Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,481–1,500 of 1,812 words

    ခ

    ခြီရာကောက်

    [kʰɹìɹàkɔ́ɛʔ]
    ခြီရာကို ကြည့်ပနာ ခြီရာဟိရာသို့ လိုက်ရေ
    ခြေရာကို ကြည့်ပြီး ခြေရာရှိရာသို့ လိုက်သည်
    trace-track
    ကြိယာ

    ခြီရာခံ

    [kʰɹìɹàkʰံ]
    လားလာရေ ခြီရာအစိုင်ကို ကြည့်လို့ လားရေ သူ၏ပါးကို လိုက်ရေ
    သွားလာသည့် ခြေရာအစဉ်ကို ကြည့်၍ သွားသော သူ၏ထံသို့ လိုက်သည်
    trail
    ကြိယာ

    ခြီရာစစ်

    [kʰɹìɹàsɪʔ]
    ရှေ့မှအရင်လား ပြေးသော သူ၏ ခြီရာကို နောက်ခါ လိုက်လံ ရှာဖွီ စနည်းနာရေ
    ရှေ့မှသွားနှင့် ပြေးသော သူ၏ ခြေရာကို နောက်မှ လိုက်လံ ရှာဖွေ စုံစမ်းသည်
    trail
    ကြိယာ

    ခြီရာတိုင်း

    [kʰɹìɹàtáɪɴ]
    ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုရေ။ ကလန်ကဆန်သည်
    ခွန်အား စွမ်းအားချင်း တူမတူ အပြိုင်ပြုသည်။ အန်တုသည်
    contend-challenge
    ကြိယာ

    ခြီရာနင်း

    [kʰɹìɹànɪ́ɴ]
    ထပ်တူ တုပရေ။ နည်းတူလိုက်ပြီးကေ ပြုမူ ဆောင်ရွက်သည်
    ထပ်တူ တုပသည်။ နည်းတူလိုက်၍ ပြုမူ ဆောင်ရွက်သည်
    imitate
    ကြိယာ

    ခြီရာပျောက်

    [kʰɹìɹàprɔ́ɛʔ]
    အစအန မကြားရ မသိရယောင် ဖုံးကွယ်ထားရေ။ ပျောက်ပျက်စီရေ
    အစအန မကြားရ မသိရအောင် ဖုံးကွယ်ထားသည်။ ပျောက်ပျက်စေသည်
    disappear completely
    ကြိယာ

    ခြီရာပွား

    [kʰɹìɹàpWà]
    အပို သက်သာလောင်းာက်ရာ။ ဇာ အရာမာမှ သုံးနှုန်း၍ မရသိလို့
    အပို သက်သာမျှသာ။ မည်သည့် အရာတွင်မှ သုံးနှုန်း၍ မရသဖြင့်
    extra
    ကြိယာဝိသေသန

    ခြီရာလက်ရာ

    [kʰɹìɹàlɛʔɹà]
    တယောက်တလီသော သူ၏ ပြုမူ ဆောင်ရွက်ချက် အစအန
    တစ်စုံတစ်ယောက်သော သူ၏ ပြုမူ ဆောင်ရွက်ချက် အစအန
    clue
    နာမ်

    ခြီရာလက်ရာပျောက်

    [kʰɹìɹàlɛʔɹàprɔ́ɛʔ]
    လုံးဝ အစအန ရှာမတွိ ဖြစ်တေ
    လုံးဝ အစအန ရှာမတွေ့ ဖြစ်သည်
    not found clue
    ကြိယာ

    ခြီရိ.

    [kʰɹìɹì.]
    လားလာရာ လမ်း
    သွားလာရာ လမ်း
    road
    နာမ်

    ခြီရိ.၂

    [kʰɹìɹì.၂]
    ခြီထောက် အင်အားကုန်ခန်း၍ မသယ်ချင်၊ မလားလာချင် ဖြစ်တေ။ ပင်ပန်း နွမ်းရိသည်
    ခြေထောက် အင်အားကုန်ခန်း၍ မသယ်ချင်၊ မသွားလာချင် ဖြစ်သည်။ ပင်ပန်း နွမ်းရိသည်
    tired
    ကြိယာ

    ခြီရှည်

    [kʰɹìʃɛ̀]
    ခေါက်ပြန် ပိုင်အလာ တိစွာ
    ခေါက်ပြန် အသွားအလာ များသည်
    Fold traffic
    ကြိယာ

    ခြီရှည်၂

    [kʰɹìʃɛ̀၂]
    တနီရာတည်းမာ အငြိမ်မနေ။ ထိုထိုဒေဒေ လားလာ လှည့်ပတ် လှုပ်ရှားနီသူ
    တစ်နေရာတည်းတွင် အငြိမ်မနေ။ ထိုထိုဤဤ သွားလာ လှည့်ပတ် လှုပ်ရှားနေသူ
    fidget
    နာမ်

    ခြီလယ်

    [kʰɹìlɛ̀]
    ခြီချောင်း ငါးချောင်းမာ အလယ်က ခြီချောင်း
    ခြေချောင်း ငါးချောင်းတွင် အလယ်က ခြေချောင်း
    third toe
    နာမ်

    ခြီလိမ်ချိတ်

    [kʰɹìlèɪɴɕeɪʔ]
    ဉာဏ်လိမ် ဉာဏ်ကောက် များရေ။ အထဲလား ကောက်ကျစ်သော
    ဉာဏ်လိမ် ဉာဏ်ကောက် များသော။ ကောက်ကျစ် စဉ်းလဲသော
    dishonest
    နာမဝိသေသန

    ခြီလိမ်ချိတ်၂

    [kʰɹìlèɪɴɕeɪʔ၂]
    ဉာဏ်လိမ် ဉာဏ်ကောက် တိစွာ။ အထဲလား ကောက်ကျစ်သည်
    ဉာဏ်လိမ် ဉာဏ်ကောက် များသည်။ ကောက်ကျစ် စဉ်းလဲသည်
    dishonest
    ကြိယာ

    ခြီလီးလက်လီး

    [kʰɹìlïlɛʔlï]
    (ကိုယ်ခန္ဓာ) ထိုင်းမှိုင်း ဖင့်နွဲ့ရေ။ ကြာရေ
    (ကိုယ်ခန္ဓာ) လေးလံ ဖင့်နွဲ့သည်။ နှေးကွေးသည်
    cumber
    ကြိယာ

    ခြီလီးလက်ဝန်

    [kʰɹìlïlɛʔwàɴ]
    ရင့်သော ပဋိသန္ဓေဟိသူ
    ရင့်မာသော ပဋိသန္ဓေရှိသူ
    pregnant woman
    နာမ်

    ခြီလွန်လက်လွန်

    [kʰɹìlʊ̀ɴlɛʔlʊ̀ɴ]
    သင့်ရေ ပမာဏထက် လွန်ကဲ၍ လုပ်မိဗျာယ်
    သင့်သည့် ပမာဏထက် လွန်ကဲ၍ လုပ်မိလျက်
    overshoot
    ကြိယာဝိသေသန

    ခြီလွန်လက်လွန်၂

    [kʰɹìlʊ̀ɴlɛʔlʊ̀ɴ၂]
    တပါးသော မမာ့အား လားလာ လွန်ကျူးမိရေ
    တစ်ပါးသော မိန်းမအား သွားလာ လွန်ကျူးမိသည်
    rape
    ကြိယာဝိသေသန