Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,741–1,760 of 1,812 words

    ခ

    ခွီး

    [kʰwï]
    ၁၊ ကိုက်တတ်၊ ဟောင်တတ်၊ ရန်မူတတ်ရေ တိရိစ္ဆာန်မျိုး။ ၂၊ (ခွီးဟု) လူကိုနှိမ့်ချပနာ ပြောဆိုရေ စကားလုံး။ ဟိုလပျို၊ ခွီးကိုက်လို့ငို-ငို (တေး)
    ၁၊ ကိုက်တတ်၊ ဟောင်တတ်၊ ရန်မူတတ်သော တိရိစ္ဆာန်မျိုး။ ၂၊ (ခွီးဟု) လူကိုနှိမ့်ချ၍ ပြောဆိုသော စကားလုံး။ ဟိုလူပျို၊ ခွီးကိုက်လို့ငို-ငို (တေး)
    dog
    နာမ်

    ခွီ၂

    [kʰwí၂]
    (ထင်းကို) ရှာဖွီ သိမ်းဆည်းရေ။ ရှာငြားဖွီဖွီ၊ ထင်းရောင်းခွီ၍ (ကင်းမဟော်)
    (ထင်းကို) ရှာဖွေ သိမ်းဆည်းသည်။ ရှာငြားဖွီဖွီ၊ ထင်းရောင်းခွီ၍ (ကင်းမဟော်)
    gather firewood
    ကြိယာ

    ခွီး၂

    [kʰwï၂]
    မွီးညင်းပေါက်ရို့မှ ယိုထွက်လှာသော ရီကြိုင်။ တယောက်မာ ယပ်နှင့်ဝယ်၊ ပူသည်မြင်သော်၊ ခတ်ကာခတ်ကာနီ၏၊ ခွီးယို ထွေစီးကျကာ (ဗမာချီ)။ ကာယကိုယ်မာ၊ ထွက်ယိုစီးကေ၊ ခွီးစက်စက်နှင့် (ထာနု)
    မွေးညင်းပေါက်တို့မှ ယိုထွက်လာသော ရေကြည်။ တစ်ယောက်မှာ ယပ်နှင့်ဝယ်၊ ပူသည်မြင်သော်၊ ခတ်ကာခတ်ကာနီ၏၊ ခွီးယို ထွေစီးကျကာ (ဗမာချီ)။ ကာယကိုယ်မှာ၊ ထွက်ယိုစီးကေ၊ ခွီးစက်စက်နှင့် (ထာနု)
    sweat
    နာမ်

    ခွီ၃

    [kʰwí၃]
    ကျစ်လျစ် သိပ်သည်းစွာ သိုမှီး သိမ်းဆည်းရေ။ သားမယားကိုတောင် မပြော၊ ဝမ်းထဲမာ ခွီထားရေ‌
    ကျစ်လျစ် သိပ်သည်းစွာ သိုမှီး သိမ်းဆည်းသည်။ သားမယားကိုတောင် မပြော၊ ဝမ်းထဲမှာ ခွီထားရေ‌
    secret
    ကြိယာ

    ခွီ၄

    [kʰwí၄]
    ထုံး၊ အိုးမဲအစဟိစွာအနိန်နန့် အဖြူအမည်းအကွက် ထင်စီရေ။ ထုံးခွီ၊ အိုးမဲခွီတမ်း ကစပ်တေ
    ထုံး၊ အိုးမဲစသည်ဖြင့် အဖြူအမည်းအကွက် ထင်စေသည်။ ထုံးခွီ၊ အိုးမဲခွီတမ်း ကစားသည်
    be stained
    ကြိယာ

    ခွီ၅

    [kʰwí၅]
    သင်္ဘော၊ ရေယာဉ်အစဟိစွာရို့မာ အရီးကြီးလျှင် အသုံးပြုဖို့ တင်ဆောင် ယူလာရေ လောင်းငယ်။ တက်ကြသီးသီး၊ လောင်းသငယ်လေ၊ ခွီမာစီးကေ၊ ခတ်ပြီးသွားထွေ (ထာနု)
    သင်္ဘော၊ ရေယာဉ်စသည်တို့၌ အရေးကြီးလျှင် အသုံးပြုရန် တင်ဆောင် ယူလာသော လှေငယ်။ တက်ကြသီးသီး၊ လှေသငယ်လေ၊ ခွီမှာစီးကေ၊ ခတ်ပြီးသွားထွေ (ထာနု)
    lifeboat
    နာမ်

    ခွီးကတက်

    [kʰwïktɛʔ]
    အိမ်ဟိ ဖက်မာ အိမ်မ၏ ကြမ်းပြင်ထက်နိမ့်၍ ပြုလုပ်ထားရေ အဆင့်။ ဖိနပ်ချွတ်ခန်း
    အိမ်ရှေ့ ဘက်တွင် အိမ်မ၏ ကြမ်းပြင်ထက်နိမ့်၍ ပြုလုပ်ထားသော အဆင့်။ ဖိနပ်ချွတ်ခန်း
    doorstep
    နာမ်

    ခွီးကျကျ

    [kʰwït͡ɕt͡ɕ]
    ၁၊ အကျနာရေ။ ၂၊ ခွီးပိုင် ယုတ်ညံ့သိမ်ဖျင်း နစ်မွန်း ယုတ်လျော့ရေ။ အဆင့်အတန်း အစဟိစွာရို့ ဖြစ်သင့်ရေ့ စွာထက် လျော့နည်းလားရေ။ ကြောင်ကျမကျ၊ ခွီးကျကျရေ (ပုံ)
    ၁၊ အကျနာသည်။ ၂၊ ခွေးကဲ့သို့ ယုတ်ညံ့သိမ်ဖျင်း နစ်မွန်း ယုတ်လျော့သည်။ အဆင့်အတန်း စသည်တို့ ဖြစ်သင့်သည့် သည်ထက် လျော့နည်းသွားသည်။ ကြောင်ကျမကျ၊ ခွီးကျကျရေ (ပုံ)
    suffer a downfall
    ကြိယာ

    ခွီးကျင့်ကျင့်

    [kʰwït͡ɕɪ̀ɴ့t͡ɕɪ̀ɴ့]
    ၁၊ ယုတ်ညံ့သော အပြုအမူ။ ၂၊ လူမူရီးအားဖြင့် သင့်တင့်လျော်ကန်မူ မဟိရေ အပြုအမူမျိုး
    ၁၊ ယုတ်ညံ့သော အပြုအမူ။ ၂၊ လူမူရေးအားဖြင့် သင့်တင့်လျော်ကန်မူ မရှိသော အပြုအမူမျိုး
    Improper manner
    နာမ်

    ခွီးကျင့်ခွီးကြံ

    [kʰwït͡ɕɪ̀ɴ့kʰwït͡ɕံ]
    ၁၊ လူမဆန် ယုတ်ညံ့သော အကြံအစီမျိုး။ ၂၊ မဖွယ်မရာသော အလုပ်အကိုင်တိကို လုပ်ကိုင် ကြံစည်ခြင်းမျိုး
    ၁၊ လူမဆန် ယုတ်ညံ့သော အကြံအစီမျိုး။ ၂၊ မဖွယ်မရာသော အလုပ်အကိုင်များကို လုပ်ကိုင် ကြံစည်ခြင်းမျိုး
    Improper manner
    နာမ်

    ခွီးကျော်ကြောင်ကျော်

    [kʰwït͡ɕɔ̀t͡ɕàʊɴt͡ɕɔ̀]
    လူများထံ အနှိမ်ခံရရေ ဘဝ။ ၂၊ ဖိစီး နှိပ်စက်ခံရရေ၏ အဖြစ်
    သူတစ်ပါးထံ အနှိမ်ခံရသော ဘဝ။ ၂၊ ဖိစီး နှိပ်စက်ခံရသည်၏ အဖြစ်
    persecute-torment
    နာမ်

    ခွီးခနင်း

    [kʰwïkʰnɪ́ɴ]
    ခွီး၏ ပစ။ ခံမား
    ခွေး၏ ပါးစပ်။ ခံတွင်း
    dog’s mouth
    နာမ်

    ခွီးချီးပင်နာ

    [kʰwïɕïpɪ̀ɴnà]
    လိုင်ခြောင်းမှ တကူကူမြည်ပြီး သလိပ်ဆို့ပိတ်ကာ အသက်ရှူကျပ်သော ခြောင်းဆိုးနာ တမျိုး
    လည်ချောင်းမှ တကူကူမြည်ပြီး သလိပ်ဆို့ပိတ်ကာ အသက်ရှူကျပ်သော ချောင်းဆိုးနာ တစ်မျိုး
    cough
    နာမ်

    ခွီးချီးမှို

    [kʰwïɕïm̥Ò]
    ပိုက်ကွန်၏ အကွက်၊ ဇာပေါက်ပိုင် အပေါက်ကွက်ပါရေ မှိုတမျိုး။ ယင်းမှိုကို မှိုနာပေါက်ရာမာ မှိုဆီးအဖြစ် အသုံးပြုသည်
    ပိုက်ကွန်၏ အကွက်၊ ဇာပေါက်ကဲ့သို့ အပေါက်ကွက်ပါသော မှိုတစ်မျိုး။ ယင်းမှိုကို မှိုနာပေါက်ရာတွင် မှိုဆေးအဖြစ် အသုံးပြုသည်
    mould
    နာမ်

    ခွီးချီးဟင်းခနွယ်

    [kʰwïɕïhɪ́ɴkʰnwɛ̀]
    ဟင်းချက်စားသည့် ဟင်းနုနယ်ပင် တမျိုး
    ဟင်းချက်စားသည့် ဟင်းနုနယ်ပင် တစ်မျိုး
    species of amaranth
    နာမ်

    ခွီးခြီထောက်

    [kʰwïkʰɹìtʰɔ́ɛʔ]
    အခြီ လေးချောင်းတပ် ထိုင်စရာခုံ တမျိုး
    အခြေ လေးချောင်းတပ် ထိုင်စရာခုံ တစ်မျိုး
    chair
    နာမ်

    ခွီခွီပြတ်

    [kʰwíkʰwípɹaʔ]
    (အသည်းကိုအပ်နှင့် ဆွပိုင်) အလွန်နာကျည်းသော
    (အသည်းကိုအပ်နှင့် ဆွသကဲ့သို့) အလွန်နာကျည်းသော
    rankle
    နာမဝိသေသန

    ခွီခွီသီ

    [kʰwíkʰwíθí]
    ကွေးဝိုက်၍၊ ခွေ၍သီရေ။ မြွီပိုင် ခွီ၍ သေနိန်ရေ
    ကွေးဝိုက်၍၊ ခွေ၍သေသည်။ မြွေကဲ့သို့ ခွီ၍ သေနေသည်
    coil
    ကြိယာ

    ခွီခွီသီ၂

    [kʰwíkʰwíθí၂]
    ခြေ၊ လက် အင်အား ယုတ်လျော့ပနာ နွမ်းလျခွေယိုင်သောအနိန်နန့်
    ခြေ၊ လက် အင်အား ယုတ်လျော့၍ နွမ်းလျခွေယိုင်သော အားဖြင့်
    totter
    ကြိယာဝိသေသန

    ခွီးစားဝက်စား

    [kʰwïsáwɛʔsá]
    (ငတ်မွတ်နိန်ရေ ခွီး၊ ဝက်သည်) ငမ်းငမ်းတက် (စားပိုင်)
    (ငတ်မွတ်နေသော ခွေး၊ ဝက်သည်) ငမ်းငမ်းတက် (စားသကဲ့သို့)
    with ardor
    ကြိယာဝိသေသန