Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,581–1,600 of 1,812 words

    ခ

    ခြောက်ခပ်၂

    [kʰɹɔ́ɛʔkʰaʔ၂]
    ညီးကောင်းထမန်း ပျင်းရိငြီးငွိ့ ဖွယ်ကောင်းရေ။ စိုပြည် လန်းဆန်း ကြည်လင်ခြင်း ကင်းသော။ စွတ်စိုခြင်း မဟိရေ
    စိတ်ပျက်စရာ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော။ စိုပြည် လန်းဆန်း ကြည်လင်ခြင်း ကင်းသော။ စွတ်စိုခြင်း မရှိသော
    boring
    ကြိယာ

    ခြောက်ခြီခြောက်ခြဲ

    [kʰɹɔ́ɛʔkʰɹìkʰɹɔ́ɛʔkʰɹɛ]
    ၁၊ အသားအရီ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွိ့ ဖွယ်ကောင်းရေ။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မဟိရေ။ ၄၊ အစားအသီာက် ခေါင်းပါး ချို့တဲ့သော
    ၁၊ အသားအရေ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွေ့ ဖွယ်ကောင်းသော။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မရှိသော။ ၄၊ အစားအသောက် ခေါင်းပါး ချို့တဲ့သော
    dull
    ကြိယာ

    ခြောက်ခြောက်ကပ်ကပ်

    [kʰɹɔ́ɛʔkʰɹɔ́ɛʔkaʔkaʔ]
    (ဥပစာ) အစားအသီာက် ချို့တဲ့ရေ။ ခေါင်းပါးရေ။ ပါးရှားသည်
    (ဥပစာ) အစားအသောက် ချို့တဲ့သည်။ ခေါင်းပါးသည်။ ပါးရှားသည်
    needy
    နာမဝိသေသန

    ခြောက်ခြောက်ခြဲခြဲ

    [kʰɹɔ́ɛʔkʰɹɔ́ɛʔkʰɹɛkʰɹɛ]
    ၁၊ အသားအရီ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွိ့ ဖွယ်ကောင်းရေ။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မဟိရေ။ ၄၊ အစားအသီာက် ခေါင်းပါးချို့တဲ့သော
    ၁၊ အသားအရေ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွေ့ ဖွယ်ကောင်းသော။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မရှိသော။ ၄၊ အစားအသောက် ခေါင်းပါးချို့တဲ့သော
    dull
    နာမဝိသေသန

    ခြောက်ခြောက်ငတ်

    [kʰɹɔ́ɛʔkʰɹɔ́ɛʔŋaʔ]
    အစားအသီာက် ချို့တဲ့ရေ။ ခေါင်းပါးရေ။ ပါးရှားသည်
    အစားအသောက် ချို့တဲ့သည်။ ခေါင်းပါးသည်။ ပါးရှားသည်
    needy
    ကြိယာ

    ခြောက်ခြောက်ငတ်ငတ်

    [kʰɹɔ́ɛʔkʰɹɔ́ɛʔŋaʔŋaʔ]
    အစားအသီာက် ချို့တဲ့ရေ။ ခေါင်းပါးရေ။ ပါးရှားသည်
    အစားအသောက် ချို့တဲ့သည်။ ခေါင်းပါးသည်။ ပါးရှားသည်
    needy
    ကြိယာ

    ခြောက်ခြဲ

    [kʰɹɔ́ɛʔkʰɹɛ]
    ၁၊ အသားအရီ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွိ့ ဖွယ်ကောင်းရေ။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မဟိရေ။ ၄၊ အစားအသီာက် ခေါင်းပါး ချို့တဲ့သော
    ၁၊ အသားအရေ လျော့ပါး ကျုံ့ယုံ့သော။ ၂၊ ပျင်းရိစရာ ငြီးငွေ့ ဖွယ်ကောင်းသော။ ၃၊ စိုပြည် သာယာ လန်းဆန်းခြင်း ကင်းသော။ စွတ်စိုခြင်း မရှိသော။ ၄၊ အစားအသောက် ခေါင်းပါး ချို့တဲ့သော
    dull
    နာမဝိသေသန

    ခြောက်စ

    [kʰɹɔ́ɛʔs]
    ၁၊ လူကို မပူးကပ်ဝံ့ရေ အသီးစား ဖုတ်ဆစ္ဆီ၊ သဆီ။ ၂၊ လူကို ခြောက်လှန်တတ်ရေ ဖုတ်ဆစ္ဆီ၊ သဆီ
    ၁၊ လူကို မပူးကပ်ဝံ့သည့် အသေးစား ဖုတ်တစ္ဆေ။ ၂၊ လူကို ခြောက်လှန်တတ်သော ဖုတ်တစ္ဆေ
    evil spirit
    နာမ်

    ခြောက်တောင်ဗျိုင်း

    [kʰɹɔ́ɛʔtàʊɴbráɪɴ]
    လိုင်တံ၊ ခြေတံရှည်ပြီး ဖြူးဖွေးသော အမွီးအရောင် ဟိရေ ဗျိုင်းတမျိုး
    လည်တံ၊ ခြေတံရှည်ပြီး ဖြူးဖွေးသော အမွေးအရောင် ရှိသော ဗျိုင်းတစ်မျိုး
    egret
    နာမ်

    ခြောက်ပေါက်

    [kʰɹɔ́ɛʔpaʊʔ]
    ခြေကို သွင်း၍ ချုပ်ရရေ သစ်သားထိတ်။ ခြေထိတ်
    ခြေကို သွင်း၍ ချုပ်ရသော သစ်သားထိတ်။ ခြေထိတ်
    manacle
    နာမ်

    ခြောက်ပြစ်စင်

    [kʰɹɔ́ɛʔpɹɪʔsɪ̀ɴ]
    ၁၊ အပြစ် ကင်းစင်သော။ ၂၊ ချောမွတ် ပြေပြစ်သော။ ၃၊ အနာမဲ့ ကင်းသော
    ၁၊ အပြစ် ကင်းစင်သော။ ၂၊ ချောမွတ် ပြေပြစ်သော။ ၃၊ အနာမဲ့ ကင်းသော
    blameless
    နာမဝိသေသန

    ခြောက်ပြစ်စင်၂

    [kʰɹɔ́ɛʔpɹɪʔsɪ̀ɴ၂]
    အပြစ်အားလုံး ကင်းသည်၏ အဖြစ်။ ၂၊ ချောမွတ် ပြေပြစ်ရေ၏ အဖြစ်။ ၃၊ အနာမဲ့ ကင်းသူ၏ အဖြစ်။ ခြောက်ပြစ်စင်၊ ညင်းပင်မဟိ၊ မေရို့ကိုယ်မာ၊ ချောအတိ(ရိုး)
    အပြစ်အလုံးစုံ ကင်းသည်၏ အဖြစ်။ ၂၊ ချောမွတ် ပြေပြစ်သည်၏ အဖြစ်။ ၃၊ အနာမဲ့ ကင်းသူ၏ အဖြစ်။ ခြောက်ပြစ်စင်၊ ညင်းပင်မဟိ၊ မေရို့ကိုယ်မှာ၊ ချောတိတိ(ရိုး)
    blameless
    နာမ်

    ခြောက်ဘီလူး

    [kʰɹɔ́ɛʔbʱílùး]
    တံပက်လူ ကြောက်ရွံ့လာစီရန် တခုတရီ အသွင်ပြုလုပ်ပနာ မျိုးက်ခြောက်ခြောက်သော စကားလုံးတိ
    တစ်ဘက်သား ကြောက်ရွံ့လာစေရန် တစ်စုံတစ်ခု အသွင်ပြုလုပ်၍ ခြိမ်းခြောက်သော စကားလုံးများ
    frighten
    နာမ်

    ခြောက်ရောင်း

    [kʰɹɔ́ɛʔɹáʊɴ]
    အလွန်ခြောက်သွိသော
    အလွန်ခြောက်သွေ့သော
    dry
    နာမဝိသေသန

    ခြောက်လှန့်

    [kʰɹɔ́ɛʔɬàɴ့]
    လူကို ကြောက်လန့် စီရေ
    လူကို ကြောက်လန့် စေသည်
    frighten
    ကြိယာ

    ခြောက်သရော်

    [kʰɹɔ́ɛʔθɹɔ̀]
    (ထင်) ခြောက်သွိရေ အယောင်၊ အသွင်
    (ထင်) ခြောက်သွေ့သည့် အယောင်၊ အသွင်
    dry
    နာမ်

    ခြောက်သရော်၂

    [kʰɹɔ́ɛʔθɹɔ̀၂]
    စိုပြည်ခြင်း မဟိရေ။ ညှိုးသွေ့ရေ။ ခန်းသည်
    စိုပြည်ခြင်း မရှိသည်။ ညှိုးသွေ့သည်။ ခန်းသည်
    dry
    ကြိယာ

    ခြောက်သရော်၃

    [kʰɹɔ́ɛʔθɹɔ̀၃]
    စိုပြည်ခြင်း မဟိရေ။ ညှိုးသွေ့သော။ ခန်းသော
    စိုပြည်ခြင်း မရှိသော။ ညှိုးသွေ့သော။ ခန်းသော
    dry
    နာမဝိသေသန

    ခြောက်သွိ.

    [kʰɹɔ́ɛʔθwì.]
    စိမ်းလန် စိုပြည်ခြင်း ကင်းသော။ လတ်ဆတ်ခြင်း မဟိရေ
    စိမ်းလန် စိုပြည်ခြင်း ကင်းသော။ လတ်ဆတ်ခြင်း မရှိသော
    dry
    နာမဝိသေသန

    ခြောင်းကတ်

    [kʰɹáʊɴkaʔ]
    ခဲယဉ်းစွာ ဆိုးရရေ ချောင်း
    ခဲယဉ်းစွာ ဆိုးရသော ချောင်း
    cough
    နာမ်