Dictionary Entries
Showing 1,721–1,740 of 1,812 words
ခ
ခွတ်သတ်
[kʰwaʔθaʔ]
Arakanese:
သီယောင် ပြုရေ။ ဒါးဖြင့် သတ်ဖြတ်ရေ။ ငါမာနီပါရေ သန်ဗျာယ် ဒါးနန့်၊ ငါလျှင်ခွတ်သတ်မည် (ဓမ္မက)
Burmese:
သေအောင် ပြုသည်။ ဒါးဖြင့် သတ်ဖြတ်သည်။ ငါမှာပါရေ သန်လျက် ဒါးနန့်၊ ငါလျှင်ခွတ်သတ်မည် (ဓမ္မက)
English:
kill
Grammar Note:
ကြိယာ
ခွန်
[kʰʊ̀ɴ]
Arakanese:
လယ်ယာ ဥယျာဉ်ခြံမှ ထွက်သော ဝန်
Burmese:
လယ်ယာ ဥယျာဉ်ခြံမှ ထွက်သော ပစ္စည်း
English:
Home-grown
Grammar Note:
နာမ်
ခွန်း
[kʰʊ́ɴ]
Arakanese:
နှုတ်ဖြင့် ထုတ်ဖေါ် ပြောဆိုရေ စကားလုံး
Burmese:
နှုတ်ဖြင့် ထုတ်ဖေါ် ပြောဆိုသော စကားလုံး
English:
speech
Grammar Note:
နာမ်
ခွန်း၂
[kʰʊ́ɴ၂]
Arakanese:
စကားလုံးကို ရွီတွက်ရာမာ အသုံးပြုရရေ စကားလုံး။ တခွန်းခေါ် ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ် ကျော်ကျော်မထူး(ဇမ်း)
Burmese:
စကားလုံးကို ရေတွက်ရာတွင် အသုံးပြုရသော စကားလုံး။ တခွန်းခေါ် ကျော်ကျော်မထူး၊ နှစ်ခွန်းခေါ် ကျော်ကျော်မထူး(ဇမ်း)
English:
counting speech
Grammar Note:
ပစ္စည်း
ခွန်စိုက်
[kʰʊ̀ɴsaɪʔ]
Arakanese:
ကြိုးစား အားထုတ်သည်
Burmese:
ကြိုးစား အားထုတ်သည်
English:
with might and main
Grammar Note:
ကြိယာ
ခွန်းတိုက်
[kʰʊ́ɴtaɪʔ]
Arakanese:
ဝန်ရောင်းချရာမာ ဈီးမှန်၊ ဝန်မှန်၊ တခွန်းတိုက်စကား။ (ဈီးဆိုက်စရာ မလို)
Burmese:
ပစ္စည်းရောင်းချရာ၌ ဈေးမှန်၊ ပစ္စည်းမှန်၊ တစ်ခွန်းတိုက်စကား။ (ဈေးဆိုက်စရာ မလို)
English:
prevailing price
Grammar Note:
နာမ်
ခွန်းတိုင်းချီချ
[kʰʊ́ɴtáɪɴɕíɕ]
Arakanese:
စကားပြောတိုင်း ပြောတိုင်းသော အခါရို့မာ ရုန့်ရင်း ကြမ်းတမ်းသော စကားတိကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုဗျာယ်
Burmese:
စကားပြောတိုင်း ပြောတိုင်းသော အခါတို့၌ ရုန့်ရင်း ကြမ်းတမ်းသော စကားများကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုလျက်
English:
rude-violent-rough-harsh
Grammar Note:
ကြိယာဝိသေသန
ခွန်းတိုင်းပြန်
[kʰʊ́ɴtáɪɴpɹàɴ]
Arakanese:
စကားပြောသမျှ ပြန်လှန် ပြောဆိုရေ
Burmese:
စကားပြောသမျှ ပြန်လှန် ပြောဆိုသည်
English:
talk back
Grammar Note:
ကြိယာ
ခွန့်တုံကြီးငယ်
[kʰʊ̀ɴ့tòʊɴt͡ɕïŋɛ̀]
Arakanese:
တယောက်နှင့် တယောက် မာန်လိုမာန်ပါ ဒေါနှင့်မောနန့် အတုံအပြန် ပြောသော စကားအစု
Burmese:
တစ်ယောက်နှင့် တစ်ယောက် မာန်လိုမာန်ပါ ဒေါနှင့်မောနှင့် အတုံအပြန် ပြောသော စကားအစု
English:
talk back
Grammar Note:
နာမ်
ခွန့်တုံကြီးငယ်၂
[kʰʊ̀ɴ့tòʊɴt͡ɕïŋɛ̀၂]
Arakanese:
တယောက်နှင့် တယောက် စိတ်လက်မာန်ပါ အပြန်အလှန် စကားပြောဆို ကတ်တေ
Burmese:
တစ်ယောက်နှင့် တစ်ယောက် စိတ်လိုက်မာန်ပါ အပြန်အလှန် စကားပြောဆို ကြသည်
English:
talk back
Grammar Note:
ကြိယာ
ခွန်းတုတ်
[kʰʊ́ɴtoʊʔ]
Arakanese:
(တခုတရီသို့ လားဖို့) ခေါ်ဆောင်ရေ။ ပြည်တော်နန်းကို၊ ခွန်းတုတ်ခေါ်ကေ (ကော်)
Burmese:
(တစ်စုံတစ်ခုသို့ သွားရန်) ခေါ်ဆောင်သည်။ ပြည်တော်နန်းကို၊ ခွန်းတုတ်ခေါ်ကေ (ကော်)
English:
summon
Grammar Note:
ကြိယာ
ခွန်းဟချီချ
[kʰʊ́ɴhɕíɕ]
Arakanese:
စကားပြောတိုင်း ပြောတိုင်းသော အခါရို့မာ ရုန့်ရင်း ကြမ်းတမ်းသော စကားတိကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုဗျာယ်
Burmese:
စကားပြောတိုင်း ပြောတိုင်းသော အခါတို့၌ ရုန့်ရင်း ကြမ်းတမ်းသော စကားများကို ပြောဆိုမြဲ ပြောဆိုခြင်းကို ပြုလျက်
English:
rude-violent-rough-harsh
Grammar Note:
ကြိယာဝိသေသန
ခွန်အား
[kʰʊ̀ɴá]
Arakanese:
ထမ်းချီ ရွက်ဆောင်နှိုင်ရေ အင်အား။ အရည်အခြင်း။ သတ္တိ
Burmese:
ထမ်းချီ ရွက်ဆောင်နိုင်သော အင်အား။ အရည်အချင်း။ သတ္တိ
English:
strength
Grammar Note:
နာမ်
ခွန်အားစိုက်
[kʰʊ̀ɴásaɪʔ]
Arakanese:
မနားမနီ ကြိုးကုတ်လုံ့လ အားထုတ်ဗျာယ်
Burmese:
မနားမနေ ကြိုးကုတ်လုံ့လ အားထုတ်လျက်
English:
with might and main
Grammar Note:
ကြိယာဝိသေသန
ခွပစာထမင်း
[kʰwpsàtʰmɪ́ɴ]
Arakanese:
၁၊ သဒ္ဓါတရားမဟိဘဲ မတတ်ပိုပြီးကေသာ ကျွေးရ၊ စားရရေ ထမင်း။ ၂၊ လူသီအတွက် ချက်ယူရရေ ထမင်း
Burmese:
၁၊ သဒ္ဓါတရားမရှိပဲ မတတ်သာ၍သာ ကျွေးရ၊ စားရသော ထမင်း။ ၂၊ လူသေအတွက် ချက်ယူရသော ထမင်း
English:
knock
Grammar Note:
နာမ်
ခွပတာ
[kʰwptà]
Arakanese:
မသက်ဆိုင်သူတိ ရှောင်လေ၊ ဖယ်လီ၊ လွဲစီဟု ဟန့်တားမြစ်သနန့်။
Burmese:
မသက်ဆိုင်သူတွေ ရှောင်လေ၊ ဖယ်လေ၊ လွဲစေဟု ဟန့်တားမြစ်သဖြင့်။
English:
ကြိ
Grammar Note:
ကြိယာဝိသေသန
ခွပ်
[kʰwaʔ]
Arakanese:
(ကြက်၊ ငှက်အစဟိစွာရို့ တကောင်နှင့် တကောင် အတောင်ဖြင့် ပင်ဖြစ်ဖြစ်၊ နှုတ်သီးဖြင့် ပင်ဖြစ်ဖြစ် အနိုင်လု ပေါက်ဆိတ် ကတ်တေ။ မကြီးဖြူ ကြက်ခွပ်တမ်း ကစပ်တေ
Burmese:
(ကြက်၊ ငှက်စသည်တို့ တစ်ကောင်နှင့် တစ်ကောင် အတောင်ဖြင့် လည်းကောင်း၊ နှုတ်သီးဖြင့် လည်းကောင်း အနိုင်လု ပေါက်ဆိတ် ကြသည်။ မကြီးဖြူ ကြက်ခွပ်တမ်း ကစပ်တေ
English:
fight-squabble
Grammar Note:
ကြိယာ
ခွဖဲ
[kʰwpʰɛ]
Arakanese:
အပွင့်လေးပွင့်ပါရေ ဖဲချပ်
Burmese:
အပွင့်လေးပွင့်ပါသော ဖဲချပ်
English:
poker
Grammar Note:
နာမ်
ခွံဝါသျှေ
[kʰwံwàʃè]
Arakanese:
အခွံဝါသော ကောက်လတ် စပါးတမျိုး၏ အမည်
Burmese:
အခွံဝါသော ကောက်လတ် စပါးတစ်မျိုး၏ အမည်
English:
paddy
Grammar Note:
နာမ်
ခွီ
[kʰwí]
Arakanese:
၁၊ တွန့်လိပ်ရေ။ ၂၊ အဝိုင်းဖြစ်ယောင် လုပ်ရေ။ ၃၊ ကွေးဝိုက်၍ တည်ဟိရေ။ မြွီမားထဲမာ ခွီနိန်ရေ
Burmese:
၁၊ တွန့်လိပ်သည်။ ၂၊ အဝိုင်းဖြစ်အောင် လုပ်သည်။ ၃၊ ကွေးဝိုက်၍ တည်ရှိသည်။ မြွီတွင်းထဲ၌ ခွီနေသည်
English:
coil
Grammar Note:
ကြိယာ