Dictionary Entries
Showing 1,461–1,480 of 1,812 words
ခ
ခြီဖျားထောက်
[kʰɹìpʰrátʰɔ́ɛʔ]
Arakanese:
၁၊ ခြီချောင်းပိုင်း ဘက်ဖြင့် ထောက်၍ တန့်ရေ။ ၂၊ (ဥပစာ) စိတ်နိန်မြင့်ရေ။ ကိုယ့်ကိုယ်ကို အထင်ကြီးရေ။ စိတ်နီမြင့်ရေ။ စိတ်နိန်မြင့်ရေ။ မောက်မာသည်
Burmese:
၁၊ ခြေချောင်းပိုင်း ဘက်ဖြင့် ထောက်၍ ရပ်သည်။ ၂၊ (ဥပစာ) ဘဝင်မြင့်သည်။ မိမိကိုယ်ကို အထင်ကြီးသည်။ စိတ်နေမြင့်သည်။ စိတ်ကြီးဝင်သည်။ မောက်မာသည်
English:
on tiptoe-haughty
Grammar Note:
ကြိယာ
ခြီဖျားသိန်
[kʰɹìpʰráθèɪɴ]
Arakanese:
အဝတ်ကို ခြီဖျားထိတောင် ဝတ်ဆင်ရေ။ လက်ချိတ်ထပိန်၊ ခြီဖျားသိန် (တေး)
Burmese:
အဝတ်ကို ခြေဖျားထိအောင် ဝတ်ဆင်သည်။ လက်ချိတ်ထပိန်၊ ခြီဖျားသိန် (တေး)
English:
ravine-gully
Grammar Note:
ကြိယာဝိသေသန
ခြီမ
[kʰɹìm]
Arakanese:
ခြီချောင်း ငါးချောင်းမာ အကြီးဆုံးသော ခြီချောင်း
Burmese:
ခြေချောင်း ငါးချောင်းတွင် အကြီးဆုံးသော ခြေချောင်း
English:
big toe
Grammar Note:
နာမ်
ခြီမကိုင်တတ်လက်မကိုင်တတ်
[kʰɹìmkàɪɴtaʔlɛʔmkàɪɴtaʔ]
Arakanese:
၁၊ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်ဗျာယ်။ ၂၊ စိတ်တုန်တုန် ရီရီချောက်ချားသောအနိန်နန့်။ ကမန်းကတန်း။ သုတ်သုတ်ပျာပျာ
Burmese:
၁၊ ဟိုယောင်ယောင် သည်ယောင်ယောင် ဖြစ်လျက်။ ၂၊ စိတ်တုန်တုန် ရီရီချောက်ချားသော အားဖြင့်။ အလျင်စလို။ သုတ်သုတ်ပျာပျာ
English:
hurriedly
Grammar Note:
ကြိယာဝိသေသန
ခြီမကြိုး
[kʰɹìmt͡ɕó]
Arakanese:
လူသီအလောင်း၏ ခြီမနှစ်ချောင်းကို ပူးတွဲပြီးကေ လံထားရေ ကြိုး
Burmese:
လူသေအလောင်း၏ ခြေမနှစ်ချောင်းကို ပူးတွဲ၍ ချည်ထားသော ကြိုး
English:
cable
Grammar Note:
နာမ်
ခြီမဆီးပုစွန်
[kʰɹìmsʰïpoʊsʊ̀ɴ]
Arakanese:
လက်မနှစ်ချောင်းမာ ရီညှိများ ပေကပ်ပြီးကေ ဟိနိန်ရေ ပုစွန်တုပ်နန့် ဆင်တူရေ ပုစွန်တမျိုး
Burmese:
လက်မနှစ်ချောင်းတွင် ရေညှိများ ပေကပ်လျက် ရှိနေသော ပုစွန်တုပ်နှင့် ဆင်တူသော ပုစွန်တစ်မျိုး
English:
prawn
Grammar Note:
နာမ်
ခြီမနိုင်လက်မနိုင်
[kʰɹìmnàɪɴlɛʔmnàɪɴ]
Arakanese:
၁၊ စိတ်တုန်လှုပ် ချောက်ချား၍ ဣန္ဒြေပျက်ပြားဗျာယ်။ ၂၊ သွက်လက် ဖြတ်လတ်စွာ။ ပျာပျာလဲ။ (မဟိရွီတွက်နန့်)
Burmese:
၁၊ စိတ်တုန်လှုပ် ချောက်ချား၍ ဣန္ဒြေပျက်ပြားလျက်။ ၂၊ သွက်လက် ဖျတ်လတ်စွာ။ ပျာပျာသလဲ။ (မရှိသောအားဖြင့်)
English:
be quick
Grammar Note:
ကြိယာဝိသေသန
ခြီမဦးတည်ရာ
[kʰɹìmʔútɛ̀ɹà]
Arakanese:
ရောက်မိရောက်ရာ။ ကြုံရာ။ ရည်ရွယ်ချက်မဟိဘဲ လားလာ လည်ပတ်ဗျာယ်
Burmese:
ရောက်မိရောက်ရာ။ ကြုံရာ။ ရည်ရွယ်ချက်မရှိပဲ သွားလာ လည်ပတ်လျက်
English:
activity without aim or purpose
Grammar Note:
ကြိယာဝိသေသန
ခြီမျက်စိ
[kʰɹìmrɛʔsì]
Arakanese:
ခြေချင်းဝတ် ဖီးတဖက် တချက်မာဟိရေ အဖုနှစ်ခု
Burmese:
ခြေချင်းဝတ် ဘေးတစ်ဘက် တစ်ချက်တွင်ရှိသော အဖုနှစ်ခု
English:
malleolus
Grammar Note:
နာမ်
ခြီမျက်ဆစ်
[kʰɹìmrɛʔsʰɪʔ]
Arakanese:
ခြီမျက်စိအောက် အဆစ်
Burmese:
ခြေမျက်စိအောက် အဆစ်
English:
malleolus
Grammar Note:
နာမ်
ခြီမျက်ဖု
[kʰɹìmrɛʔpʰoʊ]
Arakanese:
ခြေချင်းဝတ် ဖီးတဖက် တချက်မာဟိရေ အဖုနှစ်ခု
Burmese:
ခြေချင်းဝတ် ဘေးတစ်ဘက် တစ်ချက်တွင်ရှိသော အဖုနှစ်ခု
English:
malleolus
Grammar Note:
နာမ်
ခြီမြန်
[kʰɹìmɹàɴ]
Arakanese:
ပိုင်မြန်သော မင်းစေအမှုထမ်း။ ခြီမြန်။ ၂၊ ခြေသည်သူရဲ
Burmese:
အသွားမြန်သော မင်းစေအမှုထမ်း။ ခြေမြန်။ ၂၊ ခြေသည်သူရဲ
English:
royal messenger
Grammar Note:
နာမ်
ခြီမြန်တပ်
[kʰɹìmɹàɴtaʔ]
Arakanese:
ရန်သူတိဟိရာသို့ အယင့်အယင်လားပနာ တိုက်ခိုက်ရရေ ခြီကျင်တပ်
Burmese:
ရန်သူများရှိရာသို့ အလျင်အမြန်သွား၍ တိုက်ခိုက်ရသော ခြေလျင်တပ်
English:
light infantry unit
Grammar Note:
နာမ်
ခြီမြန်လက်မြန်
[kʰɹìmɹàɴlɛʔmɹàɴ]
Arakanese:
ပေါ့ပါး ကကောင်းလျင်သော။ သွက်လက် ဖြတ်လတ်သော
Burmese:
ပေါ့ပါး လျင်မြန်သော။ သွက်လက် ဖျတ်လတ်သော
English:
quick to act
Grammar Note:
နာမဝိသေသန
ခြီမွ
[kʰɹìmw]
Arakanese:
အမှုန့်မှုန့် အညက်ညက် ဖြစ်ယောင်လုပ်ရေ
Burmese:
အမှုန့်မှုန့် အညက်ညက် ဖြစ်အောင်လုပ်သည်
English:
crumple
Grammar Note:
ကြိယာ
ခြီမွီးရောင်
[kʰɹìmwïɹàʊɴ]
Arakanese:
ခြေသလုံး အပြင်ဘက်ဟိ အရိုး
Burmese:
ခြေသလုံး အပြင်ဘက်ရှိ အရိုး
English:
calf (of the leg)
Grammar Note:
နာမ်
ခြီယှုပ်
[kʰɹìʃoʊʔ]
Arakanese:
တခုတရီ လုပ်ဆောင်မှု၌ မကိုက် အနှောင့်အယှက် ပြုသည်
Burmese:
တစ်စုံတစ်ရာ လုပ်ဆောင်မှု၌ အဆင်မပြေ အနှောင့်အယှက် ပြုသည်
English:
disturb-annoy
Grammar Note:
ကြိယာ
ခြီရင်း
[kʰɹìɹɪ́ɴ]
Arakanese:
အိမ်၊ ကျောင်းအစဟိစွာရို့မာ အိပ်ရေအခါ ခြေထားရာ အရပ်။ ၂၊ လှဲနီရေအခိုက် ခြေထားဟိရာ အရပ်။ ၃၊ ထံပါး။ နံဖီး။ ခြီရင်းတော်ဟပ်၊ အပါးကပ်ပြီးကေ။ (ထွန်းဟိ
Burmese:
အိမ်၊ ကျောင်းစသည်တို့တွင် အိပ်သောအခါ ခြေထားရာ အရပ်။ ၂၊ လဲလျောင်းနေသည့်အခိုက် ခြေထားရှိရာ အရပ်။ ၃၊ ထံပါး။ အနီး။ ခြီရင်းတော်ဟပ်၊ အပါးကပ်လျက်။ (ထွန်းဟိ
English:
foot
Grammar Note:
နာမ်
ခြီရင်းမြစ်ရင်း
[kʰɹìɹɪ́ɴmɹɪʔɹɪ́ɴ]
Arakanese:
အခြီခံ ကျကျ။ အရင်းခံ ကျကျ။ ခိုင်ခိုင်လုံလုံ။ နောင်းနောင်း
Burmese:
အခြေခံ ကျကျ။ အရင်းခံ ကျကျ။ ခိုင်ခိုင်လုံလုံ။ ခိုင်ခိုင်မာမာ
English:
basic-sufficient
Grammar Note:
ကြိယာဝိသေသန
ခြီရာ
[kʰɹìɹà]
Arakanese:
ခြေဖဝါး နင်းရာမာ ထင်၍ ကျန်ရစ်သော ခြေဖဝါး ပုံသဏ္ဍာန်
Burmese:
ခြေဖဝါး နင်းရာတွင် ထင်၍ ကျန်ရစ်သော ခြေဖဝါး ပုံသဏ္ဍာန်
English:
foot print
Grammar Note:
နာမ်