Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 1,812 words

    ခ

    ခြီစုံ

    [kʰɹìsòʊɴ]
    ခြေနှစ်ဘက်စလုံးကို အစုံချဗျာယ်
    ခြေနှစ်ဘက်စလုံးကို အစုံချလျက်
    stand
    ကြိယာဝိသေသန

    ခြီစုံကန်

    [kʰɹìsòʊɴkàɴ]
    ခြေနှစ်ဘက်အစုံဖြင့် ပုတ်ခတ်ထိခိုက် တွန်းဖယ်သည်
    ခြေနှစ်ဘက်အစုံဖြင့် ပုတ်ခတ်ထိခိုက် တွန်းဖယ်သည်
    abseil
    ကြိယာ

    ခြီစုံလက်စုံ

    [kʰɹìsòʊɴlɛʔsòʊɴ]
    ကိုယ်အင်္ဂါချို့တဲ့မှု မဟိရေ
    ကိုယ်အင်္ဂါချို့တဲ့မှု မရှိသော
    lack of body
    နာမဝိသေသန

    ခြီစွပ်

    [kʰɹìswaʔ]
    ဖိနပ်(ခြေနင်း) အထဲက ခြေကိုထားပနာ စွပ်ဝတ်ရရေ အဝတ်အိတ်။ မှော်ဇာ
    ဖိနပ်(ခြေနင်း) အတွင်းက ခြေကိုထား၍ စွပ်ဝတ်ရသော အဝတ်အိတ်။ ခြေအိတ်
    stock
    နာမ်

    ခြီစွမ်းခြီစ

    [kʰɹìsʊ̀ɴkʰɹìs]
    အစွမ်းအစ။ အရည်အခြင်း
    အစွမ်းအစ။ အရည်အချင်း
    ability
    နာမ်

    ခြီစွယ်

    [kʰɹìswɛ̀]
    ခြီသည်း၏ ဖီးဖက်မှ ထွက်လှာသော အစ
    ခြေသည်း၏ ဘေးဘက်မှ ထွက်လာသော အစ
    nail
    နာမ်

    ခြီစွယ်ငုတ်

    [kʰɹìswɛ̀ŋoʊʔ]
    ခြီသည်း၏ ဖီးဖက်အရင်းမှ အစွယ်ပိုင် ထွက်လှာသော အငုတ်စ။ (ယင်း ခြီစွယ်အငုတ်စ ခြီသည်းကြားထဲ ငုပ်လျှိုး ဝင်သွားရင် အနာဖြစ်တတ်ရေ။
    ခြေသည်း၏ ဘေးဘက်အရင်းမှ အစွယ်သဖွယ် ထွက်လာသော အငုတ်စ။ (ယင်း ခြီစွယ်အငုတ်စ ခြေသည်းကြားထဲ ငုပ်လျှိုး ဝင်သွားလျှင် အနာဖြစ်တတ်သည်။
    ingrowing
    နာမ်

    ခြီဆင့်

    [kʰɹìsʰɪ̰ɴ]
    ထိုင်ပနာ ခြီထောက်ရို့ကို တခုပေါ်တခု တင်ထားရေ
    ထိုင်၍ ခြေထောက်တို့ကို တစ်ခုပေါ်တစ်ခု တင်ထားသည်
    sitting on the hook
    ကြိယာ

    ခြီဆစ်လက်ဆစ်သီ

    [kʰɹìsʰɪʔlɛʔsʰɪʔθí]
    ကိုယ်ခန္ဓာ အစိတ်အပိုင်းရို့မာ ခွန်အားဗလ နည်းပါး ယုတ်လျော့ဗျာယ်။ အရုပ်ကြိုးပြတ်ဗျာယ်။ အလွန် ညောင်းညာနွမ်းဗျာယ်
    ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့တွင် ခွန်အားဗလ နည်းပါး ယုတ်လျော့လျက်။ အရုပ်ကြိုးပြတ်လျက်။ အလွန် မောပန်းနွမ်းလျက်
    tired
    ကြိယာဝိသေသန

    ခြီဆန့်လက်ဆန့်

    [kʰɹìsʰa̰ɴlɛʔsʰa̰ɴ]
    ၁၊ အညောင်းအဖျား ပြေစီရန်။ အညောင်းပြေ အဖျားပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လှဲဗျာယ်။ (ဥပစါ) အအီးသသာစွာ
    ၁၊ အညောင်းအညာ ပြေစေရန်။ အညောင်းပြေ အညာပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လဲလျောင်းလျက်။ (ဥပစါ) အေးဆေးစွာ
    lying
    ကြိယာဝိသေသန

    ခြီဆန့်လက်ဆန့်၂

    [kʰɹìsʰa̰ɴlɛʔsʰa̰ɴ၂]
    လားလာ လှုပ်ရှားပီးရေ
    သွားလာ လှုပ်ရှားပေးသည်
    move
    ကြိယာ

    ခြီဆုံးနပန်း

    [kʰɹìsʰóʊɴnpáɴ]
    ကိုယ်ခန္ဓာ တခုလုံးအားဖြင့်။ တကိုယ်အားဖြင့်
    ကိုယ်ခန္ဓာ တစ်ခုလုံးအားဖြင့်။ တစ်ကိုယ်အားဖြင့်
    body
    ကြိယာဝိသေသန

    ခြီဆုပ်လက်နယ်

    [kʰɹìsʰoʊʔlɛʔnɛ̀]
    ခြေလက်ရို့ကို ဆုပ်နယ်ဗျာယ်။ ကြင်နာမြတ်နိုးစွာ စောင့်ယှောက် ပြုစုဗျာယ်
    ခြေလက်တို့ကို ဆုပ်နယ်လျက်။ ကြင်နာမြတ်နိုးစွာ စောင့်ရှောက် ပြုစုလျက်
    massage
    ကြိယာဝိသေသန

    ခြီဆုပ်လက်နယ်၂

    [kʰɹìsʰoʊʔlɛʔnɛ̀၂]
    အလွန် အကျွမ်းဝင်သောအနိန်နန့်
    အလွန် အကျွမ်းဝင်သော အားဖြင့်
    be on intimate terms with
    ကြိယာဝိသေသန

    ခြီဆွ့လက်ဆွ့

    [kʰɹìsʰw့lɛʔsʰw့]
    ၁၊ လက်ခြေ အငြိမ်မနေ လှုပ်ရှားရေ။ ဣန္ဒြေမရယောင် သဲရေ။ ကစပ်တေ။ ၂၊ လူများဝန်ကို အလွယ်ချေ ခိုးယူရေ
    ၁၊ လက်ခြေ အငြိမ်မနေ လှုပ်ရှားသည်။ ဣန္ဒြေမရအောင် ဆော့သည်။ ကစားသည်။ ၂၊ သူတစ်ပါးပစ္စည်းကို အလွယ်တကူ ခိုးယူသည်
    steal
    ကြိယာ

    ခြီဆွံ့လက်ဆွံ့

    [kʰɹìsʰwံ့lɛʔsʰwံ့]
    ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်တေ
    ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်သည်
    cripple
    ကြိယာဝိသေသန

    ခြီဆွ့လက်ဆွ့၂

    [kʰɹìsʰw့lɛʔsʰw့၂]
    သွက်လက် ဖြတ်လတ်စွာ။ ကကောင်းလျင် လားလာ လှုပ်ယှားဗျာယ်
    သွက်လက် ဖျတ်လတ်စွာ။ လျင်မြန် သွားလာ လှုပ်ရှားလျက်
    quick
    ကြိယာဝိသေသန

    ခြီညောင်းလက်ဆန့်

    [kʰɹìɲáʊɴlɛʔsʰa̰ɴ]
    ၁၊ အညောင်းအဖျား ပြေစီရန်။ အညောင်းပြေ အဖျားပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လှဲဗျာယ်။ (ဥပစါ) အအီးသသာစွာ။ ဗိုလ်ပါပေါင်းနန့်၊ ခြီညောင်းလက်ဆန့်၊ လည်ပတ်အံ့ငှာ၊ တပည့်တော်လျင်၊ ရောက်ပါလီရေ (ပဒုမ္မ)
    ၁၊ အညောင်းအညာ ပြေစေရန်။ အညောင်းပြေ အညာပြေ။ ၂၊ ခြေလက်ဆန့်တန်းပြီး လဲလျောင်းလျက်။ (ဥပစါ) အေးဆေးစွာ။ ဗိုလ်ပါပေါင်းနှင့်၊ ခြီညောင်းလက်ဆန့်၊ လည်ပတ်အံ့ငှာ၊ တပည့်တော်လျင်၊ ရောက်ပါတော့သည် (ပဒုမ္မ)
    in order to ease stiffness
    ကြိယာဝိသေသန

    ခြီညှိုး

    [kʰɹìɲ̯ó]
    ခြေနန့် တတက်ကပ်ဆုံးသော ခြီချောင်း
    ခြေနှင့် အနီးကပ်ဆုံးသော ခြေချောင်း
    second toe
    နာမ်

    ခြီတင်ဂေါင်းအုံး

    [kʰɹìtɪ̀ɴɡèàɪ́ɴʔóʊɴ]
    လူတိ၏ အသုံးပြုခြင်းကို ခံရရေ သက်ဟိသက်မဲ့
    သူတစ်ပါး၏ အသုံးပြုခြင်းကို ခံရသော သက်ရှိသက်မဲ့
    victim
    နာမ်