Dictionary Entries
Showing 1,441–1,460 of 1,812 words
ခ
ခြီနင်း
[kʰɹìnɪ́ɴ]
Arakanese:
၁၊ ဖိနပ်ဟူသမျှကို ခြုံ၍ခေါ်သော စကား။ ၂၊ ရက်ကန်းနှပ်တံနန့် ဆက်တွဲထားရေ အရာ။ ၃၊ (ဥပစါ) လူတိ၏ အသုံးတော်ခံ။ ၄၊ အလွန် နိမ့်ကျသော ဘဝ
Burmese:
၁၊ ဖိနပ်ဟူသမျှကို ခြုံ၍ခေါ်သော စကား။ ၂၊ ယက်ကန်းနှပ်တံနှင့် ဆက်တွဲထားသော အရာ။ ၃၊ (ဥပစါ) သူတစ်ပါး၏ အသုံးတော်ခံ။ ၄၊ အလွန် နိမ့်ကျသော ဘဝ
English:
foot wear
Grammar Note:
နာမ်
ခြီနင်းစက်ဘီး
[kʰɹìnɪ́ɴsɛʔbʱï]
Arakanese:
ဘီးနှစ်ခု တပ်ထားရေ ခြေနင်းယာဉ်။ စက်သီး
Burmese:
ဘီးနှစ်ခု တပ်ထားသော ခြေနင်းယာဉ်။ စက်ဘီး
English:
bicycle
Grammar Note:
နာမ်
ခြီနင်းဖတ်စာ
[kʰɹìnɪ́ɴpʰaʔsà]
Arakanese:
သူတိတိုင်း နင်းလားလာရာ ခြေဖဝါးအောက်ဟိ အရာဝတ္တု။ (ဥပစါ) အလွန် နိမ့်ကျရေ၏ အဖြစ်
Burmese:
သူများတကာ နင်းသွားလာရာ ခြေဖဝါးအောက်ရှိ အရာဝတ္တု။ (ဥပစါ) အလွန် နိမ့်ကျသည်၏ အဖြစ်
English:
foot wear
Grammar Note:
နာမ်
ခြီနိုင်လက်နိုင်
[kʰɹìnàɪɴlɛʔnàɪɴ]
Arakanese:
ကိုယ့် ခွန်အားဗလနန့် လုပ်နိုင်ကိုင်နှိုင်ရေ အင်အားအစွမ်းသတ္တိ။ ပြုလုပ် ဆောင်ရွက်နိုင်သမျှ
Burmese:
မိမိ ခွန်အားဗလနှင့် လုပ်နိုင်ကိုင်နိုင်သော အင်အားအစွမ်းသတ္တိ။ ပြုလုပ် ဆောင်ရွက်နိုင်သမျှ
English:
capability
Grammar Note:
ကြိယာဝိသေသန
ခြီနှာရောင်
[kʰɹìn̥àɹàʊɴ]
Arakanese:
ခြေသလုံးအပြင်ဘက်ဟိ အရိုး
Burmese:
ခြေသလုံးအပြင်ဘက်ရှိ အရိုး
English:
calf (of the leg)
Grammar Note:
နာမ်
ခြီပစ်လက်ပစ်
[kʰɹìpɪʔlɛʔpɪʔ]
Arakanese:
ခြေလက်အင်္ဂါရို့ကို မသယ်နိုင်၊ မမနိုင်ဖြစ်ရွီတွက်နန့်
Burmese:
ခြေလက်အင်္ဂါတို့ကို မသယ်နိုင်၊ မမနိုင်ဖြစ်သောအားဖြင့်
English:
clap-fagged-frazzled
Grammar Note:
ကြိယာဝိသေသန
ခြီပစ်လက်ပစ်၂
[kʰɹìpɪʔlɛʔpɪʔ၂]
Arakanese:
ခြေလက်အင်္ဂါရို့ကို အားရပါးရ ဆန့်တန်းဗျာယ် လှဲသည်
Burmese:
ခြေလက်အင်္ဂါတို့ကို အားပါးတရ ဆန့်တန်းလျက် လဲလျောင်းသည်
English:
sprawl
Grammar Note:
ကြိယာ
ခြီပစ်လက်ပစ်ကျ
[kʰɹìpɪʔlɛʔpɪʔt͡ɕ]
Arakanese:
လက်ခြေရို့မာ အားခွန်ဗလ ယုတ်လျော့ရေ။ အလွန် ပန်းရိ နွမ်းရိသည်
Burmese:
လက်ခြေတို့တွင် အားခွန်ဗလ ယုတ်လျော့သည်။ အလွန် ပန်းရိ နွမ်းနယ်သည်
English:
clap-fagged-frazzled
Grammar Note:
ကြိယာ
ခြီပုန်း
[kʰɹìpóʊɴ]
Arakanese:
၁၊ လူမသိယောင် နောက်က တတိန်းချေ လိုက်ရေ။ ၂၊ သူတိလုပ်ရေကို အတုယူလုပ်ရေ
Burmese:
၁၊ လူမသိအောင် နောက်က တိတ်တဆိတ် လိုက်သည်။ ၂၊ သူများလုပ်သည်ကို အတုယူလုပ်သည်
English:
emulate
Grammar Note:
ကြိယာ
ခြီပုန်းတိုက်
[kʰɹìpóʊɴtaɪʔ]
Arakanese:
တတိန်းချေ ပုန်းဝှက် မကောင်းကြံသည်
Burmese:
တိတ်တိတ်ပုန်း မကောင်းကြံသည်
English:
plot against
Grammar Note:
ကြိယာ
ခြီပူး
[kʰɹìpùး]
Arakanese:
ခြီချောင်း ငါးချောင်းထက် အပိုထွက်လှာသော ခြီချောင်း
Burmese:
ခြေချောင်း ငါးချောင်းထက် အပိုထွက်လာသော ခြေချောင်း
English:
extra toe
Grammar Note:
နာမ်
ခြီပေါက်
[kʰɹìpaʊʔ]
Arakanese:
ထိုထိုဒေဒေ ကိုယ်လက်လှုပ်ရှား လားလာနှိုင်ရေ အရွယ်
Burmese:
ထိုထိုဤဤ ကိုယ်လက်လှုပ်ရှား သွားလာနိုင်သော အရွယ်
English:
none
Grammar Note:
နာမ်
ခြီပေါက်၂
[kʰɹìpaʊʔ၂]
Arakanese:
ထိုထိုဒေဒေ ကိုယ်လက်လှုပ်ရှား လားလာနှိုင်ရေ
Burmese:
ထိုထိုဤဤ ကိုယ်လက်လှုပ်ရှား သွားလာနိုင်သည်
English:
none
Grammar Note:
ကြိယာ
ခြီပေါက်၃
[kʰɹìpaʊʔ၃]
Arakanese:
ခရီးလားရဖန်များသနန့် ခြေဖဝါးမာ အဖုအသီးဖြစ်ရေ အနာအဆာ။
Burmese:
ခရီးသွားရဖန်များသဖြင့် ခြေဖဝါးတွင် အဖုအပိမ့်ဖြစ်သော အနာအဆာ။
English:
ကြိ
Grammar Note:
နာမ်
ခြီပေါက်လက်ပေါက်
[kʰɹìpaʊʔlɛʔpaʊʔ]
Arakanese:
ကိုယ့်ဘဝကို ကိုယ့်ရပ်တည် ထူထောင်နိုင်စွမ်း သတ္တိကောင်းရေ အဖြစ်သို့ ရောက်ဟိရေ။ လူလားမြောက်ရေ အဖြစ်သို့ရောက် ဟိရေ
Burmese:
မိမိဘဝကို မိမိကိုယ်တိုင်ရပ်တည် ထူထောင်နိုင်စွမ်း သတ္တိရှိသည့် အဖြစ်သို့ ရောက်ရှိသည်။ လူလားမြောက်သည့် အဖြစ်သို့ရောက် ရှိသည်
English:
come of age
Grammar Note:
ကြိယာ
ခြီပျက်လိုက်
[kʰɹìprɛʔlaɪʔ]
Arakanese:
မိုးကာလ ထွန်ချးသားရို့၏ ခြီမာ ရေနူးဖန်များတွက်နန့် ခြီချောင်းအကြားမာ ဖြစ်တတ်ရေ အနာ
Burmese:
မိုးကာလ လယ်ထွန်းသားတို့၏ ခြေတွင် ရေနူးဖန်များ၍ ခြေချောင်းအကြားတွင် ဖြစ်တတ်သော အနာ
English:
be inflicted with scabies at leg
Grammar Note:
နာမ်
ခြီပြင်းတိုက်
[kʰɹìpɹɪ́ɴtaɪʔ]
Arakanese:
အပြင်းဆုံးလားရေ။ ဇကုန်လားရေ။ ပြာသိပြာယာ၊ အမြမြန်ဆဆန်လားရေ။ ပုဏ္ဏားအိုမာ၊ ထိုအဂုပင်၊ ခြီပြင်းတိုက်လို့၊ ဆိုက်ရောက်ကိုယ့်အိမ် (ဥဒိန်သာ)
Burmese:
အမြန်ဆုံးသွားသည်။ အစွမ်းကုန်သွားသည်။ ကပျာကယာ၊ အဆောတလျင်သွားသည်။ ပုဏ္ဏားအိုမှာ၊ ထိုချက်ချင်းပင်၊ ခြီပြင်းတိုက်လို့၊ ဆိုက်ရောက်ကိုယ့်အိမ် (ဥဒိန်သာ)
English:
hie
Grammar Note:
ကြိယာ
ခြီဖနောင့်
[kʰɹìpʰnɔ́ɪ̰ɴ]
Arakanese:
ခြီဖျား၏ နောက်ပိုင်းအစွန်း
Burmese:
ခြေဖျား၏ နောက်ပိုင်းအစွန်း
English:
heel
Grammar Note:
နာမ်
ခြီဖဝါး
[kʰɹìpʰwàး]
Arakanese:
ခြီဖျားနန့် ဖနောင့်အကြားဟိ အလယ်ပိုင်း အောက်ဘက်
Burmese:
ခြေဖျားနှင့် ဖနောင့်အကြားရှိ အလယ်ပိုင်း အောက်ဘက်
English:
sole
Grammar Note:
နာမ်
ခြီဖျား
[kʰɹìpʰrá]
Arakanese:
ခြီချောင်းများဟိရာ အပိုင်း။ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမှ၊ မထိခပဲ (မိုး)
Burmese:
ခြေချောင်းများရှိရာ အပိုင်း။ ဇောင်ပင်ရာလား၊ တချက်လွှားကေ၊ ခြီဖျားယေမှ၊ မထိခပဲ (မိုး)
English:
feet
Grammar Note:
နာမ်