Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,521–1,540 of 1,812 words

    ခ

    ခြီဟုန်တိုက်

    [kʰɹìhòʊɴtaɪʔ]
    ပြေးပိုင် စုံလားရရေ။ သုတ်ပြာသုတ်နင်း အယင့်ယင် လားလာရေ။ ဇကုန်လားသည်
    ပြေးသကဲ့သို့ လျှောက်သွားရသည်။ သုတ်ခြေတင် လျင်မြန်စွာ သွားလာသည်။ အစွမ်းကုန်သွားသည်
    walk away quickly
    ကြိယာ

    ခြီဦးပေါက်ရာ

    [kʰɹìʔúpaʊʔɹà]
    ခြေဦးတည်ရာ။ ရည်ရွယ်ချက် မဟိ ဆိုက်ရောက်သမျှ ကြုံရာဒေသ။ ရောက်ရာပေါက်ရာ
    ခြေဦးတည်ရာ။ ရည်ရွယ်ချက် မရှိ ဆိုက်ရောက်သမျှ ကြုံရာဒေသ။ ရောက်ရာပေါက်ရာ
    aimless
    နာမ်

    ခြီဦးလှည့်

    [kʰɹìʔúɬɛ̰]
    အကြောင်းဟိရာဘက်ကို ရည်မှန်းသက်ဝင်ကာ လားရေ
    အကြောင်းရှိရာဘက်သို့ ရည်မှန်းသက်ဝင်ကာ သွားသည်
    going to aim direction
    ကြိယာ

    ခြုံ

    [kʰɹÒʊɴ]
    အကိုင်း၊ အခက်၊ အရွက်၊ အနွယ် စစွာတိနန့် ရောထွီးယှက်ဗျာယ် ပေါက်ရောက်နီသော အပင်စု။ တောခြုံ။ ဝနက်ခြုံ၊ စူးခြုံတောက၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ မြတ်လေးငုံလေ၊ ပန်းခြုံအောက်မာ၊ လောင်းကျော်ထင်ကို မြင်ရေအခါ (ဓမ္မက)
    အကိုင်း၊ အခက်၊ အရွက်၊ အနွယ် စသည်တို့ဖြင့် ရောထွေးယှက်လျက် ပေါက်ရောက်နေသော အပင်စု။ တောချုံ။ ဝနက်ခြုံ၊ ဆူးခြုံတောက၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ မြတ်လေးငုံလေ၊ ပန်းခြုံအောက်တွင်၊ လောင်းကျော်ထင်ကို မြင်သောအခါ (ဓမ္မက)
    bush
    နာမ်

    ခြုံကြား

    [kʰɹÒʊɴt͡ɕá]
    ၁၊ တောခြုံ အကြိုအကြား။ ၂၊ ချောက်ကမ်းထောင်း။ ခြုံကြားအများ၊ သီးငြားချောက်မာ (နတ်သိုက်)
    ၁၊ တောချုံ အကြိုအကြား။ ၂၊ ချောက်ကမ်းပါး။ ခြုံကြားအများ၊ သီးငြားချောက်မှာ (နတ်သိုက်)
    bush
    နာမ်

    ခြုံဆစ်

    [kʰɹÒʊɴsʰɪʔ]
    ခြုံနွယ် ထူထပ်သော တောအုံ။ ခြုံပိတ်ပေါင်း
    ချုံနွယ် ထူထပ်သော တောအုံ။ ချုံပိတ်ပေါင်း
    bush
    နာမ်

    ခြုတ်

    [kʰɹoʊʔ]
    ညည့်လူ တိန်းရေအခါ ခြုတ်ခနဲ မြည်သောအသံ
    ညည့်လူ တိတ်ဆိတ်သည့်အခါ ခြုတ်ခနဲ မြည်သောအသံ
    beep at night
    နာမ်

    ခြုတ်၂

    [kʰɹoʊʔ၂]
    ၁၊ ဆီးမျိုလိုရေတွက်နန့် သစ်သားမီးကျီးတံဖြင့် ခြစ်(ခြုပ်)ရေ။ ၂၊ လက်သည်းဖြင့် ခြစ်(ခြုပ်)ရေ။ စာရွက်မာ မှင်နီဖြင့် ခြုတ်ပစ်သည်
    ၁၊ ဆေးသောက်လို၍ သစ်သားမီးကျီးတံဖြင့် ခြစ်(ခြုပ်)သည်။ ၂၊ လက်သည်းဖြင့် ခြစ်(ခြုပ်)သည်။ စာရွက်မှာ မှင်နီဖြင့် ခြုတ်ပစ်သည်
    none
    ကြိယာ

    ခြုတ်ခြက်

    [kʰɹoʊʔkʰɹɛʔ]
    လူသူ တိန်းသော ညည့်အခါမှ ခြုတ်ခြက်ဆိုရေ အော်သံကို ကြားရရေ
    လူသူ တိတ်ဆိတ်သော ညည့်အခါတွင် ခြုတ်ခြက်ဟူသော မြည်သံကို ကြားရသည်
    beep at night
    ကြိယာ

    ခြုတ်ခြက်၂

    [kʰɹoʊʔkʰɹɛʔ၂]
    လူသူ တိန်းသော ညည့်အခါမှ ကြားရရေ အသံ
    လူသူ တိတ်ဆိတ်သော ညည့်အခါတွင် ကြားရသော အသံ
    beep at night
    နာမ်

    ခြုတ်ခြယ်

    [kʰɹoʊʔkʰɹɛ̀]
    ၁၊ ရန်ပြုသည်၊ ငြိုငြင် ဆင်းရဲအောင် လုပ်ရေ။ ဝင်ရောက် နှောင့်ယှက် စွက်ဖက်ရေ။ ၂၊ စိတ်နှလုံး ဆင်းရဲငြိုငြင် စီရေ
    ၁၊ ရန်ပြုသည်၊ ငြိုငြင် ဆင်းရဲအောင် လုပ်သည်။ ဝင်ရောက် နှောင့်ယှက် စွက်ဖက်သည်။ ၂၊ စိတ်နှလုံး ဆင်းရဲငြိုငြင် စေသည်
    oppressive
    ကြိယာ

    ခြုတ်ခြီခြုတ်ခြက်

    [kʰɹoʊʔkʰɹìkʰɹoʊʔkʰɹɛʔ]
    မငြိမ်မသက်၊ ယောက်ယက်ခတ်။ ခြုတ်ခြီခြုတ်ခက်၊ စည်တော်သာကို၊ လာကိုယက် (ပန်းဝှက်)
    မငြိမ်မသက်၊ လှုပ်လှုပ်ရှားရှား။ ခြုတ်ခြီခြုတ်ခက်၊ စည်တော်သာကို၊ လာကိုယက် (ပန်းဝှက်)
    move
    ကြိယာဝိသေသန

    ခြုတ်ခြီခြုတ်ခြုတ်

    [kʰɹoʊʔkʰɹìkʰɹoʊʔkʰɹoʊʔ]
    မငြိမ်မသက်၊ ယောက်ယက်ခတ်။ ခြုတ်ခြီခြုတ်ခက်၊ စည်တော်သာကို၊ လာကိုယက် (ပန်းဝှက်)
    မငြိမ်မသက်၊ လှုပ်လှုပ်ရှားရှား။ ခြုတ်ခြီခြုတ်ခက်၊ စည်တော်သာကို၊ လာကိုယက် (ပန်းဝှက်)
    move
    ကြိယာဝိသေသန

    ခြုတ်ခြုတ်ခြက်ခြက်

    [kʰɹoʊʔkʰɹoʊʔkʰɹɛʔkʰɹɛʔ]
    လူသူ တိန်းသော ညည့်အခါမှ မသဲမကွဲ ကြားရရေ အသံမျိုး
    လူသူ တိတ်ဆိတ်သော ညည့်အခါတွင် မသဲမကွဲ ကြားရသော အသံမျိုး
    beep at night
    နာမ်

    ခြုတ်ခြုတ်သံ

    [kʰɹoʊʔkʰɹoʊʔθံ]
    (ခြုတ်ခြုတ်ဆိုရေ) တခုတရီသော အသံကိုမျှလည်း (မကြားရ)
    (ခြုတ်ခြုတ်ဟူသော) တစ်စုံတစ်ခုသော အသံကိုမျှလည်း (မကြားရ)
    beep
    နာမ်

    ခြုတ်မ

    [kʰɹoʊʔm]
    သား၏ မယား၊ ခြုပ်မ
    သား၏ မယား၊ ချွေးမ
    Daughter-in-law
    နာမ်

    ခြုတ်မစီ

    [kʰɹoʊʔmsí]
    သတိုးသမီးကို သတိုးသကျိကို အပိုင်ပို့လိုက်ရေ
    သတိုးသမီးကို သတိုးသားအိမ်သို့ အပိုင်ပို့လိုက်သည်
    none
    ကြိယာ

    ခြုံနု

    [kʰɹÒʊɴnoʊ]
    အနုကို ဟင်းချက်စားရရေ ခြုံပုတ်ပင်ငယ် တမျိုး
    အနုကို ဟင်းချက်စားရသော ချုံပုတ်ပင်ငယ် တစ်မျိုး
    bush
    နာမ်

    ခြုန်း

    [kʰɹóʊɴ]
    ရုန်ရင်းခက်ထန်ရေ။ ကြမ်းတမ်းသည်
    ရုန်ရင်းခက်ထန်သည်။ ကြမ်းတမ်းသည်
    rough
    ကြိယာ

    ခြုန်းခြုန်း

    [kʰɹóʊɴkʰɹóʊɴ]
    ညည့်တိန်းရေအခါ (တခုတရီ လားလားသံ) ကြားလိုက်ရရေ အသံ
    ညည့်တိတ်ဆိတ်သည့်အခါ (တစ်စုံတစ်ရာ သွားလားသံ) ကြားလိုက်ရသော အသံ
    beep at night
    နာမ်