Dictionary Entries
Showing 1,561–1,580 of 1,812 words
ခ
ခြူခြူခြာခြာ
[kʰɹùkʰɹùkʰɹàkʰɹà]
Arakanese:
ရောဝင် နှောင့်ယှက်ရေ။ ဗလဗွီသတ်အောင် ဖန်တီးရေ
Burmese:
ရောဝင် နှောင့်ယှက်သည်။ ရှုပ်ထွေးအောင် ဖန်တီးသည်
English:
unclear
Grammar Note:
ကြိယာ
ခြူခြူယှက်ယှက်
[kʰɹùkʰɹùʃɛʔʃɛʔ]
Arakanese:
ငြိတွယ် ခြူသော။ အရောရော နှောနှော ဖြစ်ရေ။ ဗရမ်းဗတာ မကျစုပေါင်း ရောပြွမ်းနိန်ရေ။ မရှင်းမလင်းသော။ အမည်း၊ အဖြူ၊ ဗရမ်းမုတ်ဆွီး၊ နှုတ်ခမ်းမွီးရို့၊ ရောထွီးခြူကေ၊ ရိုက်ကာပင့်သက်(ပန်း)
Burmese:
ငြိတွယ် ရှုပ်ပွေသော။ အရောရော နှောနှော ဖြစ်သော။ အစီအစဉ်မကျ မကျစုပေါင်း ရောပြွမ်းနေသော။ မရှင်းမလင်းသော။ အမည်း၊ အဖြူ၊ ဗရမ်းမုတ်ဆွီး၊ နှုတ်ခမ်းမွီးတို့၊ ရောထွီးခြူကေ၊ ရိုက်ကာပင့်သက်(ပန်း)
English:
unclear
Grammar Note:
နာမဝိသေသန
ခြူခြူယှုပ်ယှက်
[kʰɹùkʰɹùʃoʊʔʃɛʔ]
Arakanese:
ဗရမ်းဗတာ စုပေါင်း ရောပြွမ်းဗျာယ်။ နွယ်ခြုံများ ရှင်းလင်းခြင်းမဟိဘဲ။ ထွေယှက်ရောပြွမ်းသောအနိန်နန့်။ နွယ်ခြုံရစ်အုပ်၊ ဖြူပြာပြာလေ၊ ခြူခြာယှုတ်လို့ (ပန်း)။ ဖြူပြာပြာယှုတ်လို့၊ သစ်ပုပ်ပင်ကြီး၊ တပင်ဟိ၏ (ရာမ)
Burmese:
အစီအစဉ်မကျ စုပေါင်း ရောပြွမ်းလျက်။ နွယ်ချုံများ ရှင်းလင်းခြင်းမရှိပဲ။ ထွေယှက်ရောပြွမ်းသော အားဖြင့်။ နွယ်ခြုံရစ်အုပ်၊ ဖြူပြာပြာလေ၊ ခြူခြာယှုတ်လို့ (ပန်း)။ ဖြူပြာပြာယှုတ်လို့၊ သစ်ပုပ်ပင်ကြီး၊ တစ်ပင်ဟိ၏ (ရာမ)
English:
be mixed up
Grammar Note:
ကြိယာဝိသေသန
ခြူဆောင်း
[kʰɹùsʰáʊɴ]
Arakanese:
ခြုံနွယ်ပိတ် ပေါင်းထူထပ်သော တောအုံ
Burmese:
ချုံနွယ်ပိတ် ပေါင်းထူထပ်သော တောအုံ
English:
jungle
Grammar Note:
နာမ်
ခြူဆောင်း၂
[kʰɹùsʰáʊɴ၂]
Arakanese:
ဗရမ်းဗတာ ကရားကထား ပြန့်ကျဲနိန်ရေ ဆံပင်စု
Burmese:
အစီအစဉ်မကျ ဖရိုဖရဲ ပြန့်ကျဲနေသော ဆံပင်စု
English:
tangled mass of hair
Grammar Note:
နာမ်
ခြူယှက်ထိုး
[kʰɹùʃɛʔtʰó]
Arakanese:
ဗရမ်းဗတာ ကရားကထား ဗလဗွီသတ် ရောပြွမ်းဗျာယ်
Burmese:
အစီအစဉ်မကျ ဖရိုဖရဲ ရှုပ်ထွေး ရောပြွမ်းလျက်
English:
unclear
Grammar Note:
ကြိယာဝိသေသန
ခြေး
[kʰɹé]
Arakanese:
အသံကျကျယ်လောင်လောင် အော်မြည်သည်
Burmese:
အသံကျယ်လောင်စွာ အော်မြည်သည်
English:
shout loudly
Grammar Note:
ကြိယာ
ခြေး၂
[kʰɹé၂]
Arakanese:
ကျကျယ်လောင်လောင် အော်မြည်သော အသံ
Burmese:
ကျယ်လောင်စွာ အော်မြည်သော အသံ
English:
shout loudly
Grammar Note:
နာမ်
ခြေးခြေး
[kʰɹékʰɹé]
Arakanese:
ကျကျယ်လောင်လောင် အော်မြည်သော အသံဖြင့် ဟစ်အော်ဗျာယ်။ သံကျော်ခြေးခြေး၊ ကိုယ်တိုင်ပီးပြီးကေ၊ အရီးဇာသို့၊ ဟာလူရို့ဟု၊ မေးမြို့ပြီးရေ် (ကင်းမဟော်)
Burmese:
ကျယ်လောင်စွာ အော်မြည်သော အသံဖြင့် ဟစ်အော်လျက်။ သံကျော်ခြေးခြေး၊ ကိုယ်တိုင်ပေး၍၊ အရေးဘယ်သို့၊ ဟာလူရို့ဟု၊ မေးမြို့ပြီးသော် (ကင်းမဟော်)
English:
shout loudly
Grammar Note:
ကြိယာဝိသေသန
ခြော
[kʰɹɔ́]
Arakanese:
၁၊ ကြမ်းတမ်းရေ။ ၂၊ ဒေါသနန့် ကျကျယ်လောင်လောင် ပြစ်တင်ပြောဆိုရေ။ ကြိမ်းမောင်းရေ။ ၃၊ (နီပူဟိန်ကြောင့်) ခြောက်သွိ မာတောင့်နိန်ရေ
Burmese:
၁၊ ကြမ်းတမ်းသည်။ ၂၊ ဒေါသဖြင့် ကျယ်လောင်စွာ ပြစ်တင်ပြောဆိုသည်။ ကြိမ်းမောင်းသည်။ ၃၊ (နေပူရှိန်ကြောင့်) ခြောက်သွေ့ မာတောင့်နေသည်
English:
rude
Grammar Note:
ကြိယာ
ခြော့
[kʰɹɔ̰]
Arakanese:
စကားသံ ကြမ်းတမ်း ခက်မာစွာ။ ငေါက်ဆတ်ဆတ်(စကားပြောရေ။
Burmese:
စကားသံ ကြမ်းတမ်း ခက်မာစွာ။ ငေါက်ဆတ်ဆတ်(စကားပြောသည်။
English:
rude
Grammar Note:
ကြိယာဝိသေသန
ခြော့၂
[kʰɹɔ̰၂]
Arakanese:
ငါးစစွာကို မီးဖြင့် ဝကင်းမာထည့်၍ ကြွပ်အောင် လုပ်ရေ။ ငါးခြောက်ကို ဝကင်းမာ ကြွပ်အောင်ခြော့သည်
Burmese:
ငါးစသည်ကို မီးဖြင့် အိုးကင်းတွင်ထည့်၍ ကြွပ်အောင် လုပ်သည်။ ငါးခြောက်ကို အိုးကင်းတွင် ကြွပ်အောင်ခြော့သည်
English:
smoke fish
Grammar Note:
ကြိယာ
ခြော့၃
[kʰɹɔ̰၃]
Arakanese:
(မာန) ထောင်လွှား မေါက်မာတတ်သူ။ စကားပြောရေ ကကောင်း ခြော့ရေကာ။
Burmese:
(မာန) ထောင်လွှား မေါက်မာတတ်သူ။ စကားပြောရေ ကောင်းကောင်း ခြော့ရေကာ။
English:
ကြိ
Grammar Note:
နာမ်
ခြောက်
[kʰɹɔ́ɛʔ]
Arakanese:
ငါးနန့် တပေါင်း အရွီအတွက်။ ၆
Burmese:
ငါးနှင့် တစ်ပေါင်း အရေအတွက်။ ၆
English:
six
Grammar Note:
နာမ်
ခြောက်၂
[kʰɹɔ́ɛʔ၂]
Arakanese:
၁၊ ကြောက်အောင် လုပ်ရေ။ ကြောက်စီရေ။ မေါ်ရုံမြိုင်လေ၊ ဂနိုင်တောမာ၊ ခြောက်တုံပါလည်း၊ ငါရွှီလေးသျှင်၊ ထီမထင်ကေ (ရာမ)။ ကိုယ်သေအံ့ကြောက်၊ ပုဏ္ဏားမာလေ၊ ထပ်ကာခြောက်လို့၊ ခြောက်တိုင်းကိုပါ(နာရဒ)
Burmese:
၁၊ ကြောက်အောင် လုပ်သည်။ ကြောက်စေသည်။ မေါ်ရုံမြိုင်လေ၊ ဂနိုင်တောမှာ၊ ခြောက်တုံပါလည်း၊ ငါရွှေလေးသျှင်၊ ထီမထင်ကေ (ရာမ)။ ကိုယ်သေအံ့ကြောက်၊ ပုဏ္ဏားမှာလေ၊ ထပ်ကာခြောက်လို့၊ ခြောက်တိုင်းကိုပါ(နာရဒ)
English:
scary
Grammar Note:
ကြိယာ
ခြောက်၃
[kʰɹɔ́ɛʔ၃]
Arakanese:
၁၊ ညီးကောင်းထမန်း ပျင်းရိငြီးဖွယ် ကောင်းရေ။ စိုပြေ လန်းဆန်းကြည်လင်ခြင်း ကင်းရေ။ ၂၊ စွတ်စိုခြင်းမဟိ ဖြစ်တေ
Burmese:
၁၊ စိတ်ပျက်စရာ ပျင်းရိငြီးဖွယ် ကောင်းသည်။ စိုပြေ လန်းဆန်းကြည်လင်ခြင်း ကင်းသည်။ ၂၊ စွတ်စိုခြင်းမရှိ ဖြစ်သည်
English:
boring
Grammar Note:
ကြိယာ
ခြောက်၄
[kʰɹɔ́ɛʔ၄]
Arakanese:
၁၊ ညီးကောင်းထမန်း ပျင်းရိငြီးဖွယ် ကောင်းရေ။ စိုပြေ လန်းဆန်းကြည်လင်ခြင်း ကင်းသော။ ၂၊ စွတ်စိုခြင်းမဟိ ဖြစ်ရေ
Burmese:
၁၊ စိတ်ပျက်စရာ ပျင်းရိငြီးဖွယ် ကောင်းသော။ စိုပြေ လန်းဆန်းကြည်လင်ခြင်း ကင်းသော။ ၂၊ စွတ်စိုခြင်းမရှိ ဖြစ်သော
English:
boring
Grammar Note:
နာမဝိသေသန
ခြောက်ကပ်
[kʰɹɔ́ɛʔkaʔ]
Arakanese:
၁၊ အသားအရီ လျော့ပါး ကျုံ့ယုံ့သော။ ပိန်ခြုံးသော။ ၂၊ စွတ်စိုခြင်း မဟိရေ
Burmese:
၁၊ အသားအရေ လျော့ပါး ကျုံ့ယုံ့သော။ ပိန်ချုံးသော။ ၂၊ စွတ်စိုခြင်း မရှိသော
English:
dry
Grammar Note:
နာမဝိသေသန
ခြောက်ကပ်၂
[kʰɹɔ́ɛʔkaʔ၂]
Arakanese:
ညီးကောင်းထမန်း ပျင်းရိငြီးငွိ့ ဖွယ်ကောင်းရေ။ စိုပြည် လန်းဆန်းကြည်လင်ခြင်း မဟိဖြစ်တေ။ ၂၊ ရေကုန်ခန်း၍ သီရေ။ ၃၊ (ဥပစာ)အစားအသီာက် ချို့တဲ့ရေ။ ခေါင်းပါးရေ။ ပါးရှားသည်
Burmese:
စိတ်ပျက်စရာ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသည်။ စိုပြည် လန်းဆန်းကြည်လင်ခြင်း မရှိဖြစ်သည်။ ၂၊ ရေကုန်ခန်း၍ သေသည်။ ၃၊ (ဥပစာ)အစားအသောက် ချို့တဲ့သည်။ ခေါင်းပါးသည်။ ပါးရှားသည်
English:
boring
Grammar Note:
ကြိယာ
ခြောက်ခပ်
[kʰɹɔ́ɛʔkʰaʔ]
Arakanese:
၁၊ ရေကုန်ခန်း၍ သီရေ။ ၂၊ ရေစွတ်စိုခြင်းမဟိ ကုန်ပျောက်ရေ။ ၃၊ (ဥပစါ) အစားအသီာက် ချို့တဲ့ရေ။ ခေါင်းပါးရေ။ ပါးရှားသည်
Burmese:
၁၊ ရေကုန်ခန်း၍ သေသည်။ ၂၊ ရေစွတ်စိုခြင်းမရှိ ကုန်ပျောက်သည်။ ၃၊ (ဥပစါ) အစားအသောက် ချို့တဲ့သည်။ ခေါင်းပါးသည်။ ပါးရှားသည်
English:
dry-needy
Grammar Note:
နာမဝိသေသန