Dictionary Entries
Showing 1,601–1,620 of 1,812 words
ခ
ခြောင်းခြောက်
[kʰɹáʊɴkʰɹɔ́ɛʔ]
Arakanese:
သလိပ်ကောင်းစွာ မရပဲ ခြောင်းဆိုးသော ခြောင်းဆိုးနာ
Burmese:
သလိပ်ကောင်းစွာ မရပဲ ချောင်းဆိုးသော ချောင်းဆိုးနာ
English:
cough
Grammar Note:
နာမ်
ခြောင်းခြောင်း
[kʰɹáʊɴkʰɹáʊɴ]
Arakanese:
လိုင်ခြောင်းမှ ချွဲသလိပ် တခြောင်းခြောင်း မြည်သော အသံ
Burmese:
လည်ချောင်းမှ ချွဲသလိပ် တခြောင်းခြောင်း မြည်သော အသံ
English:
cough
Grammar Note:
နာမ်
ခြောင်းခြောင်း၂
[kʰɹáʊɴkʰɹáʊɴ၂]
Arakanese:
(မာန်မာန၊ ဒေါသအမျက်) ပြင်းထန်စွာ။ ဒေါသအမျက်၊ ခြောင်းခြောင်း ထွက်ပြီးကေ (ရခိုင်ကာ)
Burmese:
(မာန်မာန၊ ဒေါသအမျက်) ပြင်းထန်စွာ။ ဒေါသအမျက်၊ ခြောင်းခြောင်း ထွက်၍ (ရခိုင်ကာ)
English:
angry
Grammar Note:
ကြိယာဝိသေသန
ခြောင်းဆိုး
[kʰɹáʊɴsʰó]
Arakanese:
ခံမားမှ တွန်းထွက်လှာသော လီကြောင့် လိုင်ခြောင်းမှ ခွပ်ခွပ်ဆိုရေ အသံကို ဖြစ်စီသည်
Burmese:
ခံတွင်းမှ တွန်းထွက်လာသော လေကြောင့် လည်ချောင်းမှ ခွပ်ခွပ်ဟူသော အသံကို ဖြစ်စေသည်
English:
cough
Grammar Note:
ကြိယာ
ခြောင်းဆိုးသွီးပါ
[kʰɹáʊɴsʰóθwïpà]
Arakanese:
ခြောင်းဆိုးရေအခါ သွီးပါလာတတ်ရေ အနာ
Burmese:
ချောင်းဆိုးသည့်အခါ သွေးပါလာတတ်သော အနာ
English:
consumption
Grammar Note:
နာမ်
ခြောင့်ဆောင်ထိုင်
[kʰɹa̰ʊɴsʰàʊɴtʰàɪɴ]
Arakanese:
၁၊ ခြေဖဝါး နှစ်ဘက်ကို မြေမာချပနာ ခြေသလုံးသားနန့် ပေါင်းရင်းထိကာ ဒူးနှစ်ဘက်ကို စိဗျာယ် ထိုင်ရေ။ ၂၊ (ဥပစာ) ဝန်ဥစ္စာ ပျက်စီး ဆုံးပါးခြင်းသို့ ရောက်ရေ။ ၃၊ နာလန် မထူနိုင် ဖြစ်တေ
Burmese:
၁၊ ခြေဖဝါး နှစ်ဘက်ကို မြေတွင်ချ၍ ခြေသလုံးသားနှင့် ပေါင်းရင်းထိကာ ဒူးနှစ်ဘက်ကို စေ့လျက် ထိုင်သည်။ ၂၊ (ဥပစာ) ပစ္စည်းဥစ္စာ ပျက်စီး ဆုံးပါးခြင်းသို့ ရောက်သည်။ ၃၊ နာလန် မထူနိုင် ဖြစ်သည်
English:
sit
Grammar Note:
ကြိယာ
ခြောင်းနက်
[kʰɹáʊɴnɛʔ]
Arakanese:
ခဲယဉ်းစွာ ဆိုးရရေ ချောင်း
Burmese:
ခဲယဉ်းစွာ ဆိုးရသော ချောင်း
English:
cough
Grammar Note:
နာမ်
ခြောင်းသံ
[kʰɹáʊɴθံ]
Arakanese:
ခြောင်းဆိုးသော အသံ။ ချောင်းဟန့်သော အသံ
Burmese:
ချောင်းဆိုးသော အသံ။ ချောင်းဟန့်သော အသံ
English:
cough
Grammar Note:
နာမ်
ခြောင်းဟက်
[kʰɹáʊɴhɛʔ]
Arakanese:
လိုင်ခြောင်း အာစေါက်မှ ကပ်နိန်ရေ ချွဲ၊ သလိပ် အစဟိစွာ ထွက်အောင် ခြောင်းဆိုးရေ
Burmese:
လည်ချောင်း အာစေါက်မှ ကပ်နေသော ချွဲ၊ သလိပ် စသည် ထွက်အောင် ချောင်းဆိုးသည်
English:
cough
Grammar Note:
ကြိယာ
ခြောင်းဟန့်
[kʰɹáʊɴhàɴ့]
Arakanese:
ကုဋီဝင်ရေအခါ ဖြစ်စီ၊ တခုတရီ အကြောင်းကိစ္စဖြင့် မထေရ်ကြီးပါးကို သွားရေအခါ ဖြစ်စီ လာမှန်း(လူဟိမှန်း) သိယောင် အဟမ်းအဟမ်း ဆိုရေ (ခြောက်ဟန့်)သော အသံကို ပြုသည်
Burmese:
ကုဋီဝင်သည့်အခါ ဖြစ်စေ၊ တစ်စုံတစ်ခု အကြောင်းကိစ္စဖြင့် မထေရ်ကြီးထံသို့ သွားသည့်အခါ ဖြစ်စေ လာမှန်း(လူရှိမှန်း) သိအောင် အဟမ်းအဟမ်း ဟူသော (ခြောက်ဟန့်)သော အသံကို ပြုသည်
English:
hem
Grammar Note:
ကြိယာ
ခြော်
[kʰɹɔ̀]
Arakanese:
၁၊ ကြမ်းတမ်းရွီတွက်နန့်။ ၂၊ တောင့်တင်းမာကျောဗျာယ်
Burmese:
၁၊ ကြမ်းတမ်းသောအားဖြင့်။ ၂၊ တောင့်တင်းမာကျောလျက်
English:
rude
Grammar Note:
ကြိယာဝိသေသန
ခြော်ခြော်ငတ်ငတ်
[kʰɹɔ̀kʰɹɔ̀ŋaʔŋaʔ]
Arakanese:
၁၊ ကြမ်းတမ်းခက်မာသော အတွိဟိသော။ ၂၊ တောင့်တင်းမာကျော ခက်ရော်ဟိရေ။ ၃၊ ပျော့ပျောင်းခြင်းမဟိရေ
Burmese:
၁၊ ကြမ်းတမ်းခက်မာသော အတွေ့ရှိသော။ ၂၊ တောင့်တင်းမာကျော ခက်ရော်ရှိသော။ ၃၊ ပျော့ပျောင်းခြင်းမရှိသော
English:
rude
Grammar Note:
နာမဝိသေသန
ခြော်ခြော်ငေါ်ငေါ်
[kʰɹɔ̀kʰɹɔ̀ŋɔ̀ŋɔ̀]
Arakanese:
၁၊ နူးညံ့ပျော့ပျောင်း ချောမွတ်ခြင်း ကင်းသော။ ၂၊ ကြမ်းတမ်း ခက်ထန်သော
Burmese:
၁၊ နူးညံ့ပျော့ပျောင်း ချောမွတ်ခြင်း ကင်းသော။ ၂၊ ကြမ်းတမ်း ခက်ထန်သော
English:
rude
Grammar Note:
နာမဝိသေသန
ခြော်ခြော်ရော်ရော်
[kʰɹɔ̀kʰɹɔ̀ɹɔ̀ɹɔ̀]
Arakanese:
၁၊ နူးညံ့ ပျော့ပျောင်း ချောမွတ်ခြင်း ကင်းသော။ ၂၊ ကြမ်းတမ်း ခက်ထန်သော
Burmese:
၁၊ နူးညံ့ ပျော့ပျောင်း ချောမွတ်ခြင်း ကင်းသော။ ၂၊ ကြမ်းတမ်း ခက်ထန်သော
English:
rude
Grammar Note:
နာမဝိသေသန
ခြဲ
[kʰɹɛ]
Arakanese:
တခုနန့်တခု ကွာလှမ်းရေ။ အကြားကျယ်ရေ။ တခုနှင့်တခု ကြဲအောင် ခြဲရေ
Burmese:
တစ်ခုနှင့်တစ်ခု ကွာလှမ်းသည်။ အကြားကျယ်သည်။ တစ်ခုနှင့်တစ်ခု ကြဲအောင် ခြဲရေ
English:
distance
Grammar Note:
ကြိယာ
ခြဲ၂
[kʰɹɛ၂]
Arakanese:
(ကြောက်လန့်ဖွယ် ရုပ်သွင် ပေါ်ယောင် ပစကို) ဖြဲရေ။ တောင်မြောက်စိုင်းပြေး၊ ပစကျယ်ကေ၊ အစွယ်ခေါပျာ၊ လားကတ်ီးခြဲလို့ (ဝိဇယ)
Burmese:
(ကြောက်လန့်ဖွယ် ရုပ်သွင် ပေါ်အောင် ပါးစပ်ကို) ဖြဲသည်။ တောင်မြောက်စိုင်းပြေး၊ ပစကျယ်ကေ၊ အစွယ်ခေါပျာ၊ သွားကြီးခြဲလို့ (ဝိဇယ)
English:
tear widen
Grammar Note:
ကြိယာ
ခြဲခြီခြဲခြောက်
[kʰɹɛkʰɹìkʰɹɛkʰɹɔ́ɛʔ]
Arakanese:
၁၊ အသားအရီကြုံလှီ၍ အသားနန့်အရိုး ထိစပ်လုသော။ ပိန်ကပ်သော။ ၂၊ စိမ်းလန်းစိုပြေမှု မဟိရေ
Burmese:
၁၊ အသားအရေကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ပိန်ကပ်သော။ ၂၊ စိမ်းလန်းစိုပြေမှု မရှိသော
English:
skinny
Grammar Note:
နာမဝိသေသန
ခြဲခြူ
[kʰɹɛkʰɹù]
Arakanese:
ပင်နာခါချီး။ သလိပ်ဆို့ပိတ်ပနာ အသက်ရှုကျပ်သော ရောဂါ
Burmese:
ပန်းနာ။ သလိပ်ဆို့ပိတ်၍ အသက်ရှုကျပ်သော ရောဂါ
English:
asthma
Grammar Note:
နာမ်
ခြဲခြဲခြောက်
[kʰɹɛkʰɹɛkʰɹɔ́ɛʔ]
Arakanese:
၁၊ အသားအရီကြုံလှီ၍ အသားနန့်အရိုး ထိစပ်လုသော။ ပိန်ကပ်သော။ ၂၊ စိမ်းလန်းစိုပြေမှု မဟိရေ
Burmese:
၁၊ အသားအရေကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ပိန်ကပ်သော။ ၂၊ စိမ်းလန်းစိုပြေမှု မရှိသော
English:
skinny
Grammar Note:
နာမဝိသေသန
ခြဲခြဲခြောက်၂
[kʰɹɛkʰɹɛkʰɹɔ́ɛʔ၂]
Arakanese:
(ဥပစါ) အစားအသီာက် ယှားပါးရေ။ ငတ်မွတ်ရေ။ ခေါင်းပါးရေ။ ၂၊ လူနီရပ်ကွက်မှ ကဂေါင်းဝီးကွာရေ။ ၃၊ စည်ကားမှု မဟိဖြစ်တေ
Burmese:
(ဥပစါ) အစားအသောက် ရှားပါးသည်။ ငတ်မွတ်သည်။ ခေါင်းပါးသည်။ ၂၊ လူနေရပ်ကွက်မှ အလွန်ဝေးကွာသည်။ ၃၊ စည်ကားမှု မရှိဖြစ်သည်
English:
starve
Grammar Note:
ကြိယာ