နေရာတည်း၌ ရစ်လည်နေသော ရေအစု
    eddy
    နာမ်

    ခနောင်းခနဲ့

    [kʰnáʊɴkʰné]
    မခံချိမခံသာ ဖြစ်ယောင် နောက်ပြောင် ကြီစပ်ဗျာယ်
    မခံချိမခံသာ ဖြစ်အောင် နောက်ပြောင် ကျီစယ်လျက်
    tease affectionately
    ကြိယာဝိသေသန

    ခနဲ့

    [kʰné]
    ကဲ့၏ရေ။ ပြောင်လောင်းာင်သည်
    ကဲ့ရဲ့သည်။ ပြောင်လှောင်သည်
    censure
    ကြိယာ

    ခနဲ့ခနိုး

    [kʰnékʰnó]
    မခံချိမခံသာ ဖြစ်ယောင်နောက်ပြောင်ကြီစပ်ဗျာယ်
    မခံချိမခံသာ ဖြစ်အောင်နောက်ပြောင်ကျီစယ်လျက်
    tease affectionately
    ကြိယာဝိသေသန

    ခနဲ့ခနဲ့

    [kʰnékʰné]
    မခံချိမခံသာ ဖြစ်ယောင် နောက်ပြောင် ကျီစားသောအနိန်နန့်
    မခံချိမခံသာ ဖြစ်အောင် နောက်ပြောင် ကျီစားသော အားဖြင့်
    tease affectionately
    ကြိယာဝိသေသန

    ခနဲ့တေ့တေ့

    [kʰnétḛtḛ]
    မြှောက်ပင့် ထိုးချိတ်၍ ပြောရေ။ မခံသာယောင် စောင်းကားရိပ်ကာပြောဆိုရေ
    မြှောက်ပင့် ထိုးချိတ်၍ ပြောသည်။ မခံသာအောင် စောင်းကားရိပ်ကာပြောဆိုသည်
    harp said drain
    ကြိယာ

    ခန္တါ

    [kʰn̪a̰n̪t̪a̰à]
    သည်းခံခြင်း။ တူးဆွရေ။ (ပါ
    သည်းခံခြင်း။ တူးဆွသည်။ (ပါ
    tolerate-bear patiently-forebear
    နာမ်

    ခန္တှီ

    [kʰn̪a̰n̪t̪a̰hí]
    သည်းခံခြင်း။ (ပါ
    သည်းခံခြင်း။ (ပါ
    tolerate-bear patiently-forebear
    နာမ်

    ခန္ဓာ

    [kʰn̪a̰n̪d̪ʰa̰à]
    သတ္တဝါရို့၏ ရုပ်နာမ်အစု
    သတ္တဝါတို့၏ ရုပ်နာမ်အစု
    body
    နာမ်

    ခန္ဓာကိုယ်

    [kʰn̪a̰n̪d̪ʰa̰àkÒɛ̀]
    သတ္တဝါရို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း
    သတ္တဝါတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း
    body parts
    နာမ်

    ခန္ဓာကြွီ(ကြွေ)

    [kʰn̪a̰n̪d̪ʰa̰àt͡ɕwí(t͡ɕwè)]
    သီရေ
    သေသည်
    die
    ကြိယာ

    ခန္ဓာချ

    [kʰn̪a̰n̪d̪ʰa̰àɕ]
    သီရေ
    သေသည်
    die
    ကြိယာ

    ခန္ဓာဇတ်သိမ်း

    [kʰn̪a̰n̪d̪ʰa̰àzaʔθéɪɴ]
    သီဆုံးရေ။ ခန္ဓာပျက်ဆီး ဆုံးယှုံးရေ
    သေဆုံးသည်။ ခန္ဓာပျက်ဆီး ဆုံးရှုံးသည်
    die
    ကြိယာ

    ခန္ဓာပြောင်း

    [kʰn̪a̰n̪d̪ʰa̰àpɹáʊɴ]
    ပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ ပြောင်းရေ။ သီရေ
    ပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ ပြောင်းသည်။ သေသည်
    die
    ကြိယာ