Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,541–1,560 of 1,812 words

    ခ

    ခြုံပုတ်

    [kʰɹÒʊɴpoʊʔ]
    အပင်အုပ်စုငယ်။ ခြုံအုပ်အချေ
    အပင်အုပ်စုငယ်။ ချုံအုပ်ကလေး
    bush
    နာမ်

    ခြုပ်

    [kʰɹoʊʔ]
    အပ်နန့် အပ်ခြည်မျှင် စစွာတိနန့် ခိုင်ခန့်စီရန် ထိုးသီဖွဲ့နှောင်ရေ။ အပ်ခြည်မျှင်ရို့နန့် ချုပ်ရေ။ ထပိန်ခုနစ်တောင်၊ မီးထွက်လီာင်၊ ခြုပ်စောင်မတတ်(တေး)။ ကလွိမေချေငုတ်စုတ်၊ ထပိန်ခြုပ်(ပန်းဝှက်)
    အပ်နှင့် အပ်ချည်မျှင် စသည်တို့ဖြင့် ခိုင်ခန့်စေရန် ထိုးသီဖွဲ့နှောင်သည်။ အပ်ချည်မျှင်တို့ဖြင့် ချုပ်သည်။ ထပိန်ခုနစ်တောင်၊ မီးထွက်လောင်၊ ခြုပ်စောင်မတတ်(တေး)။ ကလွိမေချေငုတ်စုတ်၊ ထပိန်ခြုပ်(ပန်းဝှက်)
    sew
    ကြိယာ

    ခြုပ်စပ်

    [kʰɹoʊʔsaʔ]
    အပ်ဖြင့် ချုပ်ရေ။ အထည် နှစ်ခုကို တပူးတည်း ပေါင်းစပ်နှောင်ဖွဲ့ သည်
    အပ်ဖြင့် ချုပ်သည်။ အထည် နှစ်ခုကို တပူးတည်း ပေါင်းစပ်နှောင်ဖွဲ့ သည်
    sew
    ကြိယာ

    ခြုံပျစ်တော

    [kʰɹÒʊɴprɪʔtɔ́]
    ခြုံနွယ်များ အစမရယောင် ဗရဗွီသတ် ငြိယှက်နိန်ရေ တောခြုံ
    ချုံနွယ်များ အစမရအောင် ရှုတ်ထွေး ငြိယှက်နေသော တောချုံ
    clump of bushes
    နာမ်

    ခြုံဗျိုင်း

    [kʰɹÒʊɴbráɪɴ]
    နိအခါ ခြုံထဲမာနိန်ပနာ ညဇာအခါကျမှရာ အစာယှာစားလိဟိရေ ဗျိုင်းငှက်တမျိုး
    နေ့အခါ ချုံထဲတွင်နေ၍ ညအခါကျမှသာ အစာရှာစားလေ့ရှိသော ဗျိုင်းငှက်တစ်မျိုး
    gray heron
    နာမ်

    ခြုံမုံ

    [kʰɹÒʊɴmòʊɴ]
    အားလုံးခြုံ၍ သိမြင်နားလည်ရေ။ သဖောပေါက်ရေ။ ၂၊ အားလုံးခြုံ၍ ပါဝင်ရေ
    အားလုံးခြုံ၍ သိမြင်နားလည်သည်။ သဘောပေါက်သည်။ ၂၊ အားလုံးခြုံ၍ ပါဝင်သည်
    Know-all
    ကြိယာ

    ခြူ

    [kʰɹù]
    ငြိတွယ် ခြူသော။ အရောရော အနှောနှော ဖြစ်ရေ။ ဗရမ်းဗတာ စုပေါင်း ရောပြွမ်းနိန်ရေ။ မရှင်းမလင်းသော။ အမည်း၊ အဖြူ၊ ဗရမ်းမုတ်ဆွီး၊ နှုတ်ခမ်းမွီးရို့၊ ရောထွီးခြူကေ၊ ရိုက်ကာပင့်သက် (ပန်း)
    ငြိတွယ် ရှုပ်ပွေသော။ အရောရော အနှောနှော ဖြစ်သော။ အစီအစဉ်မကျ စုပေါင်း ရောပြွမ်းနေသော။ မရှင်းမလင်းသော။ အမည်း၊ အဖြူ၊ ဗရမ်းမုတ်ဆွီး၊ နှုတ်ခမ်းမွီးတို့၊ ရောထွီးခြူကေ၊ ရိုက်ကာပင့်သက် (ပန်း)
    unclear
    နာမဝိသေသန

    ခြူ၂

    [kʰɹù၂]
    ၁၊ စီးယိုကျရေ၊ ၂၊ ပေကျံနိန်ရေ။ နှပ်ချီးခြူ၊ မျက်ချီးခြူ အစဟိစွာ
    ၁၊ စီးယိုကျသည်၊ ၂၊ ပေကျံနေသည်။ နှပ်ချီးခြူ၊ မျက်ချီးခြူ စသည်
    spread
    ကြိယာ

    ခြူချီခြူယှက်

    [kʰɹùɕíkʰɹùʃɛʔ]
    ဗရမ်းဗတာ စုပေါင်း ရောပြွမ်းနိန်ရေ
    အစီအစဉ်မကျ စုပေါင်း ရောပြွမ်းနေသော
    be mixed up
    နာမဝိသေသန

    ခြူခြာ

    [kʰɹùkʰɹà]
    စူး၊ ငြှောင့်၊ ခလုတ်ရို့ ဖရို့ဖရဲ ဗလဗွီသတ်ပွေဗျာယ်။ ခရီးဝီးကွာ၊ ဟေမဝါမာ၊ ခြူခြာထွီးယှုပ်၊ ငြှောင့်ခလုတ်နန့် (ပန်း)
    ဆူး၊ ငြှောင့်၊ ခလုတ်တို့ ဖရို့ဖရဲ ရှုပ်ထွေးပွေလျက်။ ခရီးဝီးကွာ၊ ဟေမဝါမှာ၊ ခြူခြာထွီးယှုပ်၊ ငြှောင့်ခလုတ်နှင့် (ပန်း)
    unclear
    ကြိယာဝိသေသန

    ခြူခြာဖာသား

    [kʰɹùkʰɹàpʰàθá]
    အဝတ်အထည် အစုပ်အပြတ်ရို့ကို အထပ်ထပ် အလွှာလွှာ ခြူအောင် ချုပ်စပ်ဖာထားရေ အဝတ်အထည်။ အထပ်တရာ၊ လိပ်ခွံပေါ်ယောင်၊ ခြူခြာဖာသား၊ ဆိုးငြားအစုတ်၊ အထည်လွှာကို၊ ကိုယ်မာဝတ်လို့(နာရဒ)
    အဝတ်အထည် အစုပ်အပြတ်တို့ကို အထပ်ထပ် အလွှာလွှာ ရှုပ်ပွေအောင် ချုပ်စပ်ဖာထားသော အဝတ်အထည်။ အထပ်တစ်ရာ၊ လိပ်ခွံပေါ်အောင်၊ ခြူခြာဖာသား၊ ဆိုးငြားအစုတ်၊ အထည်လွှာကို၊ ကိုယ်မှာဝတ်လို့(နာရဒ)
    cloth
    နာမ်

    ခြူခြာဗါဂျာ

    [kʰɹùkʰɹàbàdʑà]
    အစရှာမရယောင် ထွီးယှက် ရောပွမ်းဗျာယ်။ ရှင်းလင်းခြင်းမဟိဘဲ။ ရောပွမ်း ဗလဗွီသတ်
    အစရှာမရအောင် ထွေးယှက် ရောပွမ်းလျက်။ ရှင်းလင်းခြင်းမရှိပဲ။ ရောပွမ်း ရှုပ်ထွေးလျက်
    unclear
    ကြိယာဝိသေသန

    ခြူခြာမရ

    [kʰɹùkʰɹàmɹ]
    အစရှာမရယောင် ထွီးယှက် ရောပွမ်းဗျာယ်။ ရှင်းလင်းခြင်းမဟိဘဲ။ ရောပွမ်း ဗလဗွီသတ်။ အယှုပ်ယှုက်ကေ၊ ခလုပ်များစွာ၊ အဖြာဖြာကေ၊ ခြူခြာမရ (ရာမ)
    အစရှာမရအောင် ထွေးယှက် ရောပွမ်းလျက်။ ရှင်းလင်းခြင်းမရှိပဲ။ ရောပွမ်း ရှုပ်ထွေးလျက်။ အယှုပ်ယှုက်ကေ၊ ခလုပ်များစွာ၊ အဖြာဖြာကေ၊ ခြူခြာမရ (ရာမ)
    unclear
    ကြိယာဝိသေသန

    ခြူခြာယှက်

    [kʰɹùkʰɹàʃɛʔ]
    အမျိုးမျိုးအထွီထွီ ရောပြွမ်း ဗလဗွီသတ်။ ဗရမ်းဗတာ စုပေါင်း ရောပြွမ်းဗျာယ်။ ဝါးလုံးမာလျင်၊ ခြူခြာယှက်ကေ၊ ကြက်ခြေတိကို၊ စာသားအက္ခရာ၊ တဘာသာဖြင့်၊ ပါရေအမှတ် (ဒွေး)
    အမျိုးမျိုးအထွေထွေ ရောပြွမ်း ရှုပ်ထွေးလျက်။ အစီအစဉ်မကျ စုပေါင်း ရောပြွမ်းလျက်။ ဝါးလုံးမှာလျင်၊ ခြူခြာယှက်ကေ၊ ကြက်ခြေများကို၊ စာသားအက္ခရာ၊ တဘာသာဖြင့်၊ ပါသည့်အမှတ် (ဒွေး)
    unclear
    ကြိယာဝိသေသန

    ခြူခြာယှုပ်

    [kʰɹùkʰɹàʃoʊʔ]
    ဗရမ်းဗတာ စုပေါင်း ရောပြွမ်းဗျာယ်။ နွယ်ခြုံများ ရှင်းလင်းခြင်းမဟိဘဲ။ ထွေယှက် ရောပြွမ်းသောအနိန်နန့်။ နွယ်ခြုံရစ်အုပ်၊ ဖြူပြာပြာလေ၊ ခြူခြာယှုတ်လို့ (ပန်း)။ ဖြူပြာပြာယှုတ်လို့၊ သစ်ပုပ်ပင်ကြီး၊ တပင်ဟိ၏ (ရာမ)
    အစီအစဉ်မကျ စုပေါင်း ရောပြွမ်းလျက်။ နွယ်ချုံများ ရှင်းလင်းခြင်းမရှိပဲ။ ထွေယှက် ရောပြွမ်းသော အားဖြင့်။ နွယ်ခြုံရစ်အုပ်၊ ဖြူပြာပြာလေ၊ ခြူခြာယှုတ်လို့ (ပန်း)။ ဖြူပြာပြာယှုတ်လို့၊ သစ်ပုပ်ပင်ကြီး၊ တစ်ပင်ဟိ၏ (ရာမ)
    be mixed up
    ကြိယာဝိသေသန

    ခြူခြာသက်

    [kʰɹùkʰɹàθɛʔ]
    ၁၊ အစရှာမရယောင် အလွန်သပွတ်အူလိုက်အနိန်နန့်။ ၂၊ ရောနှော ထွီးလုံး ရစ်ပတ်ဗျာယ်
    ၁၊ အစရှာမရအောင် အလွန်ရှုပ်ထွေးသော အားဖြင့်။ ၂၊ ရောနှော ထွေးလုံး ရစ်ပတ်လျက်
    unclear
    ကြိယာဝိသေသန

    ခြူခြီခြူခြတ်

    [kʰɹùkʰɹìkʰɹùkʰɹaʔ]
    ၁၊ နှောင့်ယှက်ရွီတွက်နန့်။ ၂၊ အမြင်ကတ်စရာ။ တယောက်ရုပ်သွင်၊ တယောက်ပင်လေ၊ မြင်ချင်ကတ်လို့၊ ကြားကပြကတိ၊ ဆီးကာဟိကေ၊ ခြူခြိခြူခြာ (ဥဒိန်သာ)။ ၃၊ မကြည့်ချင်၊ မမြင်ချင်ရွီတွက်နန့်။ ကြည့်ရှု၍ နှစ်လိုခြင်း မဟိရေဖြစ်ပနာ၊ ခြူခြိခြူခြာ၊ ငါ့နောက်ပါလို့ (ပန်း)
    ၁၊ နှောင့်ယှက်သောအားဖြင့်။ ၂၊ အမြင်ကတ်စရာ။ တစ်ယောက်ရုပ်သွင်၊ တစ်ယောက်ပင်လေ၊ မြင်ချင်ကြလို့၊ ကြားကပြကတိ၊ ဆီးကာဟိကေ၊ ခြူခြိခြူခြာ (ဥဒိန်သာ)။ ၃၊ မကြည့်ချင်၊ မမြင်ချင်သောအားဖြင့်။ ကြည့်ရှု၍ နှစ်လိုခြင်း မရှိသည်ဖြစ်၍၊ ခြူခြိခြူခြာ၊ ငါ့နောက်ပါလို့ (ပန်း)
    disturb-annoy
    ကြိယာဝိသေသန

    ခြူခြီခြူခြာ

    [kʰɹùkʰɹìkʰɹùkʰɹà]
    ၁၊ နှောင့်ယှက်ရွီတွက်နန့်။ ၂၊ အမြင်ကတ်စရာ။ တယောက်ရုပ်သွင်၊ တယောက်ပင်လေ၊ မြင်ချင်ကတ်လို့၊ ကြားကပြကတိ၊ ဆီးကာဟိကေ၊ ခြူခြိခြူခြာ (ဥဒိန်သာ)။ ၃၊ မကြည့်ချင်၊ မမြင်ချင်ရွီတွက်နန့်။ ကြည့်ရှု၍ နှစ်လိုခြင်း မဟိရေဖြစ်ပနာ၊ ခြူခြိခြူခြာ၊ ငါ့နောက်ပါလို့ (ပန်း)
    ၁၊ နှောင့်ယှက်သောအားဖြင့်။ ၂၊ အမြင်ကတ်စရာ။ တစ်ယောက်ရုပ်သွင်၊ တစ်ယောက်ပင်လေ၊ မြင်ချင်ကြလို့၊ ကြားကပြကတိ၊ ဆီးကာဟိကေ၊ ခြူခြိခြူခြာ (ဥဒိန်သာ)။ ၃၊ မကြည့်ချင်၊ မမြင်ချင်သောအားဖြင့်။ ကြည့်ရှု၍ နှစ်လိုခြင်း မရှိသည်ဖြစ်၍၊ ခြူခြိခြူခြာ၊ ငါ့နောက်ပါလို့ (ပန်း)
    disturb-annoy
    ကြိယာဝိသေသန

    ခြူခြူ

    [kʰɹùkʰɹù]
    ရောဝင် နှောင့်ယှက်ရေ။ ဗလဗွီသတ်အောင် ဖန်တီးရေ
    ရောဝင် နှောင့်ယှက်သည်။ ရှုပ်ထွေးအောင် ဖန်တီးသည်
    unclear
    ကြိယာ

    ခြူခြူ၂

    [kʰɹùkʰɹù၂]
    ဆံခြည်ထွီး၊ ကြိုးထွေးဆိုရာမာ ပါရေ အထွီး။ ငြိယှက်ခြူသော အရာ။ ယင်းကနိန်ာဖက်ကကြည့်လိုက်ပြန်၊ ဆံပင်ခြူခြူ၊ ပေါင်တုတ်တုတ်နန့်၊ ဘီးလူးမရုပ်အစိုနံ (သံချပ်)
    ဆံချည်ထွေး၊ ကြိုးထွေးဆိုရာတွင် ပါသော အထွေး။ ငြိယှက်ရှုပ်ပွေသော အရာ။ ထိုမှာဖက်ကကြည့်လိုက်ပြန်၊ ဆံပင်ခြူခြူ၊ ပေါင်တုတ်တုတ်နန့်၊ ဘီးလူးမရုပ်အစိုနံ (သံချပ်)
    unclear
    နာမ်