Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,681–1,700 of 1,812 words

    ခ

    ခွက်စောင်းသတ်

    [kʰwɛʔsáʊɴθaʔ]
    အဆင့်အတန်း တူညီရေ ဘဝတူ အချင်းချင်း သဖောကွဲလွဲရန် ဖြစ်ကတ်တေ
    အဆင့်အတန်း တူညီသည့် ဘဝတူ အချင်းချင်း သဘော ကွဲလွဲရန် ဖြစ်ကြသည်
    disagree
    ကြိယာ

    ခွက်တောင်းပြန်

    [kʰwɛʔtáʊɴpɹàɴ]
    စုန်း၊ ဖုတ်၊ ဆစ္ဆီ၊ သဆီ အစဟိရေ မကောင်းဆိုးဝါးရို့ကို အစာထည့် ကျွေးရရေ အောက်ခြီပါရေ ခေါပန်းတောင်း
    စုန်း၊ ဖုတ်၊ တစ္ဆေ စသော မကောင်းဆိုးဝါးတို့ကို အစာထည့် ကျွေးရသော အောက်ခြေပါသော ခေါပန်းတောင်း
    knock cup
    နာမ်

    ခွက်ပေါင်းမုန့်

    [kʰwɛʔpèàɪ́ɴmòʊɴ့]
    ဆန်ကို ညက်အောင် ထောင်းထားရေ မုန့်မှုန်ဖြင့် ခွက်မာထည့်ပနာ ပေါင်းအိုးအထက်မာ တင်ကာ ပေါင်းထားရေ စားစရာ မုန့်တမျိုး
    ဆန်ကို ညက်အောင် ထောင်းထားသော မုန့်မှုန်ဖြင့် ခွက်တွင်ထည့်၍ ပေါင်းအိုးအထက်၌ တင်ကာ ပေါင်းထားသော စားစရာ မုန့်တစ်မျိုး
    steamed rice cake
    နာမ်

    ခွက်မှောက်

    [kʰwɛʔm̥ɔ́ɛʔ]
    အလွန်အကျွံ (စားရေ။) အလွန်အကျွံ (စားသည်)
    အလွန်အကျွံ (စားသည်။) အလွန်အမင်း (စားသည်)
    moderate eating
    ကြိယာဝိသေသန

    ခွကျ

    [kʰwt͡ɕ]
    ၁၊ ဟိုမရောက် သည်မရောက် ဖြစ်တေ။ ဗရမ်းဗတာ ကမောက်ကမဖြစ်တေ။ ၂၊ မကိုက် နီရာမကျ ဖြစ်တေ
    ၁၊ ဟိုမရောက် သည်မရောက် ဖြစ်သည်။ အစီအစဉ်မကျ ကမောက်ကမဖြစ်သည်။ ၂၊ အဆင်မပြေ နေရာမကျ ဖြစ်သည်
    does not fit
    ကြိယာ

    ခွင်

    [kʰwɪ̀ɴ]
    ထမင်းချက်ဖို့ ဖိုခုံလောက် ဆိုင်ထားရေ့ မီးဖို။ ထမင်းကျက်ကေ ခွင်ကအိုးကို ထုတ်ယူခ။ ၂၊ အုပ်ချုပ်မှုဆိုင်ရာ အရပ် အပိုင်းအရာ။ ကန့်သတ် ပိုင်းခြာထားရေ အရပ်ဒေသ။ အကျယ်အဝန်း။ ၃၊ တခွင်တပြင်။ တစုတဝန်း။ လူတလွှား။ ပတ်ပတ်မွိန့်ကျင်၊ ရက်ကန်းခွင်ကို၊ ဝင်ရုံဝင
    ထမင်းချက်ရန် ဖိုခုံလောက် ဆိုင်ထားသည့် မီးဖို။ ထမင်းကျက်ကေ ခွင်ကအိုးကို ထုတ်ယူခ။ ၂၊ အုပ်ချုပ်မှုဆိုင်ရာ အရပ် အပိုင်းအခြား။ ကန့်သတ် ပိုင်းခြားထားသော အရပ်ဒေသ။ အကျယ်အဝန်း။ ၃၊ တစ်ခွင်တစ်ပြင်။ တစ်စုတစ်ဝန်း။ လူတလွှား။ ပတ်ပတ်မွိန့်ကျင်၊ ရက်ကန်းခွင်ကို၊ ဝင်ရုံဝင
    make or build a fire
    နာမ်

    ခွင့်

    [kʰwɪ̀ɴ့]
    ၁၊ အကြောင်းကိစ္စ တခုတရီကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ရီး။ အခွင့်။ ၂၊ အမှု။ ကိစ္စ။ အကြောင်း
    ၁၊ အကြောင်းကိစ္စ တစ်စုံတစ်ခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရေး။ အခွင့်။ ၂၊ အမှု။ ကိစ္စ။ အကြောင်း
    leave
    နာမ်

    ခွင်း

    [kʰwɪ́ɴ]
    ၁၊ ထိုးဖေါက်ရေ။ ချိုင်းနင်းဝင်ရေ။ လကိုကြယ်ခွင်း၊ ချင်းနင်းဖေါက်က၊ ရောက်ကြမတ်မာ၊ ဥပါဒ်သာတည်း (ပါရာ)။ ၂၊ ရန်စစွာကို ဖိနှိပ် ဆုံးမရေ။ နိုင်နင်းအောင် လုပ်ရေ။ ထိမှန်ယောင် ပစ်ခတ်ရေ။ မာရယု မင်းသည် ဘီးလူးရန်ကို ပယ်ခွင်းသတ်လေ၏ (တောင်)
    ၁၊ ထိုးဖေါက်သည်။ ချဉ်းနင်းဝင်သည်။ လကိုကြယ်ခွင်း၊ ချင်းနင်းဖေါက်က၊ ရောက်ကြမင်းမှာ၊ ဥပါဒ်သာတည်း (ပါရာ)။ ၂၊ ရန်စသည်ကို ဖိနှိပ် ဆုံးမသည်။ နိုင်နင်းအောင် လုပ်သည်။ ထိမှန်အောင် ပစ်ခတ်သည်။ မာရယု မင်းသည် ဘီးလူးရန်ကို ပယ်ခွင်းသတ်လေ၏ (တောင်)
    destroy
    ကြိယာ

    ခွင်၂

    [kʰwɪ̀ɴ၂]
    ၁၊ စိကေချေ ကွေးဝိုက်သော။ ခြီခွင်၊ လက်ခွင် စရေ။ ၂၊ ပြားချပ်ချပ် ဟိရေ။ ထိပ်ခွင်မာ လောက်စာသီးကျလို့ သွီးထွက်တေ
    ၁၊ အနည်းငယ် ကွေးဝိုက်သော။ ခြီခွင်၊ လက်ခွင် စသည်။ ၂၊ ပြားချပ်ချပ် ရှိသော။ ထိပ်ခွင်မှာ လောက်စာသီးကျလို့ သွီးထွက်တေ
    bowleg
    နာမဝိသေသန

    ခွင်ခနောက်

    [kʰwɪ̀ɴkʰnɔ́ɛʔ]
    ဘိတ်မြေဖြင့် ပင်ဖြစ်ဖြစ်၊ သံဖြင့် ပင်ဖြစ်ဖြစ် ထမင်း၊ ဟင်းချက်ရာမာ မီးသျှိန်ထက်မာ အိုးတင်ရန် ပြုလုပ်ထားရေ ဝန်။ ခုံတောက်
    ရွှံ့မြေဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာ၌ မီးရှိန်ထက်တွင် အိုးတင်ရန် ပြုလုပ်ထားသော ပစ္စည်း။ ဖိုခနောက်
    tripod stand
    နာမ်

    ခွင်ခလောက်

    [kʰwɪ̀ɴkʰlɔ́ɛʔ]
    ဘိတ်မြေဖြင့် ပင်ဖြစ်ဖြစ်၊ သံဖြင့် ပင်ဖြစ်ဖြစ် ထမင်း၊ ဟင်းချက်ရာမာ မီးသျှိန်ထက်မာ အိုးတင်ရန် ပြုလုပ်ထားရေ ဝန်။ ခုံတောက်
    ရွှံ့မြေဖြင့် လည်းကောင်း၊ သံဖြင့် လည်းကောင်း ထမင်း၊ ဟင်းချက်ရာ၌ မီးရှိန်ထက်တွင် အိုးတင်ရန် ပြုလုပ်ထားသော ပစ္စည်း။ ဖိုခနောက်
    tripod stand
    နာမ်

    ခွင်ခြီထောက်

    [kʰwɪ̀ɴkʰɹìtʰɔ́ɛʔ]
    ထမင်း၊ ဟင်းချက်ဖို့ အိုးကို ခုခံ ထောက်ပင့်ထားရေ အချောင်းအတံ
    ထမင်း၊ ဟင်းချက်ရန် အိုးကို ခုခံ ထောက်ပင့်ထားသော အချောင်းအတံ
    tripod stand
    နာမ်

    ခွင်ဆရာ

    [kʰwɪ̀ɴsʰɹà]
    ပိုင်းခြား သတ်မှတ်ထားရေ အုပ်ချုပ်မှုဆိုင်ရာ နယ်ပယ်ခရိုင် တခုကို အုပ်ချုပ်ရေ အုပ်ချုပ်ရီးမှုး။ နယ်ပိုင်
    ပိုင်းခြား သတ်မှတ်ထားသော အုပ်ချုပ်မှုဆိုင်ရာ နယ်ပယ်ခရိုင် တစ်ခုကို အုပ်ချုပ်သော အုပ်ချုပ်ရေးမှုး။ နယ်ပိုင်
    feudal lord
    နာမ်

    ခွင့်တိုင်

    [kʰwɪ̀ɴ့tàɪɴ]
    ကျရောက်ရေ့ တာဝန် ပျက်ကွက်မှုကြောင့် ဥပဒေအရ တောင်းပန်ရေ
    ကျရောက်သည့် တာဝန် ပျက်ကွက်မှုကြောင့် ဥပဒေအရ တောင်းပန်သည်
    ask leave
    ကြိယာ

    ခွင့်တောင်း

    [kʰwɪ̀ɴ့táʊɴ]
    အကြောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ဖို့ တောင်းပန်ရေ
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်
    ask permission
    ကြိယာ

    ခွင့်ပန်

    [kʰwɪ̀ɴ့pàɴ]
    အကြောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ဖို့ တောင်းပန်ရေ
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်
    ask leave
    ကြိယာ

    ခွင့်ပီး

    [kʰwɪ̀ɴ့pï]
    အကြောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ဖို့ တောင်းပန်ရေကို ဆန္ဒအတိုင်း ဖြစ်စီသည်
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်ကို ဆန္ဒအတိုင်း ဖြစ်စေသည်
    give permission
    ကြိယာ

    ခွင့်ပြု

    [kʰwɪ̀ɴ့pɹoʊ]
    အကြောင်းကိစ္စ တခုခုကို အချုပ်အချယ် မဟိဘဲ ဆောင်ရွက်နိုင်ဖို့ တောင်းပန်ရေကို ဆန္ဒအတိုင်း ဖြစ်စီသည်
    အကြောင်းကိစ္စ တစ်ခုခုကို အချုပ်အချယ် ကင်းမဲ့စွာ ဆောင်ရွက်နိုင်ရန် တောင်းပန်သည်ကို ဆန္ဒအတိုင်း ဖြစ်စေသည်
    give permission
    ကြိယာ

    ခွင့်ယူ

    [kʰwɪ̀ɴ့jù]
    ကျရောက်ရေ့ တာဝန် ပျက်ကွက်မှုအတွက် ဥပဒေအရ အခွင့်အရီးပီးရန် ပြောဆိုရေ
    ကျရောက်သည့် တာဝန် ပျက်ကွက်မှုအတွက် ဥပဒေအရ အခွင့်အရေးပေးရန် ပြောဆိုသည်
    take leave
    ကြိယာ

    ခွင့်ရက်

    [kʰwɪ̀ɴ့ɹɛʔ]
    လုပ်ငန်း ဆောင်ရွက်မှု ကိစ္စကင်းရှင်းစွာ နေခွင့်ရရေ ရက်
    လုပ်ငန်း ဆောင်ရွက်မှု ကိစ္စကင်းရှင်းစွာ နေခွင့်ရသော ရက်
    leave
    နာမ်